သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Texas ဂျူးဘုရားကျောင်း ပြန်ပေးသမားကို ဖော်ထုတ်လိုက်ပြီ


ဓားစာခံအဖြစ် ဖမ်းဆီးခံရတဲ့ ဂျူးဘုရားရှိခိုးကျောင်းအနီး လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ဝင်များ။ (ဇန်နဝါရီ ၁၆၊ ၂၀၂၂)
ဓားစာခံအဖြစ် ဖမ်းဆီးခံရတဲ့ ဂျူးဘုရားရှိခိုးကျောင်းအနီး လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ဝင်များ။ (ဇန်နဝါရီ ၁၆၊ ၂၀၂၂)

(Zawgyi / Unicode)

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်က ဂျူးဘုရားရှိခိုးကျောင်းမှာ စနေနေ့က လူလေးဦးကို ၁၀ နာရီကြာ ဓားစာခံအဖြစ် ဖမ်းဆီးခဲ့သူဟာ အသက် ၄၄ နှစ်အရွယ် ဗြိတိန်နိုင်ငံသားဖြစ်ကြောင်း အမေရိကန် အာဏာပိုင်တွေက တနင်္ဂနွေနေ့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သူ့ကိုတော့ အဲဒီဘုရားရှိခိုးကျောင်းမှာပဲ အမေရိကန် FBI နဲ့ SWAT လုံခြုံရေးအဖွဲ့ွတွေက သေနတ်နဲ့ပစ်ပြီး အသေဖမ်းဆီးခဲ့တာပါ။

ဓားစာခံအဖြစ် လူတွေကို ဖမ်းဆီးခဲ့သူရဲ့ လုပ်ရပ်ဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ လုပ်ရပ်အဖြစ် သမ္မတ ဂျိုးဘိုင်ဒန်က ရှုတ်ချပြောဆိုခဲ့ပါတယ်။

တိုက်ရိုက်ထုတ်လွှင့်ပြသချက်တွေအရ ဓားစာခံတွေကို ဖမ်းဆီးခဲ့တဲ့ Malik Faisal Akram ဟာ အမေရိကန်စစ်တပ် အရာရှိတွေကို သတ်ဖို့ ကြိုးပမ်းမှုနဲ့ အမေရိကန် အကျဉ်းထောင်မှာ ထောင်ဒဏ် ၈၆ နှစ် ချမှတ်ခံထားရတဲ့ ပါကစ္စတန် အမျိုးသမီး အာရုံကြောခွဲစိတ်အထူးကု Aafia Siddiqui ကို လွှတ်ပေးဖို့ အော်ဟစ်တောင်းဆိုခဲ့တဲ့ အသံတွေ ကြားခဲ့ရတာပါ။ Siddiqui ဟာ အမေရိကန် နာမည်ကြီး တက္ကသိုလ်တွေမှာ တက်ရောက်ပညာသင်ကြားခဲ့သူ ဖြစ်ပါတယ်။

Fort Worth အနီးက Beth Israel အသင်းတော်ကျောင်းမှာ စနေနေ့က ဓားစာခံလေးဦးကို ဖမ်းဆီးခဲ့တဲ့ ဗြိတိန်နိုင်ငံသား Malik Faisal Akram ကို အဲဒီည ၉ နာရီလောက် နောက်ဆုံးဓားစာခံ ဘုရားကျောင်းက ထွက်လာပြီးနောက်မှာ အမေရိကန် လုံခြုံရေးတပ်ဖွဲ့က ပစ်သတ်ဖမ်းဆီးခဲ့ပါတယ်။

တနင်္ဂနွေနေ့က ထုတ်ပြန်တဲ့ FBI ရဲ့ ကြေညာချက်မှာတော့ Malik Faisal Akram ရဲ့ အကြမ်းဖက်လုပ်ရပ်မှာ အခြားမည်သူမျှ ပါဝင်တဲ့ အရိပ်အယောင် မရှိခဲ့ဘူးလို့ ဖော်ပြထားပေမယ့် ဖြစ်နိုင်တဲ့ ရည်ရွယ်ချက်ကိုတော့ ရေးသားထားခြင်း မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

--------------------

(Unicode)







XS
SM
MD
LG