သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင် ဝင်ရောက်လာသူ မြန်မာတွေကို ထိုင်းဖမ်းဆီး


ယခင်မှတ်တမ်းရုပ်ပုံ | ထိုင်းမြန်မာနယ်စပ် ကမ်ချနဘူရီပြည်နယ်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာတွေကို သယ်လာတဲ့ပစ်ကပ်ကားတစီးကို ထိုင်းရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးစဉ်။ (မတ်လ ၂၁၊ ၂၀၂၃/ ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့)
ယခင်မှတ်တမ်းရုပ်ပုံ | ထိုင်းမြန်မာနယ်စပ် ကမ်ချနဘူရီပြည်နယ်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာတွေကို သယ်လာတဲ့ပစ်ကပ်ကားတစီးကို ထိုင်းရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးစဉ်။ (မတ်လ ၂၁၊ ၂၀၂၃/ ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့)

ထိုင်းနိုင်ငံ၊ တာ့ခရိုင် ချုံဖွန်ခရိုင် ဆူဖန်ဘူရီခရိုင် ချင်းမိုင်ခရိုင် စတဲ့နေရာတွေမှာ တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာ ၄၀ ကျော်ကို ထိုင်းလုံခြုံရေးတွေ ဖမ်းဆီးခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နိုင်ဖို့ လူကုန်ကူးသူတွေနဲ့ ထိုင်းဘက် ကူးလာကြသူတွေ ဖမ်းခံခဲ့ရတဲ့အကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံထဲက ခရိုင် ၄ ခုမှာ တရားမဝင် မြန်မာတွေ ဆက်တိုက်ဖမ်းမိနေတာမှာ အခုရက်ပိုင်းထဲ ၄၀ ကျော်လောက် ဖမ်းမိခဲ့တာဖြစ်ပါတယ်။ စက်တင်ဘာလ ၂၇ ရက်နေ့ တနေ့ထဲမှာ တာ့ခ်ခရိုင် ဝမ်ကျောက်မြို့နယ်ထဲမှာ တရားမဝင်မြန်မာ ၁၈ယောက်ကို ဖမ်းမိခဲ့ကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးကအခုလိုပြောပါတယ်။

"ထိုင်းနယ်စပ် ဝင်ပေါက်ထွက်ပေါက်အသီးသီးကနေ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်တဲ့လူကုန်ကူးမူ့တွေက ဆက်တိုက်ဖြစ်နေပါတယ်၊စက်တင်ဘာလ ၂၇ ရက်နေ့ကထိုင်းနယ်စပ် ဝမ်ကျောက်မြို့နယ်ထဲမှာ အဝေးပြေးလမ်းရဲတပ်ဖွဲ့က ပါဂျဲရိုးကားနဲ့လာတဲ့လာတဲ့ကားကိုအာဏာပိုင်တွေက မသင်္ကာလို့စစ်ဆေးရာကနေ တရားမဝင် မြန်မာ၁၈ယောက်နဲ့ ထိုင်းကားသမားကိုဖမ်းဆီးရမိပါတယ်။"

သူတို့တွေဟာ မြ၀တီမြို့ကနေ တဆင့်နယ်စပ်တောလမ်းတွေကနေ လာကြတာဖြစ်ပြီး ဝမ်ကျောက်မြို့နယ်ကနေတဆင့် ဘန်ကောက်မြို့ကို သွားတဲ့လမ်းမှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။

"သူတို့ကို စစ်ဆေးတဲ့အခါမှာ သူတို့ဟာ ပွဲစားခအနေနဲ့ တဦးကိုဘတ်ငွေ ၂သောင်းပေးရပြီး ဘန်ကောက်နဲ့ပတ်ဝန်းကျင်မှာအလုပ်လုပ်ဖို့ဖြစ်တယ် သူတို့ဟာ မြ၀တီကနေ တောလမ်းအတိုင်းလာပြီး ဝမ်ကျောက်မြို့နယ်ထဲကိုရောက်လာတယ်၊ အဲဒီကနေ တဆင့် ကားစီးပြီး ဘန်ကောက် အနီးပါတ်ဝန်းကျင်မှာအလု်လုပ်ဖို့လာကြတဲ့သူတွေဖြစ်တယ်လို့ထွက်ဆိုပါတယ်"

အလားတူပဲ စက်တင်ဘာလ၂၄ ရက်နေ့က ထိုင်းနိုင်ငံအလယ်ပိုင်း ဆူဖန်ဘူရီမှာပစ်ကားမှာ တရားမဝင် မြန်မာ ၉ ဦး၊ စက်တင်ဘာလ၂၂ ရက်နေ့မှာ ထိုင်းနယ်စပ် တောင်ပိုင်း ချုံ ဖွန်ခရိုင်မှာ ၅ဦး စက်တင်ဘာလ၂၃ရက်နေ့ မှာ ထိုင်းမြောက်ပိုင်း မဲဆောက်မှာ မြန်မာ ၈ ဦး၊ ၂၁ ရက်နေ့မှာတော့ ထိုင်းမြောက်ချင်းမိုင်မှာ မြန်မာ တွေအပါအဝင် နိုင်ငံခြားသား ၂၅ယောက်ကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။ အလုပ်အကိုင်ရှာဖွေဖို့ လာကြတဲ့မြန်မာတွေဟာ ထိုင်းနိုင်ငံမှာအလုပ်အကိုင်အခွင့်အလန်းကောင်းတွေရမယ်ဆိုပြီးလာကြတာဖြစ်ပြီး ထိုင်းနိုင်ငံထဲရောက်မှ တရားမဝင်လမ်းကြောင်းကနေ သွားရင်းနဲ့ဖမ်းဆီးခံနေရတာ အလုပ်အကိုင်တွေမရရှိတာ လိမ်ညာခံရတာ လူကုန်ကူးသူတွေကစွန့်ပစ်သွားကြတာတွေစတဲ့အခက်အခဲမျိုးစုံကိုကြုံတွေ့ နေရတာဖြစ်ပါတယ်။

XS
SM
MD
LG