သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံမှာ ဘတ်စ်ကားမီးလောင်မှုကြောင့် ကျောင်းသား၊ ဆရာ ၂၀ ခန့် သေဆုံး


ကျောင်းသားနဲ့ဆရာတွေစီးနင်းလာတဲ့ဘတ်စ်ကားမီးလောင်ပြီးမြင်တွေ့ရစဉ် (အောက်တိုဘာ ၁ ရက်၊ ၂၀၂၄)
ကျောင်းသားနဲ့ဆရာတွေစီးနင်းလာတဲ့ဘတ်စ်ကားမီးလောင်ပြီးမြင်တွေ့ရစဉ် (အောက်တိုဘာ ၁ ရက်၊ ၂၀၂၄)

ထိုင်းနိုင်ငံမှာ ကျောင်းခရီးစဉ်တခုအတွင်း ကလေးတွေနဲ့ ဆရာတွေ အပါအဝင် ခရီးသည် ၄၄ ဦးနဲ့ လိုက်ပါလာတဲ့ ဘတ်စ်ကားတစီး ဒီကနေ့ မီးလောင်ကျွမ်းမှုကြောင့် ၂၀ ကျော် သေဆုံးနိုင်တယ်လို့ တာဝန်ရှိသူတွေနဲ့ ကယ်ဆယ်ရေး သမားတွေက ခန့်မှန်းကြပါတယ်။

မီးလောင်မှုဖြစ်ခဲ့တဲ့ ဘတ်စ်ကားဟာ အယုဒ္ဓယနဲ့ နွန်ထဘူရီ ကိုသွားဖို့ အလယ်ပိုင်း ဥထိုင်းဌာနီက ထွက်ခွာလာတာလို့လည်း ပို့ဆောင်ရေးဝန်ကြီး Suriya Jungrungruengkit က အခင်းဖြစ်တဲ့နေရာမှာ သတင်းထောက်တွေကို ပြောပါတယ်။

လူမှုကွန်ရက်က ဗွီဒီယိုတွေထဲမှာတော့ ဘတ်စ်ကားတစီးလုံး မီးလောင်နေပြီး မီးခိုးတွေဖုံးလွှမ်းနေတာကို တွေ့ရပါတယ်။ မီးလောင်ပြီး နာရီအတော်ကြာအထိ အလောင်းတွေ ဘတ်စ်ကားထဲမှာ ရှိနေဆဲဖြစ်ပါတယ်။ ဘတ်စ်ကားပေါ်မှာ လိုက်ပါလာတဲ့ ကျောင်းသားအများစုဟာ မူလတန်းကနေ အထက်တန်း ကျောင်းသားတွေအထိ ပါဝင်တယ်လို့လည်း သတင်းတွေက ဖော်ပြကြပါတယ်။

ပြည်ထဲရေးဝန်ကြီး Anutin Charnvirakul ကတော့ အခင်းဖြစ်ပွားရာနေရာမှာ စုံစမ်းစစ်ဆေးမှု မပြီးဆုံးသေးတဲ့အတွက် သေဆုံးသူအရေအတွက်ကို တာဝန်ရှိသူတွေက အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။ ယာဉ်မောင်းကတော့ အသက်မသေပေမဲ့ ထွက်ပြေးသွားပုံရပြီး ရှာမတွေ့သေးဘူးလို့လည်း ပြောပါတယ်။

ဘတ်စ်ကားဟာ နွမ်ထဘူရီ ကို ဦးတည်သွားနေစဉ် ဘန်ကောက်မြို့တော်နဲ့ မလှမ်းမကမ်းက ပထုံဌာနီမှာ မီးလောင်မှု ဖြစ်ခဲ့တာလို့လည်း အရေးပေါ် ကယ်ဆယ်ရေးတွေကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြခဲ့ကြတာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG