သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလုပ်ငန်းရှင် ဦးထွန်းမင်းလတ်အပေါ် စွဲချက် ထိုင်းတရားရုံး ပလပ်


ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာထွန်းမင်းလတ်
ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာထွန်းမင်းလတ်

ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာထွန်းမင်းလတ်နဲ့ အပေါင်းအပါ သုံးဦးအပေါ် စွဲဆိုထားတဲ့ အမှုတွေကို ပ,လပ်ပေးလိုက်တဲ့အကြောင်း ထိုင်းတရားရုံးက ဒီနေ့ ဆုံးဖြတ်ပါတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ ငွေကြေးခဝါချမှု စတဲ့ အမှုတွေနဲ့ ဆက်နွယ်ပြီး ဒေါက်တာထွန်းမင်းလတ်နဲ့ အပေါင်းပါတွေအပေါ် စွဲဆိုထားတဲ့ အမှု ၃၂ မှုမှာ ရဲဘက်က တင်ပြတဲ့ သက်သေအထောက်အထား မခိုင်လုံတဲ့အတွက် အခုလို အမှုအားလုံးကို ပ,လပ်လိုက်တာလို့ တရားသူကြီးက ပြောပါတယ်။

အသက် ၅၄ နှစ်အရွယ် ဒေါက်တာထွန်းမင်းလတ်ကို ပြီးခဲ့တဲ့ စက်တင်ဘာလက တခြားထိုင်းနိုင်ငံသား သုံးဉီးနဲ့အတူ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခဲ့တဲ့အချိန်က သူပါဝင်ပတ်သက်တယ်ဆိုတဲ့ မူးယစ်ဆေးဂိုဏ်းရဲ့ ပိုင်ဆိုင်မှု ထိုင်းဘတ်ငွေ သန်းတထောင့်ရှစ်ရာဖိုးလောက်ကို ထိုင်းရဲတပ်ဖွဲ့က သိမ်းဆည်းလိုက်တဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးခဲ့ပါတယ်။ မီးခံသတ္တာထဲက ငွေကြေးအပြင်၊ ကားတွေ၊ အဖိုးတန် အသုံးအဆောင် ပစ္စည်းတွေ၊ ဟော်တယ်နဲ့ တည်းခိုခန်းတွေကို သိမ်းဆည်းခဲ့တာပါ။ ဒေါက်တာထွန်းမင်းလတ်ဟာ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရင်းနှီးပြီး မြန်မာစစ်တပ်အတွက် လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ယူပေးနေသူလို့ သတင်းထွက်နေတဲ့အကြောင်း ထိုင်းသတင်းစာတွေမှာ ပြီးခဲ့တဲ့နှစ်က ရေးသားခဲ့ပါတယ်။

သူ့နေအိမ်ကနေ စစ်ကောင်စီ အကြီးအကဲဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သမီးနဲ့ သားပိုင်ဆိုင်တဲ့ ပစ္စည်းအထောက်အထားတွေ ထိုင်းတာဝန်ရှိသူတွေ ရှာတွေ့ရှိခဲတဲ့အကြောင်းလည်း ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ဒုတိယပတ်အတွင်းက ရိုက်တာသတင်းမှာ ဖေါ်ပြခဲ့ပါတယ်။ အခု သူ့အပေါ် စွဲဆိုထားတဲ့ အမှုတွေကို ပလပ်လိုက်ပေမဲ့ ထိုင်းအစိုးရ ရှေနေတွေဘက်က အယူခံဝင်နိုင်သေးတဲ့အကြောင်း ထိုင်းတရားရုံးက ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG