သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ဝေဟင်မှာ ထိပ်တိုက်မတွေ့ရေး ကန်-ရုရှား ပြန်ညှိ


အမေရိကန် တိုက်လေယာဉ်များ ဆီးရီးယား လေကြောင်းပိုင်နက်အတွင်း ပျံသန်းနေစဉ်။
အမေရိကန် တိုက်လေယာဉ်များ ဆီးရီးယား လေကြောင်းပိုင်နက်အတွင်း ပျံသန်းနေစဉ်။

ဆီးရီးယားနိုင်ငံအပေါ်မှာ ပျံသန်းနေတဲ့ အမေရိကန်နဲ့ ရုရှားနိုင်ငံတို့က စစ်လေယာဉ်တွေ ဝေဟင်မှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ မဖြစ်ရေးအတွက် ရည်ရွယ် လုပ်ဆောင်ထားတဲ့ သဘောတူညီချက်ကို ပြန်လည် အသက်သွင်းဖို့ သဘော တူလိုက်ပြီဖြစ်ကြောင်း ထိပ်တန်း အမေရိကန်နဲ့ ရုရှား စစ်ဘက် အရာရှိတွေ က ပြောပါတယ်။

အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး Joseph Dunford နဲ့ ရုရှား ဗိုလ်ချုပ်ကြီး Valery Gerasimov တို့ ၂ ဦး တယ်လီဖုန်းနဲ့ ဆက်သွယ် ပြောကြားရာမှာ - ၂၀၁၅ ခုနှစ်က စတင်ခဲ့ပြီး မနှစ်က တနှစ်လုံးနီးပါး အသုံးပြုခဲ့တဲ့ ဆီးရီးယား လေကြောင်း ပိုင်နက် အသုံးပြုရေးဆိုင်ရာ ၂ နိုင်ငံအကြားက ရရှိထားတဲ့ သဘောတူညီချက်ကို အပြည့်အ၀ ပြန်လည် အသက်သွင်းဖို့ သဘော တူခဲ့ကြတာ ဖြစ်ကြောင်း ဝါရှင်တန် နဲ့ မော်စကိုမြို့တို့က စနေနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဆီးရီးယားနိုင်ငံအတွင်း အစိုးရနဲ့ တော်လှန်ရေး သူပုန် အဖွဲ့တွေ အကြား ဖြစ်ပေါ်နေတဲ့ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကို အရှိလျော့ချရေး ရုရှားနိုင်ငံရဲ့ အဆိုပြုချက်ကို Kazakhstan နိုင်ငံ၊ Astana မှာ ရုရှား၊ တူရကီနဲ့ အီရန်နိုင်ငံတို့အကြား မကြာသေးခင်က ရရှိခဲ့တဲ့ သဘော တူညီချက်ကို ဆွေးနွေးသွားဖို့အတွက်လည်း ဗိုလ်ချုပ်ကြီး ၂ ဦးက သဘောတူခဲ့ကြပါတယ်။

Kazakhstan နိုင်ငံက ဆွေးနွေးပွဲကို အမေရိကန်က ကိုယ်စားလှယ်အဖွဲ့ စေလွတ် ခဲ့ပေမယ့်လည်း အီရန် ပါနေတဲ့ အဲဒီ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့ခြင်း မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG