သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကိစ္စ ထိုင်းဘဏ်တွေကို စိစစ်မယ့်အစီအစဉ် ကုလလူ့အခွင့်အရေးကိုယ်စားလှယ် ကြိုဆို


ထိုင်းနိုင်ငံ ဘန်ကောက်မြို့က လူ့အခွင့်အရေးဆိုင်ရာကုလမဟာမင်းကြီးရုံးမှာကျင်းပတဲ့ ထိုင်းအမျိုးသားလုံခြုံရေးအဖွဲ့နဲ့ မြန်မာ့အရေး ဆွေးနွေးပွဲအတွင်းတွေ့ရတဲ့ ကုလအထူးကိုယ်စားလှယ် Tom Andrews (ဇူလိုင် ၁၁၊ ၂၀၂၄)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က လူ့အခွင့်အရေးဆိုင်ရာကုလမဟာမင်းကြီးရုံးမှာကျင်းပတဲ့ ထိုင်းအမျိုးသားလုံခြုံရေးအဖွဲ့နဲ့ မြန်မာ့အရေး ဆွေးနွေးပွဲအတွင်းတွေ့ရတဲ့ ကုလအထူးကိုယ်စားလှယ် Tom Andrews (ဇူလိုင် ၁၁၊ ၂၀၂၄)

မြန်မာစစ်ကောင်စီအတွက် လက်နက်ရောင်းဝယ်မှုကိစ္စနဲ့ပတ်သက်လို့ စိစစ်ဖို့ ထိုင်းဘဏ်တွေကို ကူညီမယ့်အလုပ်အဖွဲ့ အစီအစဥ်ကို ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က ကြိုဆိုလိုက်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။

ရွေးကောက်တင်မြှောက်ခံ အစိုးရကို ၂၀၂၁ မှာဖြုတ်ချခဲ့တဲ့ စစ်ကောင်စီအတွက် လက်နက် ဝယ်ယူရာမှာ ထိုင်းဘဏ်တွေပါဝင်ခဲ့ကြောင်း မစ္စတာအင်ဒရူးရဲ့အစီရင်ခံစာ ထွက်ပေါ်လာပြီး တလလောက်အကြာ ပြီးခဲ့တဲ့အပတ်က အလုပ်အဖွဲ့ကို ထိုင်းက ကြေညာခဲ့တာပါ။ ထိုင်းနိုင်ငံဟာ ဒီကိစ္စအပေါ် တကယ့်ကို အလေးအနက်ထားပြီး လက်နက်လွှဲပြောင်း ရောင်းဝယ်တာကိုရပ်ဖို့ အားထုတ်တာဖြစ်တယ်လို့ စနေနေ့က အင်တာဗျူးမှာ မစ္စတာအင်ဒရူးက ပြောပါတယ်။

ပိတ်ဆို့အရေးယူတာကြောင့် လက်နက်ရောင်းဝယ်ရာမှာ စစ်ကောင်စီအသုံးပြုတဲ့ သူ့ရဲ့ဘဏ်တွေကို စင်္ကာပူကအရေးယူလိုက်ပြီးတဲ့နောက် ထိုင်းဘဏ်တွေကို စစ်ကောင်စီကအသုံးပြုလာခဲ့တာ ဒေါ်လာ သန်း ၁၂၀ အထိရှိခဲ့တယ်လို့ မစ္စတာအင်ဒရူးရဲ့ အစီရင်ခံစာက ဆိုပါတယ်။ အလုပ်အဖွဲ့ဟာ စင်္ကာပူ လုပ်သွားတဲ့အတိုင်း လက်နက်ရောင်းဝယ်မှုမှာပါဝင်နေတဲ့ဘဏ်တွေအပေါ် အရေးယူလိမ့်မယ်လို့ မျှော်လင့်ကြောင်း မစ္စတာအင်ဒရူးက ပြောပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က မတုံ့ပြန်သေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG