သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီယားမှာ ဓါတုလက်နက်ကြောင့် လူ ၅၈ ဦးသေဆုံး


 လေကြောင်း တိုက်ခိုက်မှုကြောင့် မီးလောင်နေသော အဆောက်အအုံကို ဆီးရီးယား White Helmets မှ မီးငြိမ်းနေ
လေကြောင်း တိုက်ခိုက်မှုကြောင့် မီးလောင်နေသော အဆောက်အအုံကို ဆီးရီးယား White Helmets မှ မီးငြိမ်းနေ

ဆီရီးယားနိုင်ငံမှာ ဓာတုဓာတ်ငွေ့နဲ့လို့ သံသယရှိထားတဲ့ တိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် အနည်းဆုံး လူပေါင်း ၃၅ ဦးသေဆုံးပြီး၊ နောက်ထပ် ဒါဇင်တွေနဲ့ချီ ဒဏ်ရာတွေရခဲ့ပါတယ်။

ဆီရီးယားနိုင်ငံမြောက်ပိုင်းမှာ ဒီနေ့ဖြစ်ခဲ့တဲ့ ဓာတုဗုံးတွေလို့ ယူဆနိုင်တဲ့ လေကြောင်း တိုက်ခိုက်မှုထဲ သေဆုံးရသူတွေထဲမှာ ကလေးငယ် အနည်းဆုံး ၉ ဦး ပါသွားတယ်လို့ ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။

ဒီလူ့အခွင့်အရေးအဖွဲ့က ဆက်ပြီး နိုင်ငံမြောက်ပိုင်း Idlib ပြည်နယ်က Khan Sheikhoun မြို.မှာဖြစ်တဲ့ ဒီ တိုက်ခိုက်မှုကြောင့် လူတွေ အသက်ရှုကြပ်လာတာ၊ မွန်းပြီး အသက်ရှုမရတာ၊ အံတာနဲ့ ပါးစပ်က အမြုပ်တွေထွက်လာတာတွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီ ဓာတုဗုံးလို့ ယူဆရာတာတွေကို ရုရှားတိုက်လေယာဉ်တွေ ကြဲခဲ့တာလား၊ ဆီရီးယား အစိုးရ တိုက်လေယာဉ်တွေက ချခဲ့တာလား ဆိုတာတော့ မသေချာသေးဘူးလို့ ဒီ ဆီရီးယား လူ့အခွင့်အရေးအဖွဲ့က ဆိုပါတယ်။

ဆီရီးယား သမ္မတ ဘတ်ရှာအယ်အာဆတ်ကို ၂၀၀၁ ခုနှစ်ကထဲက စတင် တိုက်ခိုက်လာတဲ့ သူပုန်တွေအနေနဲ့ ဒီတိုက်ခိုက်မှုဖြစ်ခဲ့တဲ့ Idlib ပြည်နယ်ကို ထိန်းချုပ်ထားပါတယ်။

ဒီ နှစ်ရှည်ကြာ ဆီရီးယား ပြည်တွင်းစစ်အတွင်း လူပေါင်း ၄ သိန်းကျော် သေဆုံးခဲ့ ရပြီး၊ နောက်ထပ်လူပေါင်း သန်းတွေနဲ့ချီဟာလဲ သူတို့နေအိမ်တွေကို စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

ဆီရီးယား အစိုးရအနေနဲ့ ခုလိုဓာတုလက်နက်တွေသုံးပြီး အရပ်သားတွေကို တိုက်ခိုက်လာနေခဲ့တယ်လို့ စွပ်စွဲမှုတွေရှိလာခဲ့ပေမဲ့ အစိုးရဘက်ကတော့ ဆက်လက် ငြင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG