သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Bashar al-Assad ကို မထောက်ခံဖို့ ရုရှားကို ကန်ဝန်ကြီးတိုက်တွန်းမည်


အမေရိကန် Tomahawk ဒုံးကျည် ပစ်ခတ်မှုခံရသည့် ဆီးရီးယားနိုင်ငံ Homs မြို့လေတပ်စခန်း
အမေရိကန် Tomahawk ဒုံးကျည် ပစ်ခတ်မှုခံရသည့် ဆီးရီးယားနိုင်ငံ Homs မြို့လေတပ်စခန်း

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ ဧပြီလ ၁၂ ရက်နေ့မှာ ရုရှားနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ ဆီးရီးယား အစိုးရက ဓါတုလက်နက်တွေနဲ့ အရပ်သားတွေကို ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အပေါ် လက်တုန့်ပြန်တဲ့အနေနဲ့ အမေရိကန်က ဆီးရီးယား လေတပ် အခြေစိုက်စခန်းကို ဗုံးကျဲ တိုက်ခိုက်ပြီး ရက်ပိုင်းအကြာမှာ သွားရောက်တာလည်း ဖြစ်ပါတယ်။

ရုရှားနိုင်ငံက Bashar al-Assad အစိုးရကို ဆက်လက် ထောက်ပံ့ပေးနေတဲ့ကိစ္စကို ပြန် စဉ်စားဖို့ Tillerson က ပြောကြားသွားမယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

ဧပြီလ ၉ ရက်ကနေ ၁၁ ရက်နေ့အထိ အီတလီနိုင်ငံမှာ ကျင်းပမယ့် G-7 စက်မှု ထိပ်သီးနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ စည်းဝေးပွဲကနေ ဗုဒ္ဓဟူးနေ့မှာ ရုရှားနိုင်ငံ၊ မော်စကိုမြို့ကို ဝန်ကြီး Tillerson ခရီးဆက်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

အမေရိကန်က ဆီးရီးယား လေတပ်အခြေစိုက်စခန်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဝန်ကြီး Tillerson ရဲ့ ခရီးစဉ် ဖျက်ပစ်လိုက်တာ၊ ရက်ရွှေ့ဆိုင်းတာတွေ လုပ်ခဲ့ခြင်းရှိမရှိ ဗွီအိုအေက မေးတာကိုတော့ အမေရိကန်နိုင်ငံခြားရေးဌာနက တစုံတရာ တုန့်ပြန်ခြင်း မရှိပါဘူး။

အမေရိကန်က ဆီးရီးယားကို တိုက်ခိုက်လိုက်တဲ့အတွက် အမေရိကန်-ရုရှား ဆက်ဆံရေး ကို ကြီးမားစွာ ထိခိုက်သွားစေသလို အဲဒီ တိုက်ခိုက်မှုဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ပြီး လုပ်ဆောင်တဲ့ တိုက်ခိုက်မှုဖြစ်တယ်လို့ ရုရှားသမ္မတ Vladimir Putin က ပြောကြောင်း ရုရှားအစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

Bashar al-Assad ကို မထောက်ခံဖို့ ရုရှားကို ကန်ဝန်ကြီးတိုက်တွန်းမည်
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG