သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကမာၻတဝွမ္း အေမရိကန္ႏိုင္ငံသားေတြကို ကန္ႏိုင္ငံျခားေရး သတိေပး


အေမရိကန္က အေဝးထိန္းဒ႐ုန္းနဲ႔ သုတ္သင္လိုက္တဲ့ အယ္လ္ကိုင္းဒါးေခါင္းေဆာင္ Ayman al-Zawahiri

[[Zawgyi/Unicode]]

Al Qaeda ေခါင္းေဆာင္ al-Zawahiri ကိုအေမရိကန္က အေဝးထိန္း Drone နဲ႔ သုတ္သင္ခဲ့ၿပီးေနာက္ ကမာၻတဝန္းမွာရွိတဲ့ အေမရိကန္ေတြအေပၚ ဆန႔္က်င္အၾကမ္းဖက္မႈေတြ တိုးလာႏိုင္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဌာနက သတိေပးခ်က္ထုတ္ျပန္လိုက္ပါတယ္။

လက္ရွိရရွိထားတဲ့ အခ်က္အလက္ေတြအရ ကမာၻ႔ေဒသစုံမွာရွိေနၾကတဲ့ အေမရိကန္ အက်ိဳးစီးပြားေတြအေပၚ အၾကမ္းဖက္တိုက္ခိုက္မႈေတြလုပ္ဖို႔ အၾကမ္းဖက္ အဖြဲ႕ေတြက စီစဥ္ေနၾကတယ္လို႔ ႏိုင္ငံျခားေရးဌာနရဲ႕ အဂၤါေန႔က ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ အေသခံတိုက္ခိုက္မႈေတြ၊ လုပ္ႀကံသတ္ျဖတ္မႈေတြ၊ ဖမ္းဆီးေခၚေဆာင္မႈေတြ၊ ျပန္ေပးဆြဲမႈေတြ၊ ဗုံးခြဲတိုက္ခိုက္မႈေတြလို နည္းမ်ိဳးစုံနဲ႔ တိုက္ခိုက္ႏိုင္တယ္လို႔ သတိေပးပါတယ္။ Al Qaeda ဒါမွမဟုတ္ သူနဲ႔ဆက္ႏြယ္ေနတဲ့ အၾကမ္းဖက္အဖြဲ႕ေတြက၊ အေမရိကန္ႏိုင္ငံသားေတြ၊ အေမရိကန္ေတြ ရွိတဲ့ေနရာေတြ၊ အေမရိကန္အစိုးရဝန္ထမ္းေတြအေပၚ တိုက္ခိုက္မႈေတြ လုပ္လာႏိုင္တယ္လို႔ ကမာၻတဝန္းက အေမရိကန္ေတြအတြက္ ထုတ္ျပန္တဲ့ သတိေပးခ်က္မွာ ေျပာထားပါတယ္။

အေမရိကန္မွာ ၂၀၀၁ ခုႏွစ္ စက္တင္ဘာ ၁၁ ရက္က အၾကမ္းဖက္ခိုက္မႈႀကီးကို အဓိကစီစဥ္ေဆာင္႐ြက္ခဲ့သူ al-Zawahiri ေသဆုံးသြားတဲ့အတြက္ အေမရိကန္ဆန္႔က်င္တဲ့ အၾကမ္းဖက္မႈေတြ ျဖစ္လာႏိုင္ေျချမင့္တက္ခဲ့တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဌာနက ေျပာပါတယ္။ ႏိုင္ငံရပ္ျခားမွာေရာက္ေနၾကတဲ့ အေမရိကန္ႏိုင္ငံသားေတြအေနနဲ႔ ႏိုင္ငံျခားေရးဌာနက ထုတ္ျပန္တဲ့ ခရီးသြားသတိေတြကို နားစြင့္ ထားၾကဖို႔၊ ေရာက္ေနရာအရပ္က သတင္းေတြကို မ်က္ေျခမျပတ္ၾကဖို႔နဲ႔ အေမရိကန္သံ႐ုံး၊ ေကာင္စစ္႐ုံးေတြနဲ႔ အဆက္အသြယ္မျပတ္ၾကဖို႔လည္း အႀကံျပဳထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

[[Unicode]]


ကမ္ဘာတဝှမ်း အမေရိကန်နိုင်ငံသားတွေကို ကန်နိုင်ငံခြားရေး သတိပေး

Al Qaeda ခေါင်းဆောင် al-Zawahiri ကိုအမေရိကန်က အဝေးထိန်း Drone နဲ့ သုတ်သင်ခဲ့ပြီးနောက် ကမ္ဘာတဝန်းမှာရှိတဲ့ အမေရိကန်တွေအပေါ် ဆန့်ကျင်အကြမ်းဖက်မှုတွေ တိုးလာနိုင်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိရရှိထားတဲ့ အချက်အလက်တွေအရ ကမ္ဘာ့ဒေသစုံမှာရှိနေကြတဲ့ အမေရိကန် အကျိုးစီးပွားတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်ဖို့ အကြမ်းဖက် အဖွဲ့တွေက စီစဉ်နေကြတယ်လို့ နိုင်ငံခြားရေးဌာနရဲ့ အင်္ဂါနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အသေခံတိုက်ခိုက်မှုတွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေ၊ ဖမ်းဆီးခေါ်ဆောင်မှုတွေ၊ ပြန်ပေးဆွဲမှုတွေ၊ ဗုံးခွဲတိုက်ခိုက်မှုတွေလို နည်းမျိုးစုံနဲ့ တိုက်ခိုက်နိုင်တယ်လို့ သတိပေးပါတယ်။ Al Qaeda ဒါမှမဟုတ် သူနဲ့ဆက်နွယ်နေတဲ့ အကြမ်းဖက်အဖွဲ့တွေက၊ အမေရိကန်နိုင်ငံသားတွေ၊ အမေရိကန်တွေ ရှိတဲ့နေရာတွေ၊ အမေရိကန်အစိုးရဝန်ထမ်းတွေအပေါ် တိုက်ခိုက်မှုတွေ လုပ်လာနိုင်တယ်လို့ ကမ္ဘာတဝန်းက အမေရိကန်တွေအတွက် ထုတ်ပြန်တဲ့ သတိပေးချက်မှာ ပြောထားပါတယ်။

အမေရိကန်မှာ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်က အကြမ်းဖက်ခိုက်မှုကြီးကို အဓိကစီစဉ်ဆောင်ရွက်ခဲ့သူ al-Zawahiri သေဆုံးသွားတဲ့အတွက် အမေရိကန်ဆန့်ကျင်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်ခြေမြင့်တက်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ နိုင်ငံရပ်ခြားမှာရောက်နေကြတဲ့ အမေရိကန်နိုင်ငံသားတွေအနေနဲ့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ခရီးသွားသတိတွေကို နားစွင့် ထားကြဖို့၊ ရောက်နေရာအရပ်က သတင်းတွေကို မျက်ခြေမပြတ်ကြဖို့နဲ့ အမေရိကန်သံရုံး၊ ကောင်စစ်ရုံးတွေနဲ့ အဆက်အသွယ်မပြတ်ကြဖို့လည်း အကြံပြုထားပါတယ်။

XS
SM
MD
LG