သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့ Ghouta ထိုးစစ် ဆက်လုပ်မယ်လို့ သမ္မတ အာဆဒ်ပြော


ဆီးရီးယား သမ္မတ Bashar al-Assad
ဆီးရီးယား သမ္မတ Bashar al-Assad

ဆီးရီးယားဟာ လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးဖြစ်အောင် ဖန်တီးနေတယ်လို့ အမေရိကန်နဲ့ ဗြိတိန်ခေါင်းဆောင်တွေက စွပ်စွဲနေတဲ့ ကြားကပဲ ဆီးရီးယား သမ္မတ Bashar al-Assad က Damascus ဆင်ခြေဖုံး အရှေ့ Ghouta မှာ ရှိတဲ့ သူပုန်တွေကို သူ့စစ်တပ်က ဆက်ပြီး ထိုးစစ်ဆင်မယ်လို့ တနင်္ဂနွေနေ့မှာပဲ ကြုံးဝါးခဲ့ပါတယ်။

အကြမ်းဖက်ဝါဒစွဲ တိုက်ဖျက်ရေးဆိုင်ရာ စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်တာနဲ့ တချိန်ထဲမှာပဲ အရပ်သားတွေကို စစ်ဖြစ်ပွါးရာ ဒေသကနေ ကယ်ထုတ်ဖို့ ဖြစ်နိုင်တာကို ဆက်လုပ်မယ်လို့ Assad က နိုင်ငံတော်ကိုထုတ်လွှင့်တဲ့ TV အစီစဉ်မှာ သတင်းထောက်တွေကို ပြောပါတယ်။

အပစ်ရပ်တာနဲ့ တိုက်ခိုက်တာ နှစ်ခုလုံးကို လုပ်ဆောင်တာဟာ ပြဿနာမရှိပဲ အောင်မြင်မှု ရှိတာကို Ghouta မှာ ဆီးရီးယားစစ်တပ်က ပြသခဲ့ကြောင်းလည်း ပြောပါတယ်။ Assad က သူ့ကို ဖြုတ်ချဖို့ ကြိုးပမ်းတဲ့ သူပုန်တွေကို အကြမ်းဖက်သမားလို့ ခေါ်ဆိုခဲ့တာပါ။

အမေရိကန်သမ္မတ Donald Trump နဲ့ ဗြိတိသျှ ဝန်ကြီးချုပ် Theresa May တို့ကတော့ အရှေ့ Ghouta အရပ်က ဝမ်းနည်းကြေကွဲဖွယ် လူထုခံစားနေရမှုအတွက် ရုရှားနဲ့ ဆီးရီးယားမှာ တာဝန်ရှိတယ်ဆိုတာ သဘောထားတူတယ်လို့ ဝန်ကြီးချုပ် May ရဲ့ ရုံးက ပြောပါတယ်။

ဆီးရီးယားတပ်တွေဟာ အရှေ့ Ghouta နယ်မြေ လေးပုံတပုံကျော်ကို သိမ်းပိုက်ထားတယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးအခြေအနေ စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောကြားနေစဉ်မှာပဲ အဲဒီဒေသမှာ လူသားချင်းစာနာမှု ဆိုင်ရာ သိပ်ကို ဆိုးဝါးတဲ့ အခြေနေရှိနေတာနဲ့ ပတ်သက်ပြီး ခေါင်းဆောင် နှစ်ဦး တယ်လီဖုန်းနဲ့ ဆက်သွယ် ဆွေးနွေးခဲ့ကြတယ်လို့ ဝန်ကြီးချုပ် May ရဲ့ ရုံးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG