သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံး ထိုင်းလူငယ် ဘောလုံးအသင်းဝင်တွေကို ဆက်လက်ရှာဖွေ


ထိုင်းနိုင်ငံမှာ လူငယ်ဘောလုံးသမား ၁၂ ယောက်နဲ့ နည်းပြဆရာတဦး လှိုဏ်ဂူတခုထဲ အလည်အပတ်သွားချိန်မှာ ရေတက်လာရာက ပျောက်ဆုံးနေတဲ့အတွက် အရေးပေါ် ကယ်ဆယ်နိုင်ဖို့ ရှာဖွေနေတာ ဒီနေ့ဆိုရင် ၃ ရက်ရှိလာနေပါပြီ။

လှိုဏ်ဂူတွင်းမှာ ပျောက်ဆုံးနေကြောင်း စနေနေ့မှာ စသိခဲ့ကြရတာပါ။ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင်ထဲမှာရှိတဲ့ Tham Luang လှိုဏ်ဂူပေါက်ဝမှာတော့ ဘောလုံးသမားတွေ ချန်ထားခဲ့တဲ့ စက်ဘီးတွေနဲ့ အားကစားပစ္စည်း တချို့ကိုလည်း အာဏာပိုင်တွေ ရှာဖွေတွေ့ရှိထားကြပါတယ်။

မိုးအပြင်းအထန် ရွာသွန်းရာက ရေတက်လာတဲ့အတွက် လှိုဏ်ဂူထဲမှာ ပိတ်မိနေတာ ဖြစ်နိုင်တယ်လို့လည်း ထိုင်းအာဏာပိုင်တွေ ယူဆနေကြတာပါ။ ထိုင်းရေတပ်မတော်က ရေငုပ်သမားတွေ အပါအဝင် အရေးပေါ် ကယ်ဆယ်ရေးသမားတွေကတော့ ဘောလုံးသမား လူငယ်တွေနဲ့ နည်းပြဆရာတို့ ခိုအောင်းနေနိုင်တယ်လို့ ယူဆရတဲ့ လှိုဏ်ဂူအတွင်းပိုင်းထဲအထိ ဝင်ရောက်ရှာဖွေနေကြပါတယ်။ ဇွန်လကနေ အောက်တိုဘာလအထိ မိုးရာသီကာလအတွင်း ထိုင်းနိုင်ငံက လှိုဏ်ဂူတွေမှာ ရေကြီးမှုတွေ ကြုံရလေ့ ရှိတတ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG