သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအစိုးရကိုထောက်ခံမှု စွန့်လွှတ်ဖို့ ရုရှားကို ကန်တိုက်တွန်း


ပြီးခဲ့တဲ့ သတင်းပတ်က ဓာတု လက်နက်အသုံးပြု တိုက်ခိုက်ခဲ့ပြီးနောက်မှာတော့ ဆီးရီးယား သမ္မတ Bashar al-Assad အပေါ် ထောက်ခံထားမှုကို ရုရှားတို့ စွန့်လွှတ်ဖို့ မျှော်လင့်ပါတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson က ပြောဆိုလိုက်ပါတယ်။

Assad မိသားစု အုပ်ချုပ်မှု အဆုံးသတ်ရမယ်ဆိုတာက ကျနော်တို့ အားလုံ အတွက် ရှင်းရှင်းလင်းလင်း ရှိနေပါပြီလို့ နိုင်ငံခြားရေး ဝန်ကြီး Tillerson က စက်မှုထိပ်သီး ၇ နိုင်ငံရဲ့ G-7 နိုင်ငံခြားရေး ဝန်ကြီးများ ညီလာခံ တက်နေတဲ့ အီတလီနိုင်ငံမှာ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ရုရှား အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ရုရှားနိုင်ငံ မော်စကိုမြို့တော်ကို မသွားခင် နိုင်ငံခြားရေး ဝန်ကြီး Tillerson က G-7 ညီလာခံကို တက်ရောက်နေတာ ဖြစ်ပါတယ်။ အီတလီက G-7 ညီလာခံ ပြင်ပမှာတော့ ဂျော်ဒန်၊ ကာတာ၊ ဆော်ဒီအာရေဗျ၊ တူရကီနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု တို့က နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ တွေ့ဆုံပြီး ပြီးခဲ့တဲ့ သတင်းပတ် ဆီးရီးယား ဓာတုလက်နက်နဲ့ တိုက်ခိုက်မှု အပေါ် အမေရိကန်ရဲ့ တုံ့ပြန်မှုနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ဆွေးနွေးခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ သီးသန့်တွေ့ဆုံ အပြီးမှာတော့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး Boris Johnson က ဆီးရီးယား လေတပ် အခြေစိုက် စခန်းကို အမေရိကန်တို့ ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့ပြီးနောက်မှာတော့ အခြေအနေတွေ ပြောင်းလဲ သွားခဲ့ပြီလို့ ပြောဆို ပါတယ်။ ဆီးရီးယား အစိုးရစစ်ခေါင်းဆောင်ဆောင်တွေ အပါဝင် ဆီးရီးယားကို ကူညီနေတဲ့ ရုရှားစစ်အရာရှိတွေကိုပါ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချမှတ်ရေး မဟာမိတ်နိုင်ငံတွေကြား ဆွေးနွေးသွားဖို့ရှိတယ်လို့ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး Johnson က ပြောပါတယ်။

XS
SM
MD
LG