သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ဓာတုလက်နက်အရေး ကန်-ရုရှားဆွေးနွေး


Hong Kong's Secretary for Justice Rimsky Yuen (L-R), Chief Secretary for Administration Carrie Lam, Secretary for Constitutional and Mainland Affairs Raymond Tam attend a news conference after meeting with the Hong Kong Federation of Students (HKFS), 21 Oct. 2014.
Hong Kong's Secretary for Justice Rimsky Yuen (L-R), Chief Secretary for Administration Carrie Lam, Secretary for Constitutional and Mainland Affairs Raymond Tam attend a news conference after meeting with the Hong Kong Federation of Students (HKFS), 21 Oct. 2014.
ဆီးရီးယား အစိုးရ သူ့ရဲ့ဓာတုလက်နက် သုံးစွဲမှုကို စွန့်လွှတ်ဖို့အတွက် ဘယ်လိုလုပ်မယ် ဆိုတာကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့ ဂျီနီဗာမှာ တွေ့ဆုံပြီးဆွေးနွေးနေကြ ပါတယ်။ ရုရှားအစိုးရရဲ့ သံတမန်ရေး နည်းလမ်းဟာ ဆီးရီးယားကို အမေရိကန်က စစ်ရေးအရ အရေးယူဖို့အတွက် မလိုတော့တဲ့ အနေအထားကို ရောက်လာနိုင်တယ်လို့ သူမျှော်လင့် ထားကြောင်း နှစ်နိုင်ငံဝန်ကြီးနှစ်ဦး ပထမဦးဆုံးနေ့အဖြစ် ကြာသာပတေးနေ့ ဆွေးနွေးပွဲအပြီးမှာ ဝန်ကြီး ကယ်ရီက ပြောပါတယ်။

ဆီးရီးယား စစ်တပ်က ပြီးခဲ့တဲ့လတုန်းက အရပ်သားတွေအပေါ်မှာ ဓါတုလက်နက်တွေသုံးခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောပါတယ်။ အဆိပ်ဓာတ်ငွေ့သုံးပြီး တိုက်ခိုက်တာနဲ့ပါတ်သက်ပြီး ဘယ်ဘက်က သုံးစွဲတယ် ဆိုတာကို အမေရိကန် နဲ့ ရုရှားနှစ်နိုင်ငံကြားမှာ သဘောထား မကိုက်ညီကြပေမဲ့ ဆီးရီးယားနိုင်ငံပြည်တွင်းစစ် အတွင်းမှာ ဓါတုလက်နက်ဟာ ဆိုးဝါးတဲ့ ခြိမ်းခြောက်မှု တစ်ခုဖြစ်နေသလို အရပ်သားတွေကို သေဆုံးစေတယ် ဆိုတာကိုတော့ မေးခွန်းမထုတ်ကြပါဘူး။

ဆီးရီးယားရဲ့ ဓါတုလက်နက်အားလုံးကို ကုလသမဂ္ဂကိုပေးအပ်ပြီး ဖျက်ဆီးပစ်ဖို့အတွက် ရုရှားရဲ့ အစီအစဉ်ကို ဆီးရီးယား က သဘောတူတယ်လို့ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုဘက်ကတော့ စစ်ရေးအရ အရေးယူမှာကို ရပ်ပစ်ရမယ်လို့ ဆိုပါတယ်။ အခု ဆီးရီးယားနိုင်ငံဟာ ဓါတုလက်နက်မသုံးစွဲရေး နိုင်ငံတကာ သဘောတူညီချက်ကို လိုက်နာတဲ့ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်လာနေပြီလို့
ကုလသမဂ္ဂရဲ့ ဆီးရီးယားဆိုင်ရာ သံအမတ်ကြီးက ပြောပါတယ်။

ဒါပေမယ့် ဆီးရီးယားနိုင်ငံက ဒီသဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ ဆန္ဒရှိကြောင်း စာရွက်စာတမ်းတွေကို ရထားပြီးဖြစ်ပေမယ့် ဒါဟာ ပထမအဆင့်မှာပဲ ရှိပါသေးတယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောကြပါတယ်။
XS
SM
MD
LG