သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမှာ အခမဲ့ Wi-Fi သုံးသူတွေရဲ့လှုပ်ရှားမှု မှတ်တမ်းတင်ဖို့ အစိုးရညွှန်ကြား


ဘန်ကောက်မြို့တော်ရှိ ကော်ဖီဆိုင်တခုတွင် Wi-Fi အခမဲ့သုံးနိုင်ကြောင်း ကြော်ငြာထားသည့်ဆိုင်းဘုတ်။ (ဓာတ်ပုံ - Z. Peter/VOA)
ဘန်ကောက်မြို့တော်ရှိ ကော်ဖီဆိုင်တခုတွင် Wi-Fi အခမဲ့သုံးနိုင်ကြောင်း ကြော်ငြာထားသည့်ဆိုင်းဘုတ်။ (ဓာတ်ပုံ - Z. Peter/VOA)

ထိုင်းနိုင်ငံက ကော်ဖီဆိုင်တွေမှာ အများပြည်သူသုံးဖို့ ပေးထားတဲ့ Wi-Fi အင်တာနက်ဆက်သွယ်ရေး သုံးတဲ့သူတွေရဲ့ အွန်လိုင်းမှာ ပြုမူလုပ်ဆောင်ချက်တွေကို မှတ်တမ်းတင် သိမ်းဆည်းထားဖို့ ထိုင်းအစိုးရက ညွှန်ကြားလိုက်ပါတယ်။

ဆိုင်ဘာရာဇဝတ်သားတွေကို နှိမ်နင်းဖို့အတွက် အသစ်တည်ထောင်ထားတဲ့ သတင်းတုတိုက်ဖျက်ရေးဌာနကို အထောက်အကူဖြစ်စေဖို့ အဲဒီအချက်အလက်တွေ လိုအပ်တယ်လို့ ဒစ်ဂျစ်တယ်လ် စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းဌာနက ပြောပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒါဟာ အစိုးရက နိုင်ငံရေးအတိုက်အခံတွေနဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို ဖိနှိပ်ချုပ်ချယ်ဖို့ လုပ်တာလို့ ပြောပါတယ်။

အစိုးရအာဏာပိုင်တွေဟာ သတင်းတုဆိုတာကို အကြောင်းပြ၊ ကွန်ပျူတာ ရာဇဝတ်မှုဆိုင်ရာ ဥပဒေအရ အပ်နှင်းထားတဲ့အာဏာကို အသုံးပြုပြီး အတိုက်အခံတွေကို မပြောရဲအောင်လုပ်ပြီးတော့ အစိုးရရဲ့ လုပ်ရပ်တွေကို လူတွေက မေးခွန်းမထုတ်ရဲ၊ မဝေဖန်ရဲဘဲ ကြောက်ရွံ့နေရတဲ့ ပတ်ဝန်းကျင်မျိုးဖြစ်အောင် လုပ်နေတာလို့ Manushya လူ့အခွင့်အရေးအဖွဲ့ရဲ့ ညွှန်ကြားရေးမှူး Emilie Pradichit က ပြောပါတယ်။

၂၀၀၇ ခုနှစ်ကပြဋ္ဌာန်းတဲ့ ကွန်ပျူတာရာဇဝတ်မှုဆိုင်ရာ ဥပဒေအရ အင်တာနက် ဆက်သွယ်ရေး ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေ အားလုံးဟာ အသုံးပြုသူတွေရဲ့ အွန်လိုင်းပြုမူလုပ်ဆောင်ချက်တွေကို ရက် ၉၀ ထိ သိမ်းထားရမှာဖြစ်ပါတယ်။ ဒါမှမဟုတ် အာဏာပိုင်တွေက ညွှန်ကြားတယ်ဆိုရင် တနှစ်အထိ သိမ်းထားရမှာပါ။ ဒါပေမယ့် ကော်ဖီဆိုင်လို အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေမှာ အခမဲ့သုံးခွင့်ပေးထားတဲ့ Wi-Fi တွေနဲ့ ပတ်သက်လို့တော့ အခုလို ညွှန်ကြားတာက ပထမဆုံးဖြစ်ပါတယ်။

------------------------------

(Unicode)







တိုက်ရိုက် လင့်ခ်


XS
SM
MD
LG