သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီယားမြို့လည်က တိုက်ခိုက်မှု ၈ ဦးထက်မနည်းသေဆုံး


ဆီးရီယားမြို့လည် Tahrir ရင်ပြင်က တိုက်ခိုက်မှု (ဇူလိုင် ၂-၂၀၁၇)
ဆီးရီယားမြို့လည် Tahrir ရင်ပြင်က တိုက်ခိုက်မှု (ဇူလိုင် ၂-၂၀၁၇)

ဆီးရီးယား နိုင်ငံ မြို့တော် ဒမတ်စကတ် မြို့လည်က Tahrir ရင်ပြင်မှာ အသေခံ ဗုံးခွဲသမားက ကားထဲကနေ ဖောက်ခွဲတိုက်ခိုက်တာကြောင့် အနည်းဆုံး ၈ ဦး သေဆုံးပြီး တဒါဇင်ကျော် ဒဏ်ရာရတယ်လို့ ဆီးရီးယား နိုင်ငံပိုင် ရုပ်သံကနေ သတင်းထုတ်လွှင့်ပါတယ်။

ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကတော့ သေဆုံးသူ ၁၂ ဦးထိ ရှိတယ်လို့ ပြောဆိုပါတယ်။ ကားဗုံးခွဲသမား ၃ ဦးကို ဆီးရီးယား လုံခြုံရေး တပ်ဖွဲ့က လိုက်ဖမ်းခဲ့ပြီး ဒီထဲက ၂ စင်းကိုတော့ တိုက်ခိုက်မှု မလုပ်နိုင်ခင် မြို့အဝင်မှာ ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆီးရီးယား လုံခြုံရေး တပ်ဖွဲ့က ပြောပါတယ်။

လေဆိပ်ကို သွားရာ လမ်းတလျှောက်မှာ အနည်းဆုံး ကားနှစ်စင်းလောက် မီးလောင်နေတဲ့ပုံတွေနဲ့ တခြား အပျက်အစီးတွေကို နိုင်ငံပိုင် ရုပ်သံကနေ ပြသခဲ့ပါတယ်။ တတိယမြောက် ကားသမားကတော့ အာဏာပိုင်တို့ကို ကနဦး ရှောင်ပြေးခဲ့ပြီးနောက် Tahrir ရင်ပြင်မှာ အာဏာပိုင်တွေ အဝိုင်းခံရချိန်မှာ အသေခံ ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။

ဆီးရီယားမြို့လည်က တိုက်ခိုက်မှု ၈ ဦးထက်မနည်းသေဆုံး
please wait

No media source currently available

0:00 0:00:46 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG