သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ရွေးကောက်ပွဲကော်မရှင်ရုံး တာလီဗန်တွေတိုက်ခိုက်


တာလီဘန်စစ်သွေးကြွတွေ တိုက်ခိုက်ရာ ရွေးကောက်ပွဲကော်မရှင်ရုံးဆီကို သွားနေတဲ့ အာဖဂန်စစ်တပ်။ (မတ် ၂၉၊ ၂၀၁၄)
တာလီဘန်စစ်သွေးကြွတွေ တိုက်ခိုက်ရာ ရွေးကောက်ပွဲကော်မရှင်ရုံးဆီကို သွားနေတဲ့ အာဖဂန်စစ်တပ်။ (မတ် ၂၉၊ ၂၀၁၄)
အာဖဂန်နစ္စတန်နိုင်ငံ ရွေးကောက်ပွဲကော်မရှင်ရုံးချုပ်ကို တာလီဘန်တွေ တိုက်ခိုက်ခဲ့ပါတယ်။ ရှေ့သီတင်းပတ်မှာကျင်းပမယ့် သမ္မတရွေးကောက်ပွဲမတိုင်ခင် ဆက်တိုက် တိုက်ခိုက်မှုတွေလုပ်နေတာ ဒီကနေ့ တိုက်ခိုက်မှုက နောက်ဆုံးဖြစ်တာဖြစ်ပါတယ်။

Kabul မြို့က သီးခြားလွတ်လပ်တဲ့ ရွေးကောက်ပွဲကော်မရှင်ရုံးမှာ သတင်းစာ ရှင်းပွဲ ကျင်းပခါနီးမှာပဲ စစ်သွေးကြွတွေက ဖောက်ခွဲရေးပစ္စည်းနဲ့ လှမ်းပစ် တိုက်ခိုက်ခဲ့တာလို့ အာဖဂန်တာဝန်ရှိသူတွေက ပြောပါတယ်။ မျက်မြင်တွေရဲ့ အပြောအရ လုံခြုံရေးအထူအထပ်ချထားတဲ့ အဆောက်အဦးထဲက အထူးလုံခြုံအောင် လုပ်ထားတဲ့ အခန်းတွေထဲမှာ ရွေးကောက်ပွဲတာဝန်ရှိသူတွေ အကာအကွယ်ယူခဲ့ရပါတယ်။ စစ်သွေးကြွတွေနဲ့ လုံခြုံရေးတပ်တွေ အပြန်အလှန် တိုက်ခိုက်မှုအတွင်း စစ်သွေးကြွ ၅ ယောက် သေဆုံးသွားတယ်လို့ Kabul မြို့ရဲတပ်ဖွဲ့ပြောခွင့်ရသူက VOA ကို ပြောပါတယ်။

တခြားဘယ်သူတွေ ထိခိုက်ဒဏ်ရာရခဲ့သလဲ ဆိုတာတော့ မသိရသေးပါဘူး။ ဧပြီလ ၅ ရက်နေ့မှာ ကျင်းပမဲ့ သမ္မတရွေးကောက်ပွဲ ပျက်အောင်လုပ်မယ်လို့ တာလီဘန်တွေက ပြောထားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေကို ဆက်တိုက် လုပ်နေတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရုံး ဘေးနားမှာရှိတဲ့ အိမ်တလုံးကနေ စစ်သွေးကြွတွေ လှမ်းပြီးတိုက်ခိုက်တာလို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ပြောခွင့်ရသူက VOA ကို ပြောပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံက အမျိုးသမီးတွေ အစဉ်အလာအတိုင်းဝတ်ကြတဲ့ တကိုယ်လုံးဖုံးကာထားတဲ့ Burqa ဝတ်ရုံတွေကို စစ်သွေးကြွတွေက ဝတ်ဆင်ခဲ့ကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
XS
SM
MD
LG