သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ပြဿနာဖြေရှင်းရေး ပြင်သစ်-ရုရှား ဆောင်ရွက်လို


ဆီးရီးယားအတွက် နိုင်ငံရေးပြဿနာ အဖြေရှာရေးမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်နိုင်မယ့် လုပ်ငန်းစဉ်တခုကို ပြင်သစ်နဲ့ ရုရှားတို့က ဖန်တီးလိုတဲ့ ဆန္ဒရှိနေတယ်လို့ ပြင်သစ်သမ္မတ Emmanuel Macron က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

ဒီလုပ်ငန်းစဉ်ဟာ ရုရှား၊ တူရကီ၊ အီရန်၊ ဗြိတိန်၊ ဂျာမဏီ၊ ဂျော်ဒန်၊ အမေရိကန်နဲ့ ဆော်ဒီအာရေဗျ နိုင်ငံတွေ ပါဝင်တဲ့ Astana လုပ်ငန်းစဉ်နဲ့ ပူးပေါင်းဆောင်ရွက် ဖို့ ဖြစ်ကြောင်းလည်း သမ္မတ Macron ကပြောပါတယ်။

စစ်ပွဲနောက်ပိုင်း အခြေနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ လိုအပ်သလို အဓိကကတော့ တည်ငြိမ်တဲ့ ဆီးရီးယား နိုင်ငံတည်ဆောက်ပေးရေး ဖြစ်ကြောင်း ရုရှားသမ္မတ Vladimir Putin နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သမ္မတ Macron ကပြောပါတယ်။

ဆီးရီးယားအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်နဲ့ ဒုက္ခသည်တွေ အပါအဝင် ဆီးရီးယား နိုင်ငံသားအားလုံးပါဝင် တဲ့ ရွေးကောက်ပွဲ ကျင်းပပေးရေးကို ဦးစားပေး ဆောင်ရွက်ဖို့ ခေါင်းဆောင် ၂ ဦး သဘောတူခဲ့ကြောင်းလည်း ပြောပါတယ်။

အရင် ဆီးရီးယား အရေးဆောင်ရွက်နေတဲ့ နိုင်ငံတကာ အဖွဲ့တွေဟာ လက်ရှိသမ္မတ Bashar al-Assad ကို ဆန့်ကျင်သူတွေကို ကျောထောက်နောက်ခံ ပေးကြတာဖြစ်ပြီး ဆီးရီးယားရဲ့ ၇ နှစ်ကြာပြည်တွင်းစစ်ပွဲအတွက် အခုထိ အဖြေမရှာနိုင်သေးပါဘူး။

ဆီးရီးယား ပြဿနာဖြေရှင်းရေး ပြင်သစ်-ရုရှား ဆောင်ရွက်လို
please wait

No media source currently available

0:00 0:00:34 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG