သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည် အားကစားအသင်း ကမ္ဘာ့အိုလံပစ်မှာ ယှဉ်ပြိုင်မည်


 ကော်မတီ ဥက္ကဋ္ဌ Thomas Bach ။
ကော်မတီ ဥက္ကဋ္ဌ Thomas Bach ။

Rio de Janeiro မှာ ကျင်းပမယ့် ၂၀၁၆ အိုလံပစ် အားကစား ပြိုင်ပွဲမှာ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းဒေသက ဒုက္ခသည်တွေ ဖြစ်တဲ့ အားကစားသမား ဆယ်ဦးလည်းပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဆွစ်ဇလန်နိုင်ငံ Lausanne က IOC နိုင်ငံတကာ အိုလံပစ်ကော်မတီရဲ့ ၃ ရက်ကြာ အစည်းအဝေးး အပြီးမှာ ကော်မတီ ဥက္ကဋ္ဌ Thomas Bach က ပထမဦးဆုံး ဒုက္ခသည် အိုလံပစ်အဖွဲ့ကို လက်ခံလိုက်ကြောင်း ကြေညာခဲ့တာပါ။

ဒီဒုက္ခသည် အသင်း ဟာ ကမ္ဘာတဝှမ်းက အိုးအိမ်ရွှေ့ပြောင်း အခြေချရသူတွေ ကို ကိုယ်စားပြုမယ်လို့ အိုလံပစ် အရာရှိတွေက မျှော်လင့်ကြောင်းလည်း မစ္စတာ Bach က ပြောပါတယ်။ဒုက္ခသည်တွေဟာလည်း လူသားတွေ ဖြစ်ပြီး လူမှုအသိုင်းအဝိုင်း အတွက် အားတရပ်ဖြစ်ကြောင်း သူတို့ကတဆင့် နိုင်ငံတကာက သိဖို့ အချက်ပေးလိုက်တာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

သြဂုတ်လ ၅ ရက်နေ့ အိုလံပစ် အားကစားပွဲတွေ စတင်တဲ့အခါ နိုင်ငံပေါင်း ၂၀၀ ကျော်က ပါဝင်ယှဉ်ပြိုင်သူတွေ ကွင်းထဲမှာ ချီတက်လှည့်လည်မယ့် အခန်းအနားမှာ ဒုက္ခသည် အသင်းက အားကစား သမားတွေလည်း ပါဝင်ချီတက်ကြမှာပါ။ သူတို့အဖွဲ့ဟာ အမြဲတမ်းပဲ နောက်ဆုံးကနေ ချီတက်ရမယ့် အိမ်ရှင် အဖွဲ့ဖြစ်တဲ့ အားကစားသမား အများအပြားပါတဲ့ ဘရာဇီးလ် အဖွဲ့ ရှေ့ကနေ ချီတက်ကြမှာ ဖြစ်ကြောင်းလည်း IOC ကပြောပါတယ်။

အိုလံပစ်အလံက ဒုက္ခသည်အဖွဲ့ကို ဦးဆောင်ပြီး သူတို့ကို ဂုဏ်ပြုတဲ့ အနေနဲ့ အိုလံပစ် သီချင်းကို ဖွင့်မှာ ဖြစ်ပါတယ်။ ဒီဒုက္ခသည် အားကစား သမားတွေ မှာ နေစရာအိမ်မရှိသလို၊ အဖွဲ့လည်း မရှိတဲ့အပြင် ကိုယ်ပိုင်အလံရော အမျိုးသား သီချင်းပါ မရှိဘူးပေမယ့် သူတို့ဟာ တခြားယှဉ်ပြိုင်မယ့် အားကစား သမားတွေနဲ့ အတူ အိုလံပစ်ပွဲကျင်းပရာ Rio က အားကစား ရွာဟာ သူတို့ရဲ့ အိမ်ဖြစ်တယ်လို့ မစ္စတာ Bach ကပြောပါတယ်။

ဒုက္ခသည် အသင်းမှာ တောင်ဆူဒန်က အားကစားသမား ၅ ယောက် ဆီးရီးယားက ၂ ယောက်နဲ့ ကွန်ဒီမိုကရက်တစ် ကွန်ဂိုပြည်သူ့သမ္မတ နိုင်ငံက ၂ ယောက်နဲ့ အက်သီအိုးပီးယားက တယောက်တို့ ပါဝင်ပါတယ်။ အဖွဲ့မှာ အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၄ ဦးတို့ ပါဝင်မှာ ဖြစ်ပြီး ပြေးခုန်ပစ်၊ ရေကူးနဲ့ ဂျူဒိုပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင် ကြမှာ ဖြစ်ပါတယ်။

ဒုက္ခသည် အားကစားအသင်း ကမ္ဘာ့အိုလံပစ်မှာ ယှဉ်ပြိုင်မည်
please wait

No media source currently available

0:00 0:01:45 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG