သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း တာ့ခ်ခရိုင်နဲ့ ရနောင်းခရိုင်မှာ ၅ ရက်အတွင်း ဖမ်းမိမြန်မာ ၁၀၀ ကျော်ရှိ


ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်ထဲမှာ အထောက်အထားမဲ့မြန်မာတွေကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးနေစဥ်။ (စက်တင်ဘာ ၈၊ ၂၀၂၄/ဓာတ်ပုံ-ထိုင်းစစ်တပ်)
ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်ထဲမှာ အထောက်အထားမဲ့မြန်မာတွေကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးနေစဥ်။ (စက်တင်ဘာ ၈၊ ၂၀၂၄/ဓာတ်ပုံ-ထိုင်းစစ်တပ်)

ထိုင်း-မြန်မာနယ်စပ် တာ့ခရိုင်နဲ့ရနောင်းခရိုင်ထဲမှာ မြန်မာတွေအစုအဝေးနဲ့ဖမ်းဆီးခံရနေရပါတယ်။ ၅ ရက်အတွင်းဖမ်းမိတဲ့မြန်မာ ၁၀၀ ကျော်ရှိနေပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက ပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် တာ့ခရိုင် မဲဆောက်မြို့မှာ အဖမ်းအဆီးတွေ အများအပြားရှိနေပါတယ်။ အဖမ်းခံရသူတွေဟာ ထိုင်းနိုင်ငံက ပြဌာန်း ထားတဲ့ အလုပ်လုပ်ခွင့်ဆိုင်ရာ စည်းမျဥ်းဥပဒေတွေနဲ့မကိုက်ညီဘဲ အလုပ်လုပ်နေကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ စက်တင်ဘာလ ၁၁ နဲ့ ၁၂ ရက်နေ့တွေမှာ မြန်မာ ၁၀၀ ကျော် အဖမ်းခံရတယ်လို့ မြန်မာပြည်သားများအရေး ပူတွဲလှုပ်ရှားမှုကော်မတီရဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက အခုလို ပြောပါတယ်။

“ထိုင်းနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့မှာ အထောက်အထားမဲ့မြန်မာတွေနဲ့ ထိုင်းနိုင်ငံရဲ့ကန့်သတ်အလုပ် ၂၇ မျိုးထဲကစျေးဆိုင်တည်ခင်း ရောင်းချသူတွေ၊ စျေးတွေလှည့်ရောင်းတဲ့သူတွေအပါအဝင် ထိုင်းဥပဒေအရ ဖမ်းဆီးစစ်ဆေးအရေးယူမှုတွေကို ဆောင်ရွက်တဲ့အခါမှာ စက်တင်ဘာလ ၁၂ ရက်နေ့မှာ မြန်မာ ၅၀ လောက်ဖမ်းမိသလို မနေ့ကစက်တင်ဘာလ ၁၁ ရက်နေ့မှာလည်း မြန်မာ ၄၀ လောက် အဖမ်းခံရပါတယ်။”

ရနောင်းခရိုင်မှာလည်း လူကုန်ကူးသူတွေခေါ်လာတဲ့ မြန်မာ ၁၃ ယောက်ကို ဖမ်းမိတယ်လို့ဆိုပါတယ်။

“ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင် စွတ်စန်လာရ်မြို့ မှာ စက်တင်ဘာလ ၈ ရက်နေ့တုန်းကလည်း ရနောင်းအခြေစိုက် ခြေမြန်တပ်မ တပ်မဟာ ၂၅ နဲ့ စွတ်စန်လာရ်ရဲစခန်းတာဝန်ရှိသူများ ပူးပေါင်းစစ်ဆေးတဲ့အခါမှာ တိုယိုတာအနက်ရောင်မော်တော်ယာဉ်တစီး၊ တိုယိုတာ အညိုရောင်မော်တော်ယာဉ်တစီးကို ဒေသခံတွေက သတင်းပေးလို့ ဖမ်းဆီးစစ်ဆေးတဲ့အခါမှာ မြန်မာ ၁၃ ယောက်ဖမ်းမိပါတယ်။ သူတို့ တွေဟာ မြန်မာဘက်က ကော့သောင်းဘက်ကလာတာဖြစ်ပြီး စူရာတ်ဌာနီဘက်ကို သွားရောက်အလုပ်လုပ်ကိုင်ကြဖို့ ရည်ရွယ် ပါတယ်။ ၅ ရက်အတွင်းမှာတော့ ထိုင်းနိုင်ငံထဲမှာ တရားမဝင်မြန်မာ ၁၀၀ ကျော်ဖမ်းမိတယ်လို့သုံးသပ်ရပါတယ်။”

မြန်မာနိုင်ငံထဲမှာ စစ်မှုထမ်းဥပဒေထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်း မြန်မာစစ်ကောင်စီက လူငယ်လူရွယ်တွေကို စစ်မှုထမ်းဖို့ စုဆောင်းနေတဲ့ အတွက် မြန်မာတွေလူငယ်တွေဟာ အိမ်နီးချင်းထိုင်းအပါအဝင် အာရှနိုင်ငံတွေကို အလုပ်လုပ်ကိုင်ကြဖို့ ထွက်လာနေကြပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG