သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား အရေးပေါ်အပစ်ရပ်ဖို့ ကုလကြိုးပမ်း


ဆီးရီးယား အရှေ့ပိုင်း Ghouta ဒေသက တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ ဒေသခံ ၄ သိန်းကို အကူညီပေးနိုင်ဖို့ ဆီးရီးယား နိုင်ငံတလွှား ရက်ပေါင်း ၃၀ အမြန် အပစ်အခတ် ရပ်စဲပေးရေးအတွက် လုံခြုံရေးကောင်စီရဲ့ ခွင့်ပြုချက်ရဖို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် António Guterres ကကြိုးစားနေပါတယ်။

အဲဒီဒေသခံတွေဟာ လောကငရဲခံရသလို နေကြရကြောင်းနဲ့ အချိန်ထပ်ဆွဲလို့ မဖြစ်တော့ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

မြောက်ပိုင်းသူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒီဒေသကို ၂၀၁၃ ခုနှစ်ကစပြီး အစိုးရလိုလားတဲ့ တပ်တွေက သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။ လူသားချင်းစာနာမှု အကူညီတွေ ပေးနိုင်အောင် အရှေ့ပိုင်း Ghouta ဒေသတွင်း တိုက်ပွဲတွေအားလုံးကို ချက်ချင်း ရပ်ဆိုင်းထားဖို့လည်း အတွင်းရေးမှုးချုပ်က ပန်ကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းကတော့ ရုရှားနဲ့ အီရန်အပြင် တူရကီတွေရဲ့ ထောက်ခံမှုနဲ့ ဆီးရီးယား သမ္မတ Bashar al-Assad ရဲ့ သဘောတူညီချက်အရ အဲဒီဒေသဟာ တိုက်ပွဲအရှိန်လျှော့ချတဲ့ ဇုံ ၄ ခုထဲမှာ တခုအဖြစ် ပါဝင်ခဲ့တာပါ။

ဒါပေမယ့် ဆီးရီးယား တပ်တွေနဲ့ သူ့မဟာမိတ်တပ်တွေက အဲဒီဒေသကို ပြန်သိမ်းဖို့ စစ်ဆင်ရေးတွေ လုပ်တဲ့ ပုံတွေ့လာရပြီး မကြာခင်ကမှာ တိုက်ပွဲတွေ တိုးလာတာ ဖြစ်ပါတယ်။

တိုက်ပွဲတွေ ရပ်ဆိုင်းထားဖို့ ကုလသမဂ္ဂရဲ့ တောင်းဆိုမှုကို အကောင်ထည် ဖေါ်နိုင်မယ့် ဆုံးဖြတ်ချက် မူကြမ်းရေးဆွဲဖို့ လက်ရှိမှာ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံက ဆွေးနွေးနေကြပါတယ်။

ကောင်စီအဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဆွီဒင်နဲ့ ကူဝိတ်တို့က မူကြမ်းတင်သွင်းဖို့ ရေးဆွဲနေကြပြီး ကြာသပတေးနေ့လောက်မှာ တင်သွင်းဖို့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG