သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်ကျင်းပဖို့ ကုလလိုလား


ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ဝင်များအား Raqqa မြို့တွင် တွေ့ရစဉ်။
ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ဝင်များအား Raqqa မြို့တွင် တွေ့ရစဉ်။

ဆီးရီးယားက မတူညီတဲ့ အဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုကို လာမယ့် ဇူလိုင်လ ၁၀ ရက်နေ့မှာ ပြန်လည် ကျင်းပလိုကြောင်း ကုလသမဂ္ဂ ဆီးရီးယား စေ့စပ်ညှိနှိုင်းရေးမှူး Staffan de Mistura က စနေနေ့မှာ ပြောကြားလိုက်ပါတယ်။

သမ္မတ Bashar al-Assad အစိုးရနဲ့ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ အကြား ကုလသမဂ္ဂက ကြားဝင်ဆောင်ရွက်ပေးနေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ မနှစ်က ပြန်လည် စတင်ခဲ့ပြီးတဲ့နောက် တိုးတက်မှု အနည်းငယ်သာ ရှိခဲ့တာပါတယ်။

ဒီအတောအတွင်း ဆီးရီးယားနိုင်ငံတောင်ပိုင်းမှာ အစိုးရ တပ်ဖွဲ့ဘက်က ၄၈ နာရီ အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့တဲ့အပေါ် အမေရိကန်ပြည်ထောင်စုက ထောက်ခံကြောင်း ပြောကြားလိုက်ပြီး အကျိုးသက်ရောက်မှု ရှိမရှိ မပြောဆိုခင် အခြေအနေကို အရင် စောင့်ကြည့်ဦးမယ်လို့ ပြောကြားလိုက်ပါတယ်။

ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်တွေကို ထောက်ခံတဲ့အနေနဲ့ တိုင်းပြည်တောင်ပိုင်း Deraa မြို့မှာ ၄၈ နာရီ အပစ်အခတ် ရပ်စဲမယ့်အကြောင်း ဆီးရီးယား အစိုးရက စစ်တပ်က စနေနေ့ အစောပိုင်းမှာ တဖက်သတ် ကြေညာခဲ့တာ ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲမှုဟာ ဒေသစံတော်ချိန် စနေနေ့ည သန်းခေါင်အချိန်မှာ စတင် အသက်ဝင်မှာဖြစ်ကြောင်း အစိုးရပိုင် SANA သတင်းဌာနက တဆင့် ကြေညာခဲ့ပါတယ်။

ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဂျနီဗာမြို့မှာ ရှေ့လအတွင်း ပြန်စလိုကြောင်း ကုလသမဂ္ဂက ကြေညာတဲ့ တရက်ထဲမှာပဲ အစိုးရဘက်က အခုလို အပစ်အခတ် ရပ်စဲမယ့်အကြောင်း ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG