သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္ကပ္ေရာဂါ မလြန္ေျမာက္ေသးေၾကာင္း WHO သတိေပး


World Health Organization (WHO) Director-General Tedros Adhanom Ghebreyesus delivers a speech on the opening day of 75th World Health Assembly of the WHO, in Geneva, Switzerland, May 22, 2022.

ကိုဗစ္ ကပ္ေရာဂါ မၿပီးဆုံးေသးဘူးဆိုတာ အေတာ့္ကို ေသခ်ာပါတယ္လို႔ WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ရဲ႕ ၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာ Tedros Adhanom Ghebreyesus က တနဂၤေႏြေန႔မွာ သတိေပးလိုက္ပါတယ္။ ကုလသမဂၢ ေအဂ်င္စီေတြရဲ႕ ႏွစ္ပတ္လည္ ညီလာခံ ဖြင့္ပဲြအခမ္းအနားမွာ ေျပာၾကားခဲ့တာပါ။

ကိုဗစ္ကပ္ေရာဂါ မလြန္ေျမာက္ေသးေၾကာင္း WHO သတိေပး

{{Zawgyi/Unicode}}
ကိုဗစ္ ကပ္ေရာဂါ မၿပီးဆုံးေသးဘူးဆိုတာ အေတာ့္ကို ေသခ်ာပါတယ္လို႔ WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ရဲ႕ ၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာ Tedros Adhanom Ghebreyesus က တနဂၤေႏြေန႔မွာ သတိေပးလိုက္ပါတယ္။ ကုလသမဂၢ ေအဂ်င္စီေတြရဲ႕ ႏွစ္ပတ္လည္ ညီလာခံ ဖြင့္ပဲြအခမ္းအနားမွာ ေျပာၾကားခဲ့တာပါ။

“ ေနရာတိုင္းမွာ ကိုဗစ္ ကူးစက္မႈေတြ မရွိေတာ့ဘူးလို႔ မေျပာႏိုင္ ေသးသ၍ ဒီကပ္ေရာဂါႀကီး ၿပီးဆုံးသြားပါၿပီလို႔ ေျပာလို႔ မရပါဘူး။ ကမာၻတလႊား ႏိုင္ငံေပါင္း (၇၀) ေလာက္မွာ ကိုဗစ္ ကူးစက္မႈ တိုးေနတယ္ဆိုတဲ့ သတင္းေတြ က်ေနာ္တို႔ ရရွိထားပါတယ္။ ဒီၾကားထဲ ကိုဗစ္ စမ္းသပ္ စစ္ေဆးမႈႏႈန္းကလည္း က်ဆင္းေနပါတယ္။ ” လို႔ ေျပာသြားတာပါ။

ဂ်နီဗာမွာ ဒီသီတင္းပတ္ထဲ လူကိုယ္တိုင္ ပထမဆုံး တက္ၾကေရာက္တဲ့ ကမာၻ႔က်န္းမာေရးညီလာခံကို ႏိုင္ငံအသီးသီးက က်န္းမာေရးဝန္ႀကီး (၁၀၀) ေက်ာ္ တက္ေရာက္ေနပါတယ္။ ကမာၻ႔က်န္းမာေရးဆိုင္ရာ မူဝါဒ ခ်မွတ္ေရးမွာ WHO ရဲ႕အခန္းက႑နဲ႔ ပတ္သက္လို႔ ဂ်နီဗာမွာ ေဆြးေႏြးေနၾကတာ ျဖစ္ပါတယ္။

WHO အဖြဲ႔ႀကီးရဲ႕ သက္တမ္း (၇၅) ႏွစ္ ရွိလာခ်ိန္မွာ ဒီလို ကာလအတြင္း ကိုဗစ္ကပ္ေရာဂါ အဆုံးသတ္ေရး လုပ္ေဆာင္ႏိုင္ဖို႔ကို အေလးထား ေဆြးေႏြးေနၾကတာ ျဖစ္ပါတယ္။ ကိုဗစ္ေၾကာင့္ ကမာၻ႔လူဦးေရ (၁၅)သန္းေလာက္ ေသဆုံးခဲ့ရၿပီ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

........................................

ကိုဗစ်ကပ်ရောဂါ မလွန်မြောက်သေးကြောင်း WHO သတိပေး

{{Zawgyi/Unicode}}
ကိုဗစ် ကပ်ရောဂါ မပြီးဆုံးသေးဘူးဆိုတာ အတော့်ကို သေချာပါတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ Tedros Adhanom Ghebreyesus က တနင်္ဂနွေနေ့မှာ သတိပေးလိုက်ပါတယ်။ ကုလသမဂ္ဂ အေဂျင်စီတွေရဲ့ နှစ်ပတ်လည် ညီလာခံ ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့တာပါ။

“ နေရာတိုင်းမှာ ကိုဗစ် ကူးစက်မှုတွေ မရှိတော့ဘူးလို့ မပြောနိုင် သေးသ၍ ဒီကပ်ရောဂါကြီး ပြီးဆုံးသွားပါပြီလို့ ပြောလို့ မရပါဘူး။ ကမ္ဘာတလွှား နိုင်ငံပေါင်း (၇၀) လောက်မှာ ကိုဗစ် ကူးစက်မှု တိုးနေတယ်ဆိုတဲ့ သတင်းတွေ ကျနော်တို့ ရရှိထားပါတယ်။ ဒီကြားထဲ ကိုဗစ် စမ်းသပ် စစ်ဆေးမှုနှုန်းကလည်း ကျဆင်းနေပါတယ်။ ” လို့ ပြောသွားတာပါ။

ဂျနီဗာမှာ ဒီသီတင်းပတ်ထဲ လူကိုယ်တိုင် ပထမဆုံး တက်ကြရောက်တဲ့ ကမ္ဘာ့ကျန်းမာရေးညီလာခံကို နိုင်ငံအသီးသီးက ကျန်းမာရေးဝန်ကြီး (၁၀၀) ကျော် တက်ရောက်နေပါတယ်။ ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ မူဝါဒ ချမှတ်ရေးမှာ WHO ရဲ့အခန်းကဏ္ဍနဲ့ ပတ်သက်လို့ ဂျနီဗာမှာ ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

WHO အဖွဲ့ကြီးရဲ့ သက်တမ်း (၇၅) နှစ် ရှိလာချိန်မှာ ဒီလို ကာလအတွင်း ကိုဗစ်ကပ်ရောဂါ အဆုံးသတ်ရေး လုပ်ဆောင်နိုင်ဖို့ကို အလေးထား ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ ကိုဗစ်ကြောင့် ကမ္ဘာ့လူဦးရေ (၁၅)သန်းလောက် သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။

XS
SM
MD
LG