သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓာတုလက်နက်တွေ ဆီးရီးယား သုံးနေသလား


ဆီးရီးယားအစိုးရဟာ သူပုန်တပ်ဖွဲ့တွေအပေါ် ဓာတုလက်နက်တွေ အသုံးပြု ခဲ့တယ် ဆိုတဲ့ သက်သေအထောက်အထားတွေ တဖြည်းဖြည်း များလာနေ တယ်လို့ ဗြိတိသျှဝန်ကြီးချုပ် David Cameron က ပြောကြားလိုက်ပါတယ်။ ဒါဟာ အမေရိကန် ထောက်လှမ်းရေး အေဂျင်စီတွေ ပြောဆိုနေတာတွေကို တနည်းအားဖြင့် ထောက်ခံပေးလိုက်သလို ဖြစ်ပါတယ်။

အခုတွေ့ရတဲ့ သက်သေ အထောက်အထားတွေဟာ အင်မတန် စိုးရိမ် စရာကောင်းကြောင်း ဝန်ကြီးချုပ် Cameron က သောကြာနေ့ မှာ ပြောပါတယ်။ ဒါဟာ စစ်ရာဇဝန်မှုဖြစ်တယ်ဆိုတာ နိုင်ငံတကာ အသိုင်းဝိုင်း အနေနဲ့ စည်းခြား သတ်မှတ်ဖို့ ပြသလိုက်တာပဲလို့လည်း ဝန်ကြီးချုပ် ကဲမ်ရွန်းက ပြောပါတယ်။

သမ္မတ Bashar al-Assad အစိုးရ ဖြုတ်ချနိုင်ရေး တိုက်ပွဲဝင်နေကြတဲ့ သူပုန် တပ်ဖွဲ့တွေအပေါ် ဆီးရီးယားအစိုးရက ဓါတု လက်နက်တွေ အသုံးပြုနေတယ်လို့ အမေရိကန် ထောက်လှမ်းရေး အေဂျင်စီတွေက ယုံကြည်ထားကြောင်း အမေရိကန် သမ္မတ အိမ်ဖြူတော်က ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် အခုတွေ့ရှိထားတဲ့ အထောက်အထားတွေက ဆီးရီးယား အရေးကိစ္စနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရရဲ့ မူဝါဒကို ပြောင်းလဲဖို့အထိတော့ မဖြစ်နိုင်သေး ဘူးလို့ ဆိုပါတယ်။ အမေရိကန်လွှတ်တော်အမတ်တချို့ကတော့ အမေရိကန် အနေနဲ့ ဒီကိစ္စမှာ စစ်ရေးအရ ပါဝင် စွက်ဖက်ဖို့ လိုလားကြောင်း ပြော ဆိုနေကြ ပါတယ်။

၂၀၀၁ ခုနှစ် မတ်လမှာ စတင်ခဲ့တဲ့ ဒီဆီးရီးယား ပဋိပက္ခကြောင့် အနဲဆုံး လူပေါင်း ၇ သောင်းလောက် သေဆုံးခဲ့ရပြီးလည်း ဖြစ်ပါတယ်။
XS
SM
MD
LG