သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအစိုးရနဲ့ အတိုက်အခံ တခန်းတည်း အတူထိုင်ဆွေးနွေးမည်


 Lakhdar Brahimi (ဇန်နဝါရီလ ၂၄၊ ၂၀၁၄)
Lakhdar Brahimi (ဇန်နဝါရီလ ၂၄၊ ၂၀၁၄)
ဆီးရီးယားနိုင်ငံအတွင်း သုံးနှစ်နီးပါး ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကို အဖြေရှာနိုင်ဖို့ အတွက် ဆီးရီးယား အစိုးရဖက်က ကိုယ်စားလှယ်တွေ၊ အနောက်နိုင်ငံတွေက ထောက်ခံမှုပေးထားတဲ့ အတိုက်ခံတွေဟာ ပထမဦးဆုံး အကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးနေကြပါတယ်။ စနေနေ့ ဂျနီဗာမှာ ရှိတဲ့ အခန်းတခန်းထဲမှာ နှစ်ဘက်စလုံး အတူတူ ထိုင်ပြီးတော့ ဆွေးနွေး ကြမှာဖြစ်တယ်လို့ ကုလသမဂ္ဂငြိမ်းချမ်းရေး ညှိနှိုင်းရေးမှူး လခ်ဒါ ဘရာဟီမီ ( Lakhdar Brahimi) က ပြောဆိုပါတယ်။

မစ္စတာဘရာဟီမီဟာ လွန်ခဲ့တဲ့ ၂ ရက်အတွင်း ဆွစ်ဇာလန်နိုင်ငံမှာ အုပ်စုနှစ်ဖက်ကို အပြန်အလှန် သွားရောက်ခဲ့ပြီး နှစ်ဖက်အကြားတိုက်ရိုက် ငြိမ်းချမ်းရေးဆွေးနွေးမှု ဖြစ်မြောက်ရေးအတွက် အားပေးခဲ့ပါတယ်။
စနေနေ့မှာ ကျင်းပမယ့် ဆွေးနွေးပွဲမှာ အတိုက်အခံတွေဘက်က အလေးနက်ထားပြီးတော့ မဆွေးနွေးဘူးဆိုရင် အစည်းဝေးကနေ ထွက်သွားမယ်လို့ ဆီးရီးယား အစိုးရကိုယ်စားလှယ်တွေ ဘက်က ခြိမ်းခြောက် ပြောဆို ထားပါတယ်။

အတိုက်အခံတွေဘက်ကလည်း သမ္မတဘာရှာအယ်လ် အာဆတ် နှုတ်ထွက်ပေးရေး ကိစ္စ ဆွေးနွေးဖို့ သဘောတူညီမှု မရသ၍ ဆီးရီးယားအစိုးရနဲ့ မဆွေးနွေးနိုင်ဘူးလို့ ပြောဆိုနေတာပါ။
ဆီးရီးယားအစိုးရကတော့ ဒီကိစ္စကိုငြင်းပယ်ထားပြီး သူပုန်တပ်ဖွဲ့တွေဟာ အကြမ်းဖက်သမားတွေကို အားပေး အားမြှောက် ပြုနေကြသူတွေဖြစ်တယ် ဆိုပြီးတော့ စွတ်စွဲထားပါတယ်။

စောစောပိုင်းတုံးကတော့ ဆီရီးယားသမ္မတ ဘာရှာအယ်လ်အာဆတ်ဟာ တကိုယ်ရေ အကြမ်းဖက်သမားကြီး တဦးဖြစ်တယ်၊ သူဟာ တိုင်းပြည်မှာ တရားဝင်အသိအမှတ်ပြုခံရသူတဦး ဖြစ်မလာနိုင်သလို တိုင်းပြည်အတွင်း အတူယှဉ်တွဲ နေထိုင်နိုင်ရေး ဘယ်လိုမှ ဆောင်ကျဉ်းနိုင်မှာမဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောဆိုခဲ့တာပါ။
XS
SM
MD
LG