သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီယား စစ်ရာဇဝတ်မှု စစ်ဆေးဖို့ နိုင်ငံပေါင်း ၅၀ကျော် တောင်းဆို


ဆီးရီးယားနိုင်ငံ ဒမတ်စကပ်မြို့တော်တွင်း တိုက်ပွဲမြင်ကွင်း (ဇန်နဝါရီ ၁၄၊ ၂၀၁၃)
ဆီးရီးယားနိုင်ငံ ဒမတ်စကပ်မြို့တော်တွင်း တိုက်ပွဲမြင်ကွင်း (ဇန်နဝါရီ ၁၄၊ ၂၀၁၃)
Switzerland နိုင်ငံဦးဆောင်တဲ့ နိုင်ငံပေါင်း ၅၇ နိုင်ငံက ဆီးရီးယားစစ်ပွဲနဲ့ပါတ်သက်လို့ စစ်ရာဇဝတ်မှု ကျူးလွန်မှု အဖြစ်နဲ့ နိုင်ငံတကာ တရားရုံး ICC မှာ စစ်ဆေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကို တောင်းဆိုလိုက်ပါတယ်။ အဖွဲ့ဝင် ၁၅ နိုင်ငံပါတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တနလာၤနေ့က ပေးပို့တဲ့ စာထဲမှာ ၂၀၁၁ ခုနှစ် မတ်လကစတဲ့ လူထုအုံကြွမှု နဲ့ အစိုးရနဲ့ လက်နက်ကိုင်ကြားဖြစ်ပွားတဲ့ တိုက်ခိုက်မှု တွေ အတွင်း ဖြစ်ပွားခဲ့တဲ့ နိပ်စက်ညှဉ်းပမ်းမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားမှု နဲ့ တရားဥပဒေနဲ့ မညီတဲ့ လူသတ်မှု စတဲ့ ကုလသမဂ္ဂက စစ်ဆေးရေးအဖွဲ့ရဲ့ စစ်ဆေးချက်မှတ်တမ်းတွေကို ကိုးကားဖော်ပြထားပါတယ်။
အဲဒီ့ပေးစာအရ လုံခြုံရေးကောင်စီအနေနဲ့ သက်ညှာခွင့်ပြုမှုတွေမပါဘဲ နိုင်ငံတကာတရားရုံးမှာ အမှုဖွင့်စစ်ဆေးဖို့ တောင်းဆိုထားပါတယ်။

ဆီးရီးယားနိုင်ငံမှာ အကြမ်းဖက်မှုတွေဆက်ဖြစ်နေတာကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့တွေက အကူအညီတွေတိုးမြှင့်ပေးအပ်ဖို့ နိုင်ငံတကာ အသိုင်းအဝန်းကိုတောင်းဆိုကြပါတယ်။ ဆီးရီးယားစစ်ပွဲကြောင့် ဒေသထဲမှာ ထိတ်လန့် ခြောက်ခြားစရာကောင်းလောက်အောင် လူသားချင်းစာနာမှု ချို့တဲ့ နေတဲ့ ကပ်ဆိုးကြီးနဲ့ ရင်ဆိုင်နေရတယ်လို့ နိုင်ငံတကာ ကယ်ဆယ် ရေးအဖွဲ့ IRC ကတနင်္လာနေ့ က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာဖော်ပြလိုက်ပါတယ်။ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ ဒုက္ခသည်တွေရင်ဆိုင်နေရတဲ့ အခက်အခဲနဲ့ စိမ်ခေါ်မှု အပြင် ဆီးရီးယားနိုင်ငံထဲက ထွက်ပြေးရလောက်အောင် ဆိုးရွားတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားမှု အခြေအနေတွေကိုလည်း ဒီအစီရင်ခံစာက တင်ပြထားပါတယ်။
XS
SM
MD
LG