[[Zawgyi/Unicode]]
Texas ျပည္နယ္ Uvalde ၿမိဳ႕က Robb မူလတန္းေက်ာင္းမွာ ဆယ္ေက်ာ္သက္အရြယ္ ေသနတ္သမားလက္ခ်က္နဲ႔ ကေလးငယ္ ၁၉ ဦးနဲ႔ ဆရာဆရာမ ၂ ဦး ေသဆံုးခဲ့ရတဲ့ ပစ္ခတ္မႈျဖစ္ ထားတာ ရက္ပိုင္းပဲရွိေနခ်ိန္ Texas ျပည္နယ္ Houston ၿမိဳ႕မွာ အမ်ိဳးသား ႐ိုင္ဖယ္အသင္း NRA ရဲ႕ ႏွစ္ပတ္လည္ ညီလာခံ ဒီကေန႔ စတင္ က်င္းပမွာျဖစ္ပါတယ္။
ဒီညီလာခံမွာ လူကိုယ္တိုင္ တက္ေရာက္မိန္႔ခြန္းေျပာဖို႔ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး Gregg Abbott က အေစာပိုင္းစီစဥ္ခဲ့ေပမယ့္ ခုေတာ့ ဒီ အစီအစဥ္ကိုဖ်က္ၿပီး Uvalde ၿမိဳ႕ကို သြားေရာက္မွာျဖစ္ပါတယ္။ အေမရိကန္ျပည္ေထာင္စုမွာ လက္နက္ကိုင္ေဆာင္ခြင့္ ဆက္ရွိေနဖို႔ အဓိက စည္း႐ံုးေျပာဆိုေနတဲ့ NRA ႐ိုင္ဖယ္အသင္းရဲ႕ ၃ ရက္ၾကာညီလာခံမွာ အေမရိကန္သမၼတေဟာင္း Donald Trump ကေတာ့ မိန္႔ခြန္း ေျပာၾကားဖို႔ ရွိေနဆဲပါ။ အဂၤါေန႔က မူလတန္းေက်ာင္းမွာျဖစ္ပြားတဲ့ ပစ္ခတ္မႈကို Texas ရဲတပ္ဖြဲ႔ရဲ႕တုံ႔ျပန္မႈ ၾကန္႔ၾကာခဲ့တဲ့အေပၚ ျပင္းျပင္းထန္ထန္ ေမးခြန္းထုတ္ခံ ေနရပါတယ္။
အထက္တန္းေက်ာင္းမၿပီးခင္ ေက်ာင္းထြက္ထားတဲ့ ေသနတ္သမား Salvador Ramos ဟာ ရဲတပ္ဖြဲ႔ေတြ ေရာက္မလာခင္ ၄ တန္းေက်ာင္းစာသင္ခန္းထဲမွာ မိနစ္ ၄၀ ကေန ၁ နာရီနီးပါး ပစ္ခတ္ခဲ့လို႔ ၂၁ ေယာက္ ေသဆံုးခဲ့ရတာ ျဖစ္တယ္လို႔ အစိုးရအရာရွိေတြက ေျပာပါတယ္။ ေက်ာင္းဝန္းထဲ ပိတ္မိေနတဲ့ေက်ာင္းသားေတြရဲ႕ မိဘေတြ၊ လမ္းေဘးမွာ စုေဝး ၾကည့္ေနၾကသူေတြက ရဲတပ္ဖြဲ႔ေတြ ေက်ာင္းဝန္းထဲ အျမန္ဆံုးဝင္ၿပီး ေသနတ္သမားက ပစ္ခတ္ သတ္ျဖတ္ေနတာကို ပ္ဖို႔ ေအာ္ဟစ္ ေျပာဆိုခဲ့ၾကတယ္လို႔ မ်က္ျမင္ေတြက ေျပာပါတယ္။ ေသနတ္သမားဟာ ေက်ာင္းတံခါး ေသာ့ခတ္မထားတဲ့အတြက္ အတားအဆီးမရွိ ဝင္သြားႏိုင္ ခဲ့ၿပီး အဲ့ဒီအခ်ိန္မွာ ေက်ာင္းလံုျခံဳေရးအရာရွိ တဦးမွရွိမေနဘူးလို႔ တကၠဆက္ ျပည္သူ႔လံုျခံဳေရး ဌာနရဲ႕ ေဒသဆိုင္ရာ ၫႊန္ၾကားေရးမွဴး Victor Escalon ကေျပာပါတယ္။
===============
[[Unicode]]
၂၁ ဦးသေဆုံးတဲ့အထိပစ်ခတ်မှုဖြစ်ခဲ့တဲ့ Texas ပြည်နယ်မှာ NRA ညီလာခံကျင်းပ
Texas ပြည်နယ် Uvalde မြို့က Robb မူလတန်းကျောင်းမှာ ဆယ်ကျော်သက်အရွယ် သေနတ်သမားလက်ချက်နဲ့ ကလေးငယ် ၁၉ ဦးနဲ့ ဆရာဆရာမ ၂ ဦး သေဆုံးခဲ့ရတဲ့ ပစ်ခတ်မှုဖြစ် ထားတာ ရက်ပိုင်းပဲရှိနေချိန် Texas ပြည်နယ် Houston မြို့မှာ အမျိုးသား ရိုင်ဖယ်အသင်း NRA ရဲ့ နှစ်ပတ်လည် ညီလာခံ ဒီကနေ့ စတင် ကျင်းပမှာဖြစ်ပါတယ်။
ဒီညီလာခံမှာ လူကိုယ်တိုင် တက်ရောက်မိန့်ခွန်းပြောဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Gregg Abbott က အစောပိုင်းစီစဉ်ခဲ့ပေမယ့် ခုတော့ ဒီ အစီအစဉ်ကိုဖျက်ပြီး Uvalde မြို့ကို သွားရောက်မှာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ လက်နက်ကိုင်ဆောင်ခွင့် ဆက်ရှိနေဖို့ အဓိက စည်းရုံးပြောဆိုနေတဲ့ NRA ရိုင်ဖယ်အသင်းရဲ့ ၃ ရက်ကြာညီလာခံမှာ အမေရိကန်သမ္မတဟောင်း Donald Trump ကတော့ မိန့်ခွန်း ပြောကြားဖို့ ရှိနေဆဲပါ။ အင်္ဂါနေ့က မူလတန်းကျောင်းမှာဖြစ်ပွားတဲ့ ပစ်ခတ်မှုကို Texas ရဲတပ်ဖွဲ့ရဲ့တုံ့ပြန်မှု ကြန့်ကြာခဲ့တဲ့အပေါ် ပြင်းပြင်းထန်ထန် မေးခွန်းထုတ်ခံ နေရပါတယ်။
အထက်တန်းကျောင်းမပြီးခင် ကျောင်းထွက်ထားတဲ့ သေနတ်သမား Salvador Ramos ဟာ ရဲတပ်ဖွဲ့တွေ ရောက်မလာခင် ၄ တန်းကျောင်းစာသင်ခန်းထဲမှာ မိနစ် ၄၀ ကနေ ၁ နာရီနီးပါး ပစ်ခတ်ခဲ့လို့ ၂၁ ယောက် သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ အစိုးရအရာရှိတွေက ပြောပါတယ်။ ကျောင်းဝန်းထဲ ပိတ်မိနေတဲ့ကျောင်းသားတွေရဲ့ မိဘတွေ၊ လမ်းဘေးမှာ စုဝေး ကြည့်နေကြသူတွေက ရဲတပ်ဖွဲ့တွေ ကျောင်းဝန်းထဲ အမြန်ဆုံးဝင်ပြီး သေနတ်သမားက ပစ်ခတ် သတ်ဖြတ်နေတာကို ပ်ဖို့ အော်ဟစ် ပြောဆိုခဲ့ကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ သေနတ်သမားဟာ ကျောင်းတံခါး သော့ခတ်မထားတဲ့အတွက် အတားအဆီးမရှိ ဝင်သွားနိုင် ခဲ့ပြီး အဲ့ဒီအချိန်မှာ ကျောင်းလုံခြုံရေးအရာရှိ တဦးမှရှိမနေဘူးလို့ တက္ကဆက် ပြည်သူ့လုံခြုံရေး ဌာနရဲ့ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Victor Escalon ကပြောပါတယ်။
===============