သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီယားစစ်လေယာဉ်တစင်း အစ္စရေးပစ်ချ


အစ္စရေးလ် လေပိုင်နက်ထဲ ဝင်လာတဲ့ ဆီးရီးယား စစ်လေယာဉ်တစင်းကို ပစ်ချလိုက်ကြောင်း အစ္စရေးလ်စစ်တပ်က ပြောလိုက်ပါတယ်။ အစ္စရေးလ် လေပိုင်နက်ထဲ ဝင်လာတဲ့ ဆီးရီးယား ဂျက်တိုက်လေယာဉ်ကို Patriot မစ်ဇိုင်းဒုံးနဲ့ ဒီနေ့ပဲ ဟန့်တားပစ်ခတ်ခဲ့ကြောင်း အစ္စရေးလ်ကာကွယ်ရေး တပ်ဖွဲ့က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။

တိုက်လေယာဉ်ရဲ့ လှုပ်ရှားမှုကို အစ္စရေးလ်စစ်တပ်က စောင့်ကြည့်နေခဲ့ရာမှာ အစ္စရေးလ် လေပိုင်နက်ထဲ ၂ ကီလိုမီတာလောက်အထိ ကျော်ဝင်လာတဲ့အတွက် Patriot မစ်ဇိုင်းဒုံးနဲ့ ပစ်ချခဲ့ကြောင်း ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

အစ္စရေးလ်ကြည်းတပ် ရေဒီယိုအသံလွှင့်ဌာနကတော့ တိုက်လေယာဉ်ကို အစ္စရေးလ်က သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်ဒေသမှာ ပစ်ချခဲ့တာ ဖြစ်ပေမဲ့ ဆီးရီးယားက ထိန်းချုပ်ထားတဲ့ ရှေ့တန်းဒေသမှာ ပျက်ကျကောင်း ပျက်ကျနိုင်ကြောင်း ပြောဆိုခဲ့တာပါ။

လေယာဉ်မှူးရဲ့ အခြေအနေနဲ့ ပတ်သက်လို့တော့ မသိရကြောင်းလည်း သတင်းက ပြောဆိုခဲ့ပါတယ်။ ဆီးရီးယားအစိုးရပိုင် မီဒီယာမှာတော့ တိုက်လေယာဉ်ဟာ ဆီးရီးယားလေပိုင်နက်မှာ စစ်ဆင်ရေးအတွက် ပျံသန်းနေစဉ် ပစ်ချခံခဲ့ရကြောင်း ပြောဆိုခဲ့တာပါ။ ဂိုလန်ကုန်းမြင့်ဒေသကိုတော့ အစ္စရေးလ်က ၁၉၆၇ ခုနှစ်မှာ သိမ်းပိုက်ခဲ့တာဖြစ်ပြီး၊ ၁၉၆၉ ခုနှစ်မှာတော့ ကုလသမဂ္ဂက ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့တွေ စေလွှတ်ချထားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG