သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်ဖို့ တောင်းဆိုထားတဲ့ ဆီးရီးယားမှာ တိုက်ပွဲဆက်ဖြစ်


ဆီးရီးယား အရှေ့ပိုင်း Ghouta ဒေသကို ကယ်ဆယ်ကူညီရေးနဲ့ ဆေးဝန်ထမ်းတွေသွားနိုင်အောင် ရက်ပေါင်း ၃၀ အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ ကုလသမဂ္ဂက တောင်းဆိုနေတဲ့ ကြားကပဲ တနင်္ဂနွေနေ့က Damascus မြို့တော်နားမှာ နောက်ထပ်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

Damascus မြို့ပြင်မှာ ဖြစ်တဲ့ တိုက်ပွဲကြောင့် သေဆုံးသူ ၉ ဦးရှိပြီး ၃၁ ဦးဒဏ်ရာရခဲ့တဲ့အတွက် ပြီးခဲ့တဲ သီတင်းပတ်အတွင်း တိုက်ပွဲတွေကြောင့် သေဆုံးသူ စုစုပေါင်း ၅၀၀ ကျော်သွားပြီလို့ ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောပါတယ်။

တိုက်ပွဲက သိပ်ပြင်းထန်ပုံမရပေမယ့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက တလကြာ အပစ်ရပ်ရေးအတွက် တခဲနက် အတည်ပြုလိုက်ပြီး မကြာခင် ဖြစ်တာပါ။

Damascus ရဲ့ အရှေ့ပိုင်း Ghouta အရပ်ထဲ အစိုးရတပ်တွေ ထိုးဝင်ခဲ့တယ်လို့ နိုင်ငံံပိုင်သတင်းဌာနက ပြောပေမယ့် အတိုက်အခံတပ်တွေက အဲဒါ မဟုတ်ဘူးလို့ ငြင်းပါတယ်။

တက်ကြွလှုပ်ရှားသူတွေရဲ့ Ghouta သတင်းဌာနကတော့ ဆီးရီးယားတပ်တွေကို AI အစ္စလာမ်သူပုန်တပ်ဖွဲ့က တားဆီးခဲ့တာဖြစ်ပြီး စစ်သားအများအပြားကို သတ်ဖြတ်ခဲ့တယ်လို့ ပြောပါတယ်။ ဒါ့အပြင် အာဏာရှင် Assad နဲ့ မဟာမိတ်တွေဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို မလေးစားဘဲ ကောင်စီက ဆုံးဖြတ်ချက်ချပြီး နာရီပိုင်းအတွင်းမှာပဲ Ghouta ကို ဝိုင်းပြီး နေရာပေါင်းစုံကနေ အပြင်းထန်ဆုံး ထိုးစစ်တွေဆင်ခဲ့တယ်လို့ Ghouta အခြေစိုက်တက်ကြွလှုပ်ရှားသူ Ahmad Khanshour ကပြောပါတယ်။

အစိုးရသတင်းဌာနကတော့ သူပုန်တွေက အပစ်ရပ်စာချုပ်ကို ချိုးဖောက်ပြီး အစိုးရတပ်ထိမ်းချုပ်ထားတဲ့ နေရာတွေကို အမြောက်နဲ့ ၁၅ ချက် ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

အပစ်ရပ်ဖို့ တောင်းဆိုထားတဲ့ ဆီးရီးယားမှာ တိုက်ပွဲဆက်ဖြစ်
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG