သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏြယ္မရိန္းတပ္ၾကပ္ မသဲဥျဖစ္ရပ္နဲ႔ ကန္တပ္တြင္း လိင္ေစာ္ကားမႈစုံစမ္းပုံ


အေမရိကန္စစ္တပ္ အက်ဥ္းေထာင္မွာ ထိန္းသိမ္းခံထားရတဲ့ မသဲဥ။ (ဓာတ္ပုံ -Thae Ohu's Facebook)

[Zawgyi/Unicode]

အေမရိကန္မရိန္း တပ္ဖြဲ႕အတြင္း လိင္ပိုင္းဆိုင္ရာေစာ္ကားမႈ တိုင္ၾကားခ်က္ေတြနဲ႔ပတ္သက္လို႔ ဆက္သြယ္ေမးျမန္းထားတာကို တင္ျပေပးပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မခင္ျဖဴေထြး ေျပာျပမွာပါ။

အေမရိကန္စစ္တပ္ အက်ဥ္းေထာင္မွာ ထိန္းသိမ္းခံထားရတဲ့ မသဲဥ။ (ဓာတ္ပုံ -Thae Ohu's Facebook)
အေမရိကန္စစ္တပ္ အက်ဥ္းေထာင္မွာ ထိန္းသိမ္းခံထားရတဲ့ မသဲဥ။ (ဓာတ္ပုံ -Thae Ohu's Facebook)

အေမရိကန္ မရိန္းတပ္ဖြဲ႕အတြင္း လိင္ပိုင္းဆိုင္ရာ မတရားျပဳက်င့္မႈ၊ ေႏွာက္ယွက္ေစာ္ကားမႈေတြ ျဖစ္လာရင္ စနစ္တက် အေရးယူကိုင္တြယ္တဲ့နည္းလမ္းေတြ အခိုင္အမာရွိထားပါတယ္လို႔ အေမရိကန္မရိန္းတပ္ဖြဲ႕ ေျပာခြင့္ရ ဗိုလ္ႀကီး Casey Littesy က ေျပာပါတယ္။ အေမရိကန္ မရိန္းတပ္ဖြဲ႕အတြင္း လြန္ခဲ့တဲ့ ၅ ႏွစ္ေလာက္က လိင္ပိုင္းဆိုင္ရာ ေစာ္ကားခံခဲ့ရတာေၾကာင့္ စိတ္ဖိစီးမႈေတြ ႀကဳံခဲ့ရတယ္လို႔ ဆိုတဲ့ အေမရိကန္ မရိန္းတပ္ဖြဲ႕က တပ္ၾကပ္ မသဲဥ ျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ေမးျမန္းခ်ိန္မွာ ခုလို ေျဖၾကားခဲ့တာပါ။ မသဲဥကေတာ့ အတူေန ခ်စ္သူရည္းစားကို လက္နက္နဲ႔ အၾကမ္းဖက္တာေတြ ရွိခဲ့တယ္ ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ၿပီးခဲ့တဲ့ ဧၿပီလ ကစၿပီး စစ္အက်ဥ္းေထာင္တခုမွာ ခ်ဳပ္ေႏွာင္ခံထားရၿပီး တရားရင္ဆိုင္ေနရတာ ျဖစ္ပါတယ္။ မသဲဥရဲ႕ မိသားစုေတြကေတာ့ ခုလိုအေျခအေနျဖစ္ရတာဟာ လိင္ပိုင္းဆိုင္ရာ ေစာ္ကားခံရၿပီးေနာက္ပိုင္း ျဖစ္လာတဲ့ သူ႔ရဲ႕ စိတ္ေဝဒနာေၾကာင့္လို႔ ေျပာပါတယ္။

ဗိုလ္ႀကီး Littesy ကေတာ့ - မသဲဥ ျဖစ္ရပ္နဲ႔ ပတ္သက္လို႔ေတာ့ စုံစမ္းစစ္ေဆးမႈေတြ လုပ္ေနဆဲ တရားေရးဆိုင္ရာ ကိစၥတခုျဖစ္တာေၾကာင့္ေရာ၊ မသဲဥရဲ႕ ပုဂၢိဳလ္ေရးဆိုင္ရာ အခြင့္အေရးကို ေလးစားရမွာျဖစ္လို႔ သူ႔အေနနဲ႔ ဘာမွ မွတ္ခ်က္ေပး မေျပာႏိုင္ဘူးလို႔ ေျပာပါတယ္။ ဒါေပမဲ့ မရိန္းတပ္ဖြဲ႕အတြင္းမွာ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္ ေစာ္ကားမႈေတြကို အေလးအနက္ထား ကိုင္တြယ္ တုံ႔ျပန္ေနတဲ့အေၾကာင္း ေျပာပါတယ္။

“က်မအေနနဲ႔ စစ္တပ္ တခုလုံးကိုယ္စား ေျပာတာမဟုတ္သလို၊ ကာကြယ္ေရး ဝန္ႀကီးဌာန အေနနဲ႔လည္း ေျပာခြင့္မရွိပါဘူး။ မရိန္းတပ္ဖြဲ႕ထဲက အေျခအေနကိုပဲ ေျပာႏိုင္ပါတယ္။ ကာကြယ္ေရးဌာနကထုတ္ျပန္တဲ့ စစ္တပ္အတြင္း လိင္ပိုင္းဆိုင္ရာ မတရားျပဳက်င့္မႈေတြနဲ႔ ပတ္သက္လို႔ ၂၀၁၉ ခုႏွစ္ ႏွစ္ပတ္လည္ အစီရင္ခံစာကိုၾကည့္ရင္ေတာ့ မရိန္းတပ္ဖြဲ႕ဝင္ေတြၾကား ဒီလိုျဖစ္ရပ္ေတြက က်ဆင္းသြားတာကို ေတြ႕ရပါလိမ့္မယ္။ ဒါေပမဲ့လည္း လိင္ပိုင္းဆိုင္ရာ မတရားျပဳမႈေတြနဲ႔ပတ္သက္လာရင္ အသိေပးတိုင္ၾကားမႈေတြ နည္းပါးတယ္ဆိုတဲ့အခ်က္ကို က်မတို႔ နားလည္ လက္ခံထားတာေၾကာင့္ အစီရင္ခံစာထဲမွာ ဒီလိုျဖစ္ရပ္ေတြ က်ဆင္းသြားတယ္ဆိုတာကို ၾကည့္ၿပီး ဒါေတြ တကယ္ပဲ က်ဆင္းလာတာလို႔ေတာ့ က်မတို႔ တထစ္ခ် ခံယူမထားပါဘူး။ မရိန္းတပ္ဖြဲ႕အေနနဲ႔ လိင္ပိုင္းဆိုင္ရာ မတရားျပဳက်င့္မႈေတြ၊ ေႏွာက္ယွက္ေစာ္ကားမႈေတြကို တိုက္ဖ်က္ဖို႔ သႏၷိဌာန္ အခိုင္အမာ ခ်မွတ္ လုပ္ေဆာင္ေနတယ္ ဆိုတာကိုေတာ့ ေျပာႏိုင္ပါတယ္။"

ျမန္မာ-အေမရိကန္တဦးျဖစ္တဲ့ မရိန္းတပ္ဖြဲ႕က တပ္ၾကပ္ မသဲဥ ကေတာ့ လြန္ခဲ့တဲ့ ၅ ႏွစ္ေလာက္က ဂ်ပန္ႏိုင္ငံ အိုကီနာဝါကြၽန္းမွာ အေမရိကန္မရိန္းတပ္ဖြဲ႕ဝင္တေယာက္အေနနဲ႔ တာဝန္ထမ္းေဆာင္ေနတဲ့ အခ်ိန္မွာပဲ တျခား မရိန္းတပ္သားတဦးက မတရားျပဳက်င့္တာကို ခံခဲ့ရၿပီး ဒီအေပၚမွာ အထက္အရာရွိက တာဝန္ယူ ေျဖရွင္းေပးတာမရွိတဲ့အတြက္ ျပင္းထန္တဲ့ စိတ္ဖိစီးမႈ ေဝဒနာ ခံစားခဲ့ရတယ္လို႔ မသဲဥရဲ႕ ဖခင္ ဦးအာယုက ေျပာပါတယ္။

“က်ေနာ့္သမီးဟာ အိုကီနာဝါကြၽန္းစုမွာေနကတည္းကိုက အဲ့ဒီစိတ္ေဝဒနာက သူ႔ရဲ႕အထက္အရာရွိ သို႔မဟုတ္ သူနဲ႔လုပ္ေဖာ္ကိုင္ဖက္ကေန သူ႔ကို sexual assaults လို႔ေခၚတာေပါ့ေနာ္ သူတို႔ေခၚတာကေတာ့။ အဲ့ဒါေတြ လုပ္တဲ့အတြက္ေၾကာင့္ အဲ့ဒီအေပၚမွာ သူ စိတ္အေႏွာက္အယွက္ အမ်ားႀကီး ျဖစ္ခဲ့ရတယ္။ ျဖစ္ခဲ့ၿပီးေတာ့ သူက United States ကို ျပန္ေရာက္တယ္။ ေရာက္ၿပီးေတာ့ သူက သူ႔ base ကို ျပန္ေရာက္တဲ့အခ်ိန္မွာ သူ႔ရဲ႕ အထက္အရာရွိကို ဒါကို အခ်က္အလက္နဲ႔တကြ သူ တိုင္တယ္။ သူ တိုင္တဲ့စာ မိတၱဴေလး က်ေနာ့္ဆီကို ပို႔လာတယ္။ သူ ဒါနဲ႔ပတ္သက္ၿပီး အၿမဲတမ္း စိတ္ စေနာင့္စနင္းျဖစ္တယ္။ စိတ္ခံစားခ်က္ မေကာင္းဘူး။ သူ႔ရဲ႕အထက္အရာရွိကို ဒီအေၾကာင္းေတြကို တိုင္တယ္။ တိုင္တဲ့အခါမွာလည္း သူတို႔က ဒါနဲ႔ပတ္သက္လို႔ ထိထိေရာက္ေရာက္ အေရးမယူဘူး။”

ဒီ စိတ္ဖိစီးမႈေတြေၾကာင့္ပဲ မသဲဥဟာ အတူေနသူ အေပၚ လက္နက္နဲ႔ၿခိမ္းေျခာက္တဲ့အထိ ျဖစ္ခဲ့ေပမဲ့ ဒါဟာ တမင္ ရည္႐ြယ္ခ်က္နဲ႔ ထိခိုက္ေအာင္ လုပ္ခဲ့တာမဟုတ္ဘူးလို႔ ဦးအာယုက ေျပာပါတယ္။ မသဲဥကို စြပ္စြဲထားတဲ့အမႈမွာ လက္နက္နဲ႔ၿခိမ္းေျခာက္ခံရသူျဖစ္တဲ့ မသဲဥရည္းစား မိုက္ကယ္လ္ ကိုယ္တိုင္ကလည္း ဒါကိုနားလည္တဲ့အတြက္ အမႈကို ျပန္႐ုပ္သိမ္းေပးဖို႔ ေတာင္းဆိုထားပါတယ္။

ဒီလ ၇ ရက္ေန႔က မသဲဥရဲ႕ အမႈကို စစ္တရား႐ုံးမွာ ပထမဆုံး အႀကိမ္ ၾကားနာရာမွာလည္း မသဲဥေရွ႕ေနက ဒီအခ်က္ကို အဓိက ေလ ွ်ာက္ထားခဲ့တယ္လို႔ ဦးအာယုက ေျပာျပပါတယ္။

“အဲ့ဒီအခင္းျဖစ္တဲ့ေန႔က မိုက္ကယ္လ္ရဲ႕အိမ္မွာ တပ္ထားတဲ့ ဗြီဒီယိုကင္မရာကို ယူၿပီးေတာ့ အဲ့ဒီ ကင္မရာထဲမွာ ျပထားတဲ့အခ်က္ေတြကို နင္းၿပီးေတာ့ သူတို႔ ေျပာသြားတယ္။ အဲ့ဒါပဲ သူတို႔ေျပာတယ္။ ဒီဘက္က ေရွ႕ေနကလည္း ျပန္ေျပာတယ္။ အခုလိုျဖစ္ရတဲ့အေၾကာင္းရင္းဟာ က်ေနာ့္သမီးရဲ႕ ႏွစ္ေပါင္းမ်ားစြာ စာမ်က္ႏွာ ၁,၀၀၀ ေက်ာ္ရွိတဲ့ report ေတြအရ သူဟာ စိတ္ေရာဂါကို ျပင္းထန္စြာ ခံစားေနရတယ္။ ဒါေၾကာင့္မိုလို႔ သူဟာ ဒီလိုမ်ိဳး သူ႔ရဲ႕ behavior (အျပဳအမူ) ေတြက ၾကမ္းတမ္းရျခင္းျဖစ္တယ္။ ဒါေၾကာင့္မိုလို႔ သူ႔ကို ပို႔ရမွာက confinement (အက်ဥ္းေထာင္) မဟုတ္ဘူး။ သူ႔ကိုပို႔ရမွာက ေဆး႐ုံျဖစ္တယ္လို႔ ေရွ႕ေနက ေလ ွ်ာက္လဲသြားတယ္။”

အမႈနဲ႔ပတ္သက္လို႔ကေတာ့ ကနဦးအဆင့္ ႏွစ္ဘက္ေရွ႕ေနေတြရဲ႕ေလ ွ်ာက္လဲခ်က္ေတြကို နားေထာင္တဲ့ အဆင့္ျဖစ္တာမို႔ အမႈအသြားအလာ ဘယ္လိုျဖစ္လာမလဲဆိုတာေတာ့ မေျပာႏိုင္ေသးပါဘူး။ အမႈကို ေနာက္တႀကိမ္ ဘယ္ေတာ့ၾကားနာမလဲဆိုတာလည္း မသိရေသးဘူးလို႔ ဦးအာယုက ေျပာပါတယ္။

မရိန္းတပ္ဖြဲ႕ ေျပာခြင့္ရ ဗိုလ္ႀကီး Littesy ကေတာ့ မရိန္းတပ္ဖြဲ႕အတြင္း လိင္ပိုင္းဆိုင္ရာ မတရားျပဳက်င့္ခံရတာ၊ ေစာ္ကားေႏွာက္ယွက္တာေတြ ႀကဳံရတယ္ဆိုရင္ေတာ့ ဘယ္သူမဆို တိုင္ၾကားႏိုင္ၿပီး လိုအပ္တဲ့ပံ့ပိုးမႈေတြ ရယူႏိုင္ပါတယ္လို႔ ေျပာပါတယ္။

“မရိန္းတပ္ဖြဲ႕တြင္းမွာ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈ၊ မတရားျပဳက်င့္မႈ တခုခုျဖစ္တယ္ဆိုရင္ ၿပီးခဲ့တဲ့ နာရီပိုင္းကပဲျဖစ္ျဖစ္၊ လြန္ခဲ့တဲ့ ႏွစ္ပိုင္းကပဲျဖစ္ျဖစ္ ကိုင္တြယ္တဲ့ေနရာမွာ လုပ္ငန္းစဥ္ကေတာ့ အတူတူပါပဲ။ လိင္ပိုင္းဆိုင္ရာ ေႏွာက္ယွက္ေစာ္ကားမႈ ကာကြယ္ေရးနဲ႔ တုံ႔ျပန္ကိုင္တြယ္ေရး အစီအစဥ္အတိုင္း ေဆာင္႐ြက္ပါတယ္။ မတရားျပဳက်င့္ခံရသူအေနနဲ႔ အကန႔္အသတ္ထား တိုင္ၾကားမႈ၊ ဒါမွမဟုတ္ ဘာကန႔္သတ္ခ်က္မွမထားဘဲ တိုင္ၾကားမႈဆိုတဲ့ တိုင္ၾကားႏိုင္တဲ့ နည္းလမ္းႏွစ္မ်ိဳး ရွိပါတယ္။ ဆိုလိုတာကေတာ့ တိုင္ၾကားမႈတခု ရွိလာတယ္ဆိုရင္ တိုင္ၾကားသူအေနနဲ႔ လိုအပ္တဲ့ က်န္းမာေရးဆိုင္ရာ ေစာင့္ေရွာက္မႈ ခံယူတာ၊ ေဆြးေႏြး အႀကံဉာဏ္ ရယူတာ၊ တရားဥပေဒအရ အေရးယူကိုင္တြယ္မႈ ေတာင္းဆိုတာေတြ လုပ္ႏိုင္ပါတယ္။ အဲ့ဒီအတြက္ လိင္ပိုင္းဆိုင္ရာ မတရားျပဳမႈ တုံ႔ျပန္ကိုင္တြယ္ေရး တာဝန္ခံတေယာက္နဲ႔ ခံရသူဘက္ကေန ေရွ႕ထြက္လိုက္ပါ ကူညီေဆာင္႐ြက္ေပးသူ တေယာက္ ခန႔္ထားေပးပါတယ္။ ဒီတိုင္ၾကားမႈ ပုံစံႏွစ္ခုမွာ အဓိက ကြဲလြဲတာကေတာ့ တိုင္ၾကားသူ အေနနဲ႔ တရားဝင္ စုံစမ္းစစ္ေဆးမႈကို လက္ခံသလား။ လက္မခံဘူးလား ဆိုတာပါပဲ။ တိုင္ၾကားသူက သူ႔ရဲ႕ ကိုယ္ေရးအခ်က္အလက္ အေသးစိတ္၊ ျဖစ္စဥ္အေျခအေနေတြကို သက္ဆိုင္သူေတြကလြဲၿပီး ဘယ္သူ႔ကိုမွ သိခြင့္မျပဳဘူး၊ တရားဝင္ စုံစမ္းစစ္ေဆးမႈကို လက္မခံခ်င္ဘူး ဆိုရင္ေတာ့ ဒါက အကန႔္အသတ္နဲ႔ တိုင္ၾကားတာမ်ိဳး ျဖစ္ပါတယ္။ မရိန္းတပ္ဖြဲ႕ အေနနဲ႔ကေတာ့ ဒီလိုျဖစ္ရပ္ေတြ ျဖစ္လာရင္ တရားဝင္ စုံစမ္းစစ္ေဆးတာကို လက္ခံတဲ့ အကန႔္အသတ္မထားတဲ့ တိုင္ၾကားမႈမ်ိဳးကို အားေပးပါတယ္။ ဒါမွသာ အျပစ္က်ဴးလြန္သူကို ထိထိေရာက္ေရာက္ ေဖာ္ထုတ္ အေရးယူႏိုင္မွာျဖစ္ပါတယ္။”

မရိန္းတပ္ဖြဲ႕ အပါအဝင္ အေမရိကန္ စစ္တပ္အတြင္းမွာ လိင္ပိုင္းဆိုင္ရာ မတရားျပဳက်င့္မႈ၊ ေႏွာက္ယွက္ေစာ္ကားမႈေတြနဲ႔ တိုင္ၾကားမႈေတြကေတာ့ ၂၀၁၉ ခုႏွစ္အတြင္း ၃ % တိုးလာတာ ေတြ႕ရတယ္လို႔ အေမရိကန္ ကာကြယ္ေရးဝန္ႀကီးဌာန ပင္တဂြန္ စစ္ဌာနခ်ဳပ္က ထုတ္ျပန္တဲ့ ၂၀၁၉ ခုႏွစ္အတြက္ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

မြန်မာနွယ်မရိန်းတပ်ကြပ် မသဲဥဖြစ်ရပ်နဲ့ ကန်တပ်တွင်း လိင်စော်ကားမှုစုံစမ်းပုံ


(Unicode)
အမေရိကန်မရိန်း တပ်ဖွဲ့အတွင်း လိင်ပိုင်းဆိုင်ရာစော်ကားမှု တိုင်ကြားချက်တွေနဲ့ပတ်သက်လို့ ဆက်သွယ်မေးမြန်းထားတာကို တင်ပြပေးပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မခင်ဖြူထွေး ပြောပြမှာပါ။

အမေရိကန် မရိန်းတပ်ဖွဲ့အတွင်း လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်မှု၊ နှောက်ယှက်စော်ကားမှုတွေ ဖြစ်လာရင် စနစ်တကျ အရေးယူကိုင်တွယ်တဲ့နည်းလမ်းတွေ အခိုင်အမာရှိထားပါတယ်လို့ အမေရိကန်မရိန်းတပ်ဖွဲ့ ပြောခွင့်ရ ဗိုလ်ကြီး Casey Littesy က ပြောပါတယ်။ အမေရိကန် မရိန်းတပ်ဖွဲ့အတွင်း လွန်ခဲ့တဲ့ ၅ နှစ်လောက်က လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတာကြောင့် စိတ်ဖိစီးမှုတွေ ကြုံခဲ့ရတယ်လို့ ဆိုတဲ့ အမေရိကန် မရိန်းတပ်ဖွဲ့က တပ်ကြပ် မသဲဥ ဖြစ်ရပ်နဲ့ပတ်သက်ပြီး မေးမြန်းချိန်မှာ ခုလို ဖြေကြားခဲ့တာပါ။ မသဲဥကတော့ အတူနေ ချစ်သူရည်းစားကို လက်နက်နဲ့ အကြမ်းဖက်တာတွေ ရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ ဧပြီလ ကစပြီး စစ်အကျဉ်းထောင်တခုမှာ ချုပ်နှောင်ခံထားရပြီး တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ မသဲဥရဲ့ မိသားစုတွေကတော့ ခုလိုအခြေအနေဖြစ်ရတာဟာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရပြီးနောက်ပိုင်း ဖြစ်လာတဲ့ သူ့ရဲ့ စိတ်ဝေဒနာကြောင့်လို့ ပြောပါတယ်။

ဗိုလ်ကြီး Littesy ကတော့ - မသဲဥ ဖြစ်ရပ်နဲ့ ပတ်သက်လို့တော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေဆဲ တရားရေးဆိုင်ရာ ကိစ္စတခုဖြစ်တာကြောင့်ရော၊ မသဲဥရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အခွင့်အရေးကို လေးစားရမှာဖြစ်လို့ သူ့အနေနဲ့ ဘာမှ မှတ်ချက်ပေး မပြောနိုင်ဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ မရိန်းတပ်ဖွဲ့အတွင်းမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် စော်ကားမှုတွေကို အလေးအနက်ထား ကိုင်တွယ် တုံ့ပြန်နေတဲ့အကြောင်း ပြောပါတယ်။

“ကျမအနေနဲ့ စစ်တပ် တခုလုံးကိုယ်စား ပြောတာမဟုတ်သလို၊ ကာကွယ်ရေး ဝန်ကြီးဌာန အနေနဲ့လည်း ပြောခွင့်မရှိပါဘူး။ မရိန်းတပ်ဖွဲ့ထဲက အခြေအနေကိုပဲ ပြောနိုင်ပါတယ်။ ကာကွယ်ရေးဌာနကထုတ်ပြန်တဲ့ စစ်တပ်အတွင်း လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်မှုတွေနဲ့ ပတ်သက်လို့ ၂၀၁၉ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာကိုကြည့်ရင်တော့ မရိန်းတပ်ဖွဲ့ဝင်တွေကြား ဒီလိုဖြစ်ရပ်တွေက ကျဆင်းသွားတာကို တွေ့ရပါလိမ့်မယ်။ ဒါပေမဲ့လည်း လိင်ပိုင်းဆိုင်ရာ မတရားပြုမှုတွေနဲ့ပတ်သက်လာရင် အသိပေးတိုင်ကြားမှုတွေ နည်းပါးတယ်ဆိုတဲ့အချက်ကို ကျမတို့ နားလည် လက်ခံထားတာကြောင့် အစီရင်ခံစာထဲမှာ ဒီလိုဖြစ်ရပ်တွေ ကျဆင်းသွားတယ်ဆိုတာကို ကြည့်ပြီး ဒါတွေ တကယ်ပဲ ကျဆင်းလာတာလို့တော့ ကျမတို့ တထစ်ချ ခံယူမထားပါဘူး။ မရိန်းတပ်ဖွဲ့အနေနဲ့ လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်မှုတွေ၊ နှောက်ယှက်စော်ကားမှုတွေကို တိုက်ဖျက်ဖို့ သန္နိဌာန် အခိုင်အမာ ချမှတ် လုပ်ဆောင်နေတယ် ဆိုတာကိုတော့ ပြောနိုင်ပါတယ်။"

အေမရိကန္စစ္တပ္ အက်ဥ္းေထာင္မွာ ထိန္းသိမ္းခံထားရတဲ့ မသဲဥ။ (ဓာတ္ပုံ -Thae Ohu's Facebook)
အေမရိကန္စစ္တပ္ အက်ဥ္းေထာင္မွာ ထိန္းသိမ္းခံထားရတဲ့ မသဲဥ။ (ဓာတ္ပုံ -Thae Ohu's Facebook)

မြန်မာ-အမေရိကန်တဦးဖြစ်တဲ့ မရိန်းတပ်ဖွဲ့က တပ်ကြပ် မသဲဥ ကတော့ လွန်ခဲ့တဲ့ ၅ နှစ်လောက်က ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းမှာ အမေရိကန်မရိန်းတပ်ဖွဲ့ဝင်တယောက်အနေနဲ့ တာဝန်ထမ်းဆောင်နေတဲ့ အချိန်မှာပဲ တခြား မရိန်းတပ်သားတဦးက မတရားပြုကျင့်တာကို ခံခဲ့ရပြီး ဒီအပေါ်မှာ အထက်အရာရှိက တာဝန်ယူ ဖြေရှင်းပေးတာမရှိတဲ့အတွက် ပြင်းထန်တဲ့ စိတ်ဖိစီးမှု ဝေဒနာ ခံစားခဲ့ရတယ်လို့ မသဲဥရဲ့ ဖခင် ဦးအာယုက ပြောပါတယ်။

“ကျနော့်သမီးဟာ အိုကီနာဝါကျွန်းစုမှာနေကတည်းကိုက အဲ့ဒီစိတ်ဝေဒနာက သူ့ရဲ့အထက်အရာရှိ သို့မဟုတ် သူနဲ့လုပ်ဖော်ကိုင်ဖက်ကနေ သူ့ကို sexual assaults လို့ခေါ်တာပေါ့နော် သူတို့ခေါ်တာကတော့။ အဲ့ဒါတွေ လုပ်တဲ့အတွက်ကြောင့် အဲ့ဒီအပေါ်မှာ သူ စိတ်အနှောက်အယှက် အများကြီး ဖြစ်ခဲ့ရတယ်။ ဖြစ်ခဲ့ပြီးတော့ သူက United States ကို ပြန်ရောက်တယ်။ ရောက်ပြီးတော့ သူက သူ့ base ကို ပြန်ရောက်တဲ့အချိန်မှာ သူ့ရဲ့ အထက်အရာရှိကို ဒါကို အချက်အလက်နဲ့တကွ သူ တိုင်တယ်။ သူ တိုင်တဲ့စာ မိတ္တူလေး ကျနော့်ဆီကို ပို့လာတယ်။ သူ ဒါနဲ့ပတ်သက်ပြီး အမြဲတမ်း စိတ် စနောင့်စနင်းဖြစ်တယ်။ စိတ်ခံစားချက် မကောင်းဘူး။ သူ့ရဲ့အထက်အရာရှိကို ဒီအကြောင်းတွေကို တိုင်တယ်။ တိုင်တဲ့အခါမှာလည်း သူတို့က ဒါနဲ့ပတ်သက်လို့ ထိထိရောက်ရောက် အရေးမယူဘူး။”

ဒီ စိတ်ဖိစီးမှုတွေကြောင့်ပဲ မသဲဥဟာ အတူနေသူ အပေါ် လက်နက်နဲ့ခြိမ်းခြောက်တဲ့အထိ ဖြစ်ခဲ့ပေမဲ့ ဒါဟာ တမင် ရည်ရွယ်ချက်နဲ့ ထိခိုက်အောင် လုပ်ခဲ့တာမဟုတ်ဘူးလို့ ဦးအာယုက ပြောပါတယ်။ မသဲဥကို စွပ်စွဲထားတဲ့အမှုမှာ လက်နက်နဲ့ခြိမ်းခြောက်ခံရသူဖြစ်တဲ့ မသဲဥရည်းစား မိုက်ကယ်လ် ကိုယ်တိုင်ကလည်း ဒါကိုနားလည်တဲ့အတွက် အမှုကို ပြန်ရုပ်သိမ်းပေးဖို့ တောင်းဆိုထားပါတယ်။

ဒီလ ၇ ရက်နေ့က မသဲဥရဲ့ အမှုကို စစ်တရားရုံးမှာ ပထမဆုံး အကြိမ် ကြားနာရာမှာလည်း မသဲဥရှေ့နေက ဒီအချက်ကို အဓိက လေ ျှာက်ထားခဲ့တယ်လို့ ဦးအာယုက ပြောပြပါတယ်။

“အဲ့ဒီအခင်းဖြစ်တဲ့နေ့က မိုက်ကယ်လ်ရဲ့အိမ်မှာ တပ်ထားတဲ့ ဗွီဒီယိုကင်မရာကို ယူပြီးတော့ အဲ့ဒီ ကင်မရာထဲမှာ ပြထားတဲ့အချက်တွေကို နင်းပြီးတော့ သူတို့ ပြောသွားတယ်။ အဲ့ဒါပဲ သူတို့ပြောတယ်။ ဒီဘက်က ရှေ့နေကလည်း ပြန်ပြောတယ်။ အခုလိုဖြစ်ရတဲ့အကြောင်းရင်းဟာ ကျနော့်သမီးရဲ့ နှစ်ပေါင်းများစွာ စာမျက်နှာ ၁,၀၀၀ ကျော်ရှိတဲ့ report တွေအရ သူဟာ စိတ်ရောဂါကို ပြင်းထန်စွာ ခံစားနေရတယ်။ ဒါကြောင့်မိုလို့ သူဟာ ဒီလိုမျိုး သူ့ရဲ့behavior (အပြုအမူ) တွေက ကြမ်းတမ်းရခြင်းဖြစ်တယ်။ ဒါကြောင့်မိုလို့ သူ့ကို ပို့ရမှာက confinement (အကျဉ်းထောင်) မဟုတ်ဘူး။ သူ့ကိုပို့ရမှာက ဆေးရုံဖြစ်တယ်လို့ ရှေ့နေက လေ ျှာက်လဲသွားတယ်။”

အမှုနဲ့ပတ်သက်လို့ကတော့ ကနဦးအဆင့် နှစ်ဘက်ရှေ့နေတွေရဲ့လေ ျှာက်လဲချက်တွေကို နားထောင်တဲ့ အဆင့်ဖြစ်တာမို့ အမှုအသွားအလာ ဘယ်လိုဖြစ်လာမလဲဆိုတာတော့ မပြောနိုင်သေးပါဘူး။ အမှုကို နောက်တကြိမ် ဘယ်တော့ကြားနာမလဲဆိုတာလည်း မသိရသေးဘူးလို့ ဦးအာယုက ပြောပါတယ်။

မရိန်းတပ်ဖွဲ့ ပြောခွင့်ရ ဗိုလ်ကြီး Littesy ကတော့ မရိန်းတပ်ဖွဲ့အတွင်း လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်ခံရတာ၊ စော်ကားနှောက်ယှက်တာတွေ ကြုံရတယ်ဆိုရင်တော့ ဘယ်သူမဆို တိုင်ကြားနိုင်ပြီး လိုအပ်တဲ့ပံ့ပိုးမှုတွေ ရယူနိုင်ပါတယ်လို့ ပြောပါတယ်။

“မရိန်းတပ်ဖွဲ့တွင်းမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ မတရားပြုကျင့်မှု တခုခုဖြစ်တယ်ဆိုရင် ပြီးခဲ့တဲ့ နာရီပိုင်းကပဲဖြစ်ဖြစ်၊ လွန်ခဲ့တဲ့ နှစ်ပိုင်းကပဲဖြစ်ဖြစ် ကိုင်တွယ်တဲ့နေရာမှာ လုပ်ငန်းစဉ်ကတော့ အတူတူပါပဲ။ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်စော်ကားမှု ကာကွယ်ရေးနဲ့ တုံ့ပြန်ကိုင်တွယ်ရေး အစီအစဉ်အတိုင်း ဆောင်ရွက်ပါတယ်။ မတရားပြုကျင့်ခံရသူအနေနဲ့ အကန့်အသတ်ထား တိုင်ကြားမှု၊ ဒါမှမဟုတ် ဘာကန့်သတ်ချက်မှမထားဘဲ တိုင်ကြားမှုဆိုတဲ့ တိုင်ကြားနိုင်တဲ့ နည်းလမ်းနှစ်မျိုး ရှိပါတယ်။ ဆိုလိုတာကတော့ တိုင်ကြားမှုတခု ရှိလာတယ်ဆိုရင် တိုင်ကြားသူအနေနဲ့ လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု ခံယူတာ၊ ဆွေးနွေး အကြံဉာဏ် ရယူတာ၊ တရားဥပဒေအရ အရေးယူကိုင်တွယ်မှု တောင်းဆိုတာတွေ လုပ်နိုင်ပါတယ်။ အဲ့ဒီအတွက် လိင်ပိုင်းဆိုင်ရာ မတရားပြုမှု တုံ့ပြန်ကိုင်တွယ်ရေး တာဝန်ခံတယောက်နဲ့ ခံရသူဘက်ကနေ ရှေ့ထွက်လိုက်ပါ ကူညီဆောင်ရွက်ပေးသူ တယောက် ခန့်ထားပေးပါတယ်။ ဒီတိုင်ကြားမှု ပုံစံနှစ်ခုမှာ အဓိက ကွဲလွဲတာကတော့ တိုင်ကြားသူ အနေနဲ့ တရားဝင် စုံစမ်းစစ်ဆေးမှုကို လက်ခံသလား။ လက်မခံဘူးလား ဆိုတာပါပဲ။ တိုင်ကြားသူက သူ့ရဲ့ ကိုယ်ရေးအချက်အလက် အသေးစိတ်၊ ဖြစ်စဉ်အခြေအနေတွေကို သက်ဆိုင်သူတွေကလွဲပြီး ဘယ်သူ့ကိုမှ သိခွင့်မပြုဘူး၊ တရားဝင် စုံစမ်းစစ်ဆေးမှုကို လက်မခံချင်ဘူး ဆိုရင်တော့ ဒါက အကန့်အသတ်နဲ့ တိုင်ကြားတာမျိုး ဖြစ်ပါတယ်။ မရိန်းတပ်ဖွဲ့ အနေနဲ့ကတော့ ဒီလိုဖြစ်ရပ်တွေ ဖြစ်လာရင် တရားဝင် စုံစမ်းစစ်ဆေးတာကို လက်ခံတဲ့ အကန့်အသတ်မထားတဲ့ တိုင်ကြားမှုမျိုးကို အားပေးပါတယ်။ ဒါမှသာ အပြစ်ကျူးလွန်သူကို ထိထိရောက်ရောက် ဖော်ထုတ် အရေးယူနိုင်မှာဖြစ်ပါတယ်။”

မရိန်းတပ်ဖွဲ့ အပါအဝင် အမေရိကန် စစ်တပ်အတွင်းမှာ လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်မှု၊ နှောက်ယှက်စော်ကားမှုတွေနဲ့ တိုင်ကြားမှုတွေကတော့ ၂၀၁၉ခုနှစ်အတွင်း ၃ % တိုးလာတာ တွေ့ရတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပင်တဂွန် စစ်ဌာနချုပ်က ထုတ်ပြန်တဲ့ ၂၀၁၉ခုနှစ်အတွက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG