သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရွေးကောက်ပွဲ အတိုက်အခံပါတီ စိန်ခေါ်


ထိုင်းနိုင်ငံမှာ လပေါင်းအတော်ကြာ ဖြစ်ပွားနေတဲ့ နိုင်ငံရေးပြဿနာကို မဖြေရှင်းပေးနိုင်တဲ့ တနင်္ဂနွေနေ့က ရွေးကောက်ပွဲကို ဥပဒေကြောင်းအရ စိန်ခေါ်ဖို့ အတိုက်အခံတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့ အတိုက်အခံ ဒီမိုကရက်ပါတီကနေ အာဏာရ Pheu Thai party ကို ဖျက်သိမ်းဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးမှာ ဒီကနေ့ လျှောက်ထားလိုက်ပါတယ်။

ဒီမိုကရက်တွေ တင်သွင်းမယ့် ကန့်ကွက်စာမှာ အစိုးရဟာ ရွေးကောက်ပွဲကို စောကျင်းပပြီး ရတဲ့နည်းနဲ့ အာဏာကို ကိုင်စွဲနိုင်ဖို့ လုပ်ဆောင်တယ်လို့ ပြောထားပါတယ်။ ဒုတိယကန့်ကွက်စာမှာတော့ ရွေးကောက်ပွဲအကြို ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေကြောင့် အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ကာလအတွင်းမှာ ရွေးကောက်ပွဲ ကျင်းပလို့ မရဘူးလို့ ပြောထားပါတယ်။

ရွေးကောက်ပွဲနေ့မှာ တိုက်ခိုက်မှုတွေ မရှိခဲ့ပေမဲ့ မဲထည့်ဝင်သူ အရေအတွက်က ၅၀ ရာခိုင်နှုန်းတောင် မပြည့်ပါဘူး။ ဒေသအတော်များများမှာတော့ အစိုးရဆန့်ကျင်သူတွေက မဲထည့်ဝင်မှုတွေကို နှောင့်ယှက်ခဲ့ပါတယ်။

ရွေးကောက်ပွဲ နောက်ပိုင်းမှာ ဘန်ကောက်မြို့တော်က ဆန္ဒပြပွဲတွေ အရှိန်ကျသွားတဲ့ပုံရှိပေမဲ့ ဆန့်ကျင်ဆန္ဒပြသူတွေကတော့ ဝန်ကြီးချုပ် ယင်းလတ် ရှင်နဝပ် (Yingluck Shinawatra) ရာထူးက မနှုတ်ထွက်မချင်း ဆက်ပြီး ဖိအားပေးသွားဖို့ ဆုံးဖြတ်ထားပါတယ်။
XS
SM
MD
LG