သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ATP တင်းနစ် Wawrinka နဲ့ Federer ဆီမီး ဖိုင်နယ်မှာ တွေ့မည်


ဆွစ်ဇာလန်နိုင်ငံက Stan Wawrinka။
ဆွစ်ဇာလန်နိုင်ငံက Stan Wawrinka။

လန်ဒန်မှာ ကျင်းပနေတဲ့ ATP World Tours တင်းနစ်ပြိုင်ပွဲမှာတော့ ဆွစ်ဇာလန်နိုင်ငံက စတန်ဝေါ်ရင်ကား (Stan Wawrinka) က ဗြိတိန်က အန်ဒီမာရီ (Andy Murray) ကို အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်သွားပြီဖြစ်ပါတယ်။

သောကြာနေ့က အုပ်စုပတ်လည်နောက်ဆုံးပွဲကို ကစားကြတာမှာ စတန်ဝေါ်ရင်းကား က ၇-၆၊ ၆-၄ နဲ့ ၂ ပွဲ ပြတ် အနိုင်ရသွားခဲ့တာပါ။ ဒါကြောင် ဝေါ်ရင်းကားဟာ ဆီမီးဖိုင်နယ်ကို တက်သွားပြီး သူဟာ ဒီကနေ့ စနေနေ့မှာ သူနဲ့ တနိုင်ငံတည်းသား ရော်ဂျာဖယ်ဒရာ နဲ့ ကစားရမှာဖြစ်ပါတယ်။

အန်ဒီမာရီကတော့ ဒီပွဲရှုံးသွားတဲ့ အတွက် ဆီမီးဖိုင်နယ်ကို မတက်နိုင်ဘဲ ပြိုင်ပွဲကနေ ထွက်သွားရပြီဖြစ်ပါတယ်။ နောက် ဆီမီးဖိုင်နယ်မှာတော့ ကမ္ဘာ့နံပါတ် ၁ နိုဗက် ဂျိုကိုဗစ်ချ် နဲ့ စပိန်က ရာဖဲလ်နဒါးလ်တို့ ကစားကြမှာဖြစ်ပါတယ်။

XS
SM
MD
LG