သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအစိုးရနဲ့ အတိုက်အခံ ပထမဆုံး တွေ့ဆုံဆွေးနွေး


ဆွစ်ဇာလန်နိုင်ငံမှာကျင်းပတဲ့ ဆီးရီးယားငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်လာသူများ။ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် Hadi Bahra (လယ်) ဇန်နဝါရီ ၂၅၊ ၂၀၁၄။
ဆွစ်ဇာလန်နိုင်ငံမှာကျင်းပတဲ့ ဆီးရီးယားငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်လာသူများ။ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် Hadi Bahra (လယ်) ဇန်နဝါရီ ၂၅၊ ၂၀၁၄။
ဆီးရီးယားမှာ ၃ နှစ်နီးပါးရှိတော့မယ့် ပြည်တွင်းစစ် အဆုံးသတ်ရေးအတွက် ဆီးရီးယားအစိုးရနဲ့ အနောက်နိုင်ငံတွေ ထောက်ခံတဲ့ အတိုက်အခံအဖွဲ့ရဲ့ ကိုယ်စားလှယ်တွေကြား ဒီကနေ့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

Switzerland နိုင်ငံ Geneva မြို့မှာ ဒီကနေ့ စနေနေ့ မနက်ပိုင်းက ပထမ တကြိမ်တွေ့ဆုံမှုဟာ နာရီဝက်လောက်ကြာပြီး ကုလသမဂ္ဂ ကြားဝင်စေ့စပ်ပေးသူ Lakdar Brahimi ကိုပဲ ၂ ဖက်လုံးက ဦးတည်ပြောခဲ့ကြတယ်လို့ တာဝန်ရှိသူတွေ က ပြောပါတယ်။ ဒုတိယတကြိမ်ဆွေးနွေးပွဲကို နေ့လည်ပိုင်းမှာ ထပ်လုပ်မှာ ဖြစ်ပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးကိစ္စတွေကိုပဲ မစ္စတာ Brahimi ကတဆင့် ဆွေးနွေးကြမှာဖြစ်ပါတယ်။

၂ ဖက်ကြား အလေးအနက်ဆွေးနွေးမှုတွေကို စနေနေ့ မကုန်ခင်အထိ မလုပ်ရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ ထွက်သွားမယ်လို့ ဆီးရီးယားအစိုးရက ခြိမ်းခြောက်ခဲ့ပါတယ်။ အတိုက်အခံတွေဘက်ကလည်း သမ္မတ Bashar
al-Assad ဆင်ပေးရေးကိစ္စ ဆွေးနွေးဖို့ သဘောမတူရင် ဆီးရီးယားအစိုးရနဲ့ တိုက်ရိုက် ညှိနှိုင်းမှုတွေလုပ်မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

သမ္မတဆင်းပေးရေးကိစ္စကို ဆီးရီးယားအစိုးရက ပယ်ချခဲ့သလို သူပုန်တွေဟာ အကြမ်းဖက်မှုကို အားပေးနေတာလို့ စွပ်စွဲခဲ့ပါတယ်။
XS
SM
MD
LG