သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Palmyra မြို့ကို IS အဖွဲ့ထံက ဆီးရီးယားအစိုးရတပ် ပြန်လည်သိမ်းပိုက်


ဆီးရီးယားနိုင်ငံမှာ IS စစ်သွေးကြွအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ Palmyra မြို့ အတွင်းပိုင်းအထိ ဆီးရီးယားတပ်ဖွဲ့တွေ စနေနေ့က ဝင်ရောက်နိုင်ခဲ့ကြပြီး၊ ရပ်ကွက်တော်တော်များများကို ပြန်လည်သိမ်းပိုက်နေပါတယ်။

ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အကဲခတ်အဖွဲ့နဲ့ ဒေသတွင်း သတင်းမီဒီယာတွေကတော့ - လေကြောင်းက ဗုံးကြဲတိုက်ခိုက် မှုတွေနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ရှိခဲ့တဲ့အကြောင်း ပြောဆိုခဲ့ကြသလို၊ အဆောက်အဦးတွေကို ဆက်တိုက် ထိမှန် ပေါက်ကွဲမှုတွေနဲ့ မီးခိုးလုံးတွေကိုလည်း နေရာ တော်တော်များများမှာ မြင်ရတယ်လို့ ဆိုပါတယ်။

သဲကန္တာရထဲက ရှေးဟောင်းမြို့ဖြစ်တဲ့ Palmyra မြို့သိမ်းတိုက်ပွဲဟာ ဆီးရီးယားတပ်နဲ့ ရုရှားရဲ့ မြေပြင်နဲ့ ဝေဟင်တပ်ဖွဲ့တွေကနေ ကျောထောက် နောက်ခံပေးထားတဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေရဲ့ အပြင်းထန်ဆုံး စစ်ဆင်ရေးတခုဖြစ်တယ်လို့လည်း ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့် အကဲခတ်အဖွဲ့က ပြောပါတယ်။

ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့် အကဲခတ်အဖွဲ့ရဲ့အဆိုအရ - သီတင်းလေးပတ်အထိ ရှိလာပြီဖြစ်တဲ့ Palmyra မြို့သိမ်းတိုက်ပွဲမှာ - ဆီးရီးယားအစိုးရတပ်ဘက်က ဆုံးရှုံးမှု ပိုများနေပြီး၊ စနေနေ့က အနည်းဆုံး တပ်ဖွဲ့ဝင် ၁၀ ယောက် ကျဆုံးခဲ့ရသလို၊ သောကြာနေ့တုန်းကလည်း ၁၈ ယောက် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ကန္တာရသတို့သမီးအဖြစ် တင်စားခေါ်ဝေါ်ကြတဲ့ Palmyra မြို့ဟာ နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား ထောင်ပေါင်းများစွာ လာရောက် လည်ပတ်လေ့ရှိတဲ့ နေရာ ပါ။ IS စစ်သွေးကြွတွေက ၂၀၁၅ ခုနှစ် မေလမှာပဲ ဆီးရီးယားတပ်ဖွဲ့တွေလက်ထဲကနေ ဒီမြို့ကို ရက်ပိုင်းအတွင်း သိမ်းယူခဲ့တာဖြစ်ပြီး၊ နောက်ပိုင်းမှာလည်း UNSECO အဖွဲ့ကြီးက ကမ္ဘာ့ရှေ့ဟောင်းအမွေအနှစ် နေရာတခုအဖြစ် သတ်မှတ်ခဲ့တဲ့ - မြို့မှာရှိတဲ့ ရောမခေတ်က နာမည်ကျော် အထိမ်းအမှတ်ရုပ်တုတွေ တော်တော်များများကိုလည်း IS အဖွဲ့က ဖျက်ဆီးပစ်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG