သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Tembin မုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ ၁၆၀ ကျော်သေ


ဖိလစ်ပိုင်ငံမှာ လူပေါင်း ၁၆၄ ယောက်ထက်မနည်း သေဆုံးခဲ့ရပြီး အများအပြား ပျောက်ဆုံးနေဆဲ ဖြစ်တဲ့အထိ ကြုံခဲ့ရတဲ့ အင်အားပြင်း မုန်တိုင်းဟာ ဒီကနေ့ အင်္ဂါနေ့မှာတော့ အားပျော့သွားခဲ့ပြီး ဗီယက်နန်နိုင်ငံလည်း မုန်တိုင်းဒဏ်ကနေ လွတ်သွားခဲ့ပါတယ်။

ဖိလစ်ပိုင်မှာတော့ အပူပိုင်းမုန်တိုင်း Tembim ကြောင့် ပျက်စီးသွားခဲ့တဲ့ ထိခိုက်ဆုံးရှုံးမှုတွေကို တွက်ချက် စစ်ဆေးတာတွေ စတင် လုပ်ဆောင်နေသလို၊ ပျောက်ဆုံးနေသူတွေကိုလည်း ဆက်လက် ရှာဖွေနေကြပါတယ်။

မုန်တိုင်းကြောင့် ဖိလစ်ပိုင် တောင်ပိုင်းမှာ လူ ၇ သောင်းကျော် အိုးအိမ်တွေ ဆုံးရှုံးခဲ့ကြရတယ်လို့ သဘာဝဘေးဒုက္ခ ကိုင်တွယ်ရေးဆိုင်ရာ အစိုးရအရာရှိတွေက ပြောပါတယ်။ မုန်တိုင်းနဲ့ ပတ်သက်တဲ့ အစောပိုင်း သတိပေးချက်တွေကို ဒေသခံအများအပြားက အလေးမထားခဲ့ကြဘဲ၊ ပြင်းထန်တဲ့ မုန်တိုင်း ဝင်ရောက်ချိန်ကျမှ ထိတ်လန့် တုန်လှုပ်ခဲ့ကြတာ ဖြစ်တယ်လို့လည်း အစိုးရအရာရှိတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG