သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားတနိုင်ငံလုံးအပစ်ရပ်မှု သောကြာနေ့ စမည်


ဆီးရီးယားတနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို အစိုးရတပ်ဖွဲ့တွေ သောကြာနေ့မှာ စတင်လိုက်နာမယ်လို့ ဆီးရီးယားက ကြေညာ ပါတယ်။ အရင်ကရဖူးတဲ့ အပစ်ရပ်သဘောတူညီချက်တွေလိုပဲ အခုသဘောတူညီချက်မှာလည်း ဆီးရီးယားစစ်တပ်နဲ့ သူပုန်အုပ်စု တွေပဲ အကျူံးဝင်ပြီး IS အစွန်းရောက်လို စစ်သွေးကြွအုပ်စုတွေ မပါပါဘူး။

ဆီးရီးယားသမ္မတ ဘာရှာ အယ်လ်-အာဆဒ်ကိုထောက်ခံတဲ့ ရုရှားနဲ့ သူပုန်အုပ်စုတွေကို ထောက်ခံတဲ့ တူရကီနိုင်ငံတို့ကလည်း ဒီ အပစ်အခတ်ရပ်စဲရေးကို သူတို့လိုက်နာမယ်လို့ ကတိပြုကြပါတယ်။

ဒီကိစ္စအတွက် ရုရှားနဲ့ တူရကီနိုင်ငံတို့ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း အပြင်းအထန် စေ့စပ်ညှိနှိုင်းခဲ့ကြတာပါ။ ဒီလအစောပိုင်း တုန်းကလည်း အပစ်အခတ်ရပ်စဲရေးနဲ့ အာလက်ပိုမြို့က ဒုက္ခသည်တွေနဲ့ သူပုန်တွေကို ရွှေ့ပြောင်းကယ်ထုတ်ရေးအတွက် သဘောတူညီချက်တရပ်ကို ရုရှားနဲ့တူရကီက ကြားဝင်စေ့စပ်ပေးခဲ့ပါသေးတယ်။

တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu ဟာလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နဲ့ ဒီသီတင်းပတ်အတွင်း နှစ်ကြိမ် ဖုန်းဆက်စကားပြောခဲ့တယ်လို့ တူရကီနိုင်ငံခြားရေးဌာနက ပြောပါတယ်။

ဆီးရီးယားပြည်တွင်းစစ်မှာ ရုရှားနဲ့တူရကီတို့က တဘက်စီကို ထောက်ခံနေကြပေမယ့်လည်း ပဋိပက္ခကိုဖြေရှင်းရေးမှာ တနိုင်ငံစီ ရဲ့အရေးပါမှုကို နှစ်ဘက်စလုံးက အသိအမှတ်ပြုလာကြပြီလို့ လေ့လာသူတွေက ပြောပါတယ်။

ဆီးရီးယားတနိုင်ငံလုံးအပစ်ရပ်မှု သောကြာနေ့ စမည်
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG