သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ဒုက္ခသည် အရေအတွက်တိုး


အိမ်နိးချင်းနိုင်ငံဆီသို့ ခိုလှုံရန် စောင့်နေကြသည့် ဆီးရီးယား စစ်ပြေးဒုက္ခသည်များ။
အိမ်နိးချင်းနိုင်ငံဆီသို့ ခိုလှုံရန် စောင့်နေကြသည့် ဆီးရီးယား စစ်ပြေးဒုက္ခသည်များ။
ဆီးရီးယား နိုင်ငံက ပဋိပက္ခတွေကနေ အိမ်နီးချင်း ဂျော်ဒန်နိုင်ငံကို ထွက်ပြေးကြတဲ့ ဒုက္ခသည် အရေအတွက်ဟာ မကြာသေးခင်ရက်တွေ အတွင်း နှစ်ဆတိုးလာတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကပြောပါတယ်။

အရင်တပတ် အတွင်းမှာပဲ နောက်ထပ် ၁၀,၂၀၀ လောက် ရောက်လာတယ်လို့လည်း ပြောဆိုခဲ့တာ ပါ။ ဂျော်ဒန်နိုင်ငံ မြောက်ပိုင်းမှာ ရှိတဲ့ Za’atri ဒုက္ခသည်စခန်းကို ရောက်လာကြသူ အများစုဟာ ဆိုရင်လည်း ဆီးရီးယားနိုင်ငံက ပြဿနာတွေ ဖြစ်ပွားနေရာ Daraa ဒေသခံတွေ အများစု ပါဝင်တယ်လို့ UNHCR ပြောခွင့်ရ အမျိုးသမီး Melissa Fleming က ပြောဆိုလိုက်တာပါ။ နယ်စပ်ကို ဖြတ်ကျော်ဖို့ ကြိုးစားတဲ့သူတွေကိုလည်း ဗုံးကြဲတိုက်ခိုက်တာ ခံရတဲ့ အကြောင်း ဒုက္ခသည်တွေက ပြောတယ်လို့ UNHCR တာဝန်ရှိသူက ပြောပါတယ်။

ဇူလိုင် ၃၀ ရက်နေ့က စတင် ဖွင့်လှစ်ထားခဲ့တဲ့ Za’atri ဒုက္ခသည် စခန်းမှာ ခိုလှုံနေသူ အရေအတွက်ဟာ အခုအခါ ၂,၂၀၀၀ ကျော်သွားပြီလို့လည်း ပြောခဲ့တာပါ။ ဆီးရီးယားက ပြဿနာတွေ ကြီးထွား လာတာနဲ့ အမျှ တူရကီနိုင်ငံဘက်ကို ထွက်ပြေးသူ အရေအတွက်ဟာလည်း နှစ်သိန်းလောက်အထိ ဖြစ်လာနိုင် တယ် လို့ ပြောခွင့်ရအမျိုးသမီးက သတိပေးပါတယ်။

တူရကီနိုင်ငံမှာ ဒုက္ခသည်အဖြစ် မှတ်ပုံတင် စာရင်းသွင်းထားတဲ့ ဆီးရီးယား ဒုက္ခသည်ပေါင်းဟာ ၇၄,၀၀၀ ကျော် ရှိနေပြီး၊ လက်ရှိ ဒုက္ခသည်စခန်းပေါင်း ကိုးခုအပြင် နောက်ထပ် အသစ်ငါးခု လည်း ဆောက်လုပ်နေရတယ်လို့ ပြောပါတယ်။ လွန်ခဲ့ တဲ့ ၂၄ နာရီ အတွင်းမှာပဲ ဆီးရီးယားကနေ တူရကီကို ထွက်ပြေးလာသူ အရေအတွက်ဟာ ၃,၀၀၀ ကျော် ရှိခဲ့တယ်လို့ လည်း UNHCR ကပြောဆိုခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG