သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနိုင်ငံလုံးစောင့်ကြည့်နေတဲ့ Super Bowl ဖိုင်နယ်ပွဲ


Kansas City Chiefs ကစားသမား Travis Kelce နဲ့ ကမ္ဘာကျော်အဆိုတော် Taylor Swift (ဇန်နဝါရီ ၂၈၊ ၂၀၂၄)
Kansas City Chiefs ကစားသမား Travis Kelce နဲ့ ကမ္ဘာကျော်အဆိုတော် Taylor Swift (ဇန်နဝါရီ ၂၈၊ ၂၀၂၄)

တေလာဆွစ်ဖ်က သူ့ချစ်သူကစားမယ့်ပွဲကို လာအားပေးမှာမို့ ဒီနှစ် အမေရိကန် လက်ပစ်ဘောလုံး ဖိုင်နယ်ပွဲဟာ လူစိတ်ဝင်စားမှုအများဆုံးပွဲတပွဲဖြစ်နေပါတယ်။ အမေရိကန် လက်ပစ်ဘောလုံးပွဲ နောက်ဆုံးဗိုလ်လုပွဲဟာ အမေရိကန်တနိုင်ငံလုံးက နှစ်စဥ် ကြည့်ရှုကြတဲ့ပွဲပါ။

Las Vegas Super Bowl LVIII မှာကစားမယ့် အမေရိကန်ရဲ့အကြီးကျယ်ဆုံး Super Bowl ပြိုင်ပွဲယှဥ်ပြိုင်မယ့် Allegiant Stadium အားကစားကွင်း။ ( ဖေဖေါ်ဝါရီ ၁၁၊ ၂၀၂၄)
Las Vegas Super Bowl LVIII မှာကစားမယ့် အမေရိကန်ရဲ့အကြီးကျယ်ဆုံး Super Bowl ပြိုင်ပွဲယှဥ်ပြိုင်မယ့် Allegiant Stadium အားကစားကွင်း။ ( ဖေဖေါ်ဝါရီ ၁၁၊ ၂၀၂၄)

ဒါပေမဲ့ ဒီနှစ် ကင်းဆပ်စ် စီတီး အသင်းမှာ ပါဝင်ကစားမယ့် Travis Kelce က တေလာဆွစ်ဖ် ရဲ့ လက်ရှိ ရည်းစားဖြစ်နေပြီး တေလာဆွစ်ဖ်က လာကြည့်အားပေးမယ်ဆိုတာကြောင့်လည်း ပိုစိတ်ဝင်စားစရာဖြစ်ရတာပါ။ အသင်း ၂ သင်း အခြေအနေနဲ့ပတ်သက်ပြီးတော့ မြန်မာ ပရိသတ်တဦးဖြစ်တဲ့ ဦးကိုကိုသော်က ခုလို ပြောပါတယ်။

"သိတဲ့အတိုင်းပဲလေ၊ အမေရိကားမှာကတော့ Super Bowl ကတော့ အကြီးကျယ်ဆုံး အားကစားပွဲ(ဆိုတော့) အကုန်လုံးက စိတ်ဝင်စားကြတာပေါ့။ အဲဒီတော့ ဒီနှစ်ကတော့ Kansas City Chiefs နဲ့၊ Kansas နဲ့ ဆန်ဖရန်စစ္စကိုက ပြီးခဲ့တဲ့ လေးနှစ်- ၂၀၂၀ တုန်းကတော့ တွေ့ထားတယ်။ အဲဒီတုန်းကတော့ Kansas ကပဲ နိုင်ထားဖူးတယ်။ သို့သော်လည်း (ဆန်ဖရန်စစ္စကို) 49ers ကျလည်း လျှော့တွက်လို့မရဘူး။ သူတို့ကလည်း အသင်းကြီးနဲ့။ ကြည့်ကောင်းမယ့်ပွဲပါပဲ။ လူတိုင်းကလည်း စိတ်ဝင်စားကြတယ်။ ဒီနှစ်ပိုစိတ်ဝင်စားရတာကလည်း ဘာဖြစ်လို့လဲဆိုတော့ Kansas City က အားကစားသမားတယောက်ဖြစ်တဲ့ Travis Kelce က လူငယ်လေးတွေရဲ့အသည်းစွဲ အသည်းကျော် တေလာဆွစ်ဖ်နဲ့ သူကလည်း ရည်းစားဖြစ်နေတော့ ဒီပွဲမှာ လက်ထပ်ခွင့်တောင်းမလား-ဘာလားဆိုပြီး အဲဒါတွေဖြစ်နေတော့ ပိုပြီးတော့ ဆူဆူညံညံလေး ဖြစ်နေတာပေါ့။ Kansas ကတော့ upper hand ပေါ့၊ ဒါပေမဲ့ ဆန်ဖရန်စစ္စကိုကတော့ လျှော့တွက်လို့ မရဘူး။ သူတို့လည်း ကစားတာ အတော်လေးကောင်းပါတယ်။"

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မှာ ကျရောက်တဲ့ ချစ်သူများနေ့နဲ့ နီးနေတဲ့အချိန် မှာ တေလာဆွစ်ဖ်က ဂျပန်နိုင်ငံမှာ ဖျော်ဖြေနေတဲ့ပွဲကနေ လေယာဥ်ကွင်းကို တိုက်ရိုက်ဆင်းပြီး ကိုယ်ပိုင်ဂျက်လေယာဥ်နဲ့ ဘောလုံးပွဲဆီ ပျံသန်းသွားတာကိုက ဂျပန်လူငယ်တွေကြားမှာ"ရို" ချင်စရာဖြစ်ရပ် ဖြစ်နေတယ်လို့ အေပီသတင်းက ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG