သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားကို အမေရိကန်ထပ်မတိုက်ဖို့၊ ရုရှား၊ ဆီးရီးယားနဲ့ အီရန်သတိပေး


ဆီးရီးယားကို အမေရိကန် ဒုံးကျည်ပစ်လွှတ်၊ ၁၇ ဧပြီ ၂၀၁၇
ဆီးရီးယားကို အမေရိကန် ဒုံးကျည်ပစ်လွှတ်၊ ၁၇ ဧပြီ ၂၀၁၇

အမေရိကန်အနေနဲ့ ဆီးရီးယားနိုင်ငံကို နောက်ထပ်တိုက်ခိုက်မှုတွေမလုပ်ဖို့ ရုရှား၊ ဆီးရီးယား နဲ့ အီရန်နိုင်ငံတွေက သတိပေးလိုက်ပါတယ်။ ဒါ့အပြင် ဆီးရီးယားနိုင်ငံက ဓါတုလက်နက်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာစုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ အဲဒီ ၃ နိုင်ငံက တောင်းဆိုလိုက် ပါတယ်။

ရုရှား၊ ဆီးရီးယား နဲ့ အီရန် နိုင်ငံခြားရေးဝန်ကြီးတွေဟာ မော်စကိုမြို့မှာ သောကြာနေ့က တွေ့ဆုံခဲ့ကြပြီး၊ ဆီးရီးယားနိုင်ငံမှာ အမေရိကန်ဘက်က နောက်ထပ်ထပ်ပြီး ကိုယ့်သဘောနဲ့ကိုယ်တဘက်သတ်လုပ်ဆောင်မယ်ဆိုရင် စိုးရိမ်စရာကောင်းတဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရမှာဖြစ်သလို၊ ကမ္ဘာကြီးကိုလည်း ခြိမ်းခြောက်အန္တရာယ်ပြုနေတယ်လို့ ပြောလိုက်ပါတယ်။

ဆီးရီးယားအစိုးရ ဓါတုလက်နက်နဲ့ တိုက်ခိုက်ပြီးနောက် အမေရိကန်ဘက် ဆီးရီးယားနိုင်ငံရဲ့ အယ်လ်ရှာရတ် လေတပ်အခြေစိုက်စခန်းကို ပြီးခဲ့တဲ့ သောကြာနေ့က Tomahawks ဒုံးကျည် ၅၉ စင်း နဲ့ တိုက်ခိုက်ခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံ Khan Sheikhoun မြို့မှာ လူ ၈၀ ကျော်သေဆုံးတဲ့ ဓါတုလက်နက်နဲ့ တိုက်ခိုက်မှုနားက အခြေအနေတွေဟာ သိပ်ပြီးတော့ ရှင်းရှင်းလင်းလင်းမရှိဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ပြောပါတယ်။ ဒါ့အပြင် ဓါတုလက်နက်တွေကို စောင့်ကြည့်နေတဲ့ ဓါတုလက်နက်အသုံးပြုမှုတားဆီးရေးအဖွဲ့ကိုလည်း အဲဒီနေရာကို ကျွမ်းကျင်သူတွေ စေလွှတ်ပြီး မစုံစမ်းခဲ့တဲ့အပေါ်မှာ သူကဝေဖန်လိုက်ပါတယ်။ ဒီတိုက်ခိုက်မှုကို ဆီးရီးယားသမ္မတ ဘရှားအယ်လ်အာဆတ်အစိုးရက နောက်ကနေ ကြိုးကိုင်ဆောင်ရွက်နေတယ်ဆိုပြီး အနောက်နိုင်ငံတွေရဲ့ စွပ်စွဲချက်ကိုလည်း ရုရှားကလက်မခံဘဲ ပယ်ချလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG