သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထုိင္းႏုိင္ငံမွာ ေတာဆင္ ၁၁ ေကာင္ ေရတံခြန္ထဲ ျပဳတ္က်ေသဆုံး


သတင္းဓာတ္ပံု - Khao Yai National Park (Courtesy Photo)

ထိုင္းႏိုင္ငံ အေရွ႕ေျမာက္ပိုင္း Khao Yai အစိုးရ သစ္ေတာႀကိဳး၀ိုင္းထဲက Haew Narok လို႔ေခၚတဲ့ ေခ်ာက္ကမ္းပါးေတြနက္တဲ့ ေရတံခြန္ထဲမွာ ေသဆုံးေနတဲ့ ေတာဆင္ ၅ ေကာင္ကို ထိုင္းအာဏာပိ္ုင္ေတြ ထပ္ၿပီးေတြ႔ရွိခဲ့တဲ့အတြက္ ခုဆိုရင္ ေသဆုံးခဲ့တဲ့ ဆင္ေကာင္ေရ စုစုေပါင္း ဆင္ ၁၁ ေကာင္ ရွိသြားပါၿပီ။ ေရတံခြန္ထဲ ျပဳတ္က်သြားတဲ့ ဆင္ေပါက္ကေလးကို ၀ုိင္းကယ္ဖို႔လုပ္ရင္း ခုလို ေသဆုံးရတာလို႔ ထုိင္းတာ၀န္ရွိသူေတြက ေျပာပါတယ္။ ဒီအေၾကာင္း AFP သတင္းေဆာင္းပါးကို အေျခခံၿပီး နန္းေလာင္၀္က တင္ျပထားပါတယ္။

ထိုင္းႏုိင္ငံေျမာက္ပိုင္းက ေရတံခြန္ထဲကို ေခ်ာ္က်သြားၿပီး ေရနစ္ေသဆံုံးခဲ့ပုံရတဲ့ ဆင္ ၆ ေကာင္ကို ၿပီးခဲ့တဲ့ သီတင္းပတ္ကုန္မွာ ရွာေဖြေတြ႕ရွိခဲ့သလို ဆင္အုပ္ထဲက က်န္ဆင္ ၂ ေကာင္ကိုေတာ့ ကယ္တင္ႏုိင္ခဲ့တယ္လို႔ ထိုင္းတာ၀န္ရွိသူေတြ ေျပာပါတယ္။ အဲဒီေနာက္ ဒ႐ုံးယာဥ္နဲ႔ စုံစမ္းစစ္ေဆးမႈေတြ လုပ္ရင္း ေနာက္ထပ္ ငါးေကာင္ကို Khao Yai သစ္ေတာႀကိဳး၀ိုင္း ေျပာေရးဆိုခြင့္ရွိသူက ေျပာပါတယ္။

ဆင္အုပ္ထဲကေန သုံးႏွစ္အရြယ္ ဆင္ငယ္ေလးတေကာင္ ေရစီးထဲမွာ ေမ်ာပါသြားတာေၾကာင့္ လိုက္ဆယ္ဖို႔ ႀကိဳးစားရင္ ေနာက္ထပ္ ဆင္ေတြ ေရစီးသန္တဲ့ လွ်ိဳထဲမွာ ေမ်ာပါရင္း ထပ္ေသဆုံးခဲ့တာလို႔လည္း တာ၀န္ရွိသူက ရွင္းျပပါတယ္။ မနက္ ၃ နာရီေလာက္မွာ ဆင္ေတြဆီက အကူအညီေတာင္းတဲ့ ညည္းသံေတြကို Khap Yai သစ္ေတာ တာ၀န္ရွိသူေတြ ၾကားခဲ့ရတယ္လို႔လည္း ထုိင္းႏုိင္ငံ၊ ေတာ႐ုိင္းတိရစၧာန္နဲ႔ အမ်ိဳးသားသစ္ေတာ ထိန္းသိမ္းေစာင့္ေရွာက္ေရးဌာနက ေၾကျငာခ်က္ထုတ္ျပန္ပါတယ္။

အဲဒီလိုအသံေတြၾကားရၿပီး နာရီပိုင္းအၾကာမွာပဲ ငရဲေျခာက္ကမ္းပါး လို႔ေခၚတဲ့ Haew Narok ေရတံခြန္ေအာက္မွာ ဆင္ ေျခာက္ ေကာင္ ေသဆုံးေနတာကို ေတြ႔ခဲ့ရတာပါ။

ျပဳတ္က်သြားတ့ဲ ဆင္ကေလးကို ကယ္တင္ဖို႔ ႀကိဳးစားတဲ့ ဆင္ ႏွစ္ ေကာင္ကေတာ့ အေပၚ ျပန္မတက္ႏုိင္ပဲ ေရစီးေၾကာင္းေပၚက ေခ်ာ္ေနတဲ့ ေက်ာက္စြန္းေပၚမွာ ပိတ္မိေနၾကတာပါ။ ဆင္ ၂ ေကာင္ ပိတ္မိေနတဲ့ ေနရာကို အျခားဆင္တေကာင္က သြားၿပီးကူညီဖို႔ အျပင္းအထန္ ႀကိဳးစားေနတာကိုလည္း ဗြီဒီိယိုရုပ္ပုံေတြမွာ ေတြ႔ရပါတယ္။ Khao Yai သစ္ေတာႀကိဳး၀ိုင္းရွိရာ Nakhon Nayok ေဒသ အုပ္ခ်ဳပ္ေရးမွဴး Nattapong Sirichanna က ခုလိုေျပာပါတယ္။

“ ဒီဆင္အုပ္ထဲမွာ ဆင္ ၁၃ ေကာင္ရွိတယ္လို႔ ယူဆရပါတယ္။ ဒီထဲက ၁၁ ေကာင္ကေတာ့ ေသဆုံးသြားပါၿပီ။ ၂ ေကာင္ရွင္ပါတယ္။ ဒီ၂ ေကာင္ အသက္ရွင္မယ္ဆိုတာ က်ေနာ္တို႔ ၁၀၀ ရာခုိင္ႏႈန္း အာမခံႏုိင္ပါတယ္။ မေန႔ညကပဲ သုူတို႔ ဌက္ေပ်ာသီးေတြ စားေနတာကို ျမင္ခဲ့ရပါတယ္။”

အဲဒီဆင္ေတြ အေပၚကို ျပန္တက္ႏုိင္ေလာက္မယ့္ အင္အားေတြျပည့္လာေစမယ့္ အာဟာရျဖစ္တဲ့ အစားအေသာက္ေတြကိုသစ္ေတာ တာ၀န္ရွိသူေတြက ဆင္ေတြပို ပစ္ေကၽြးေနၾကပါတယ္။ ဆင္ ၂ ေကာင္ကို ကယ္တယ္လိုက္နုိင္တယ္လို႔ တာ၀န္ရွိသူေတြကေျပာပါတယ္။ အဲဒီဆင္ေတြ သိပ္ကို ပူပင္ေသာက ေရာက္ေနၾကတယ္လို႔လည္း ေျပာပါတယ္။ ဆင္ေတြ ဘာလို႔ ေခ်ာ္ကသြားသလဲဆိုတာ အတိအက်မသိႏုိင္ဘူးလို႔ ႀကိဳး၀ိုင္းတာ၀န္ရွိသူ Sompoh Maneerat က AFP သတင္းဌာနကို ေျပာပါတယ္။

ဆင္ ၁၁ ေကာင္ေသဆုံးခဲ့ရတဲ့ဒီျဖစ္ရပ္ဟာKhao Yai သစ္ေတာႀကိဳး၀ိုင္းထဲမွာ ဆင္အမ်ားဆုံး ေသဆုံးတဲ့ မေတာ္တဆမႈျဖစ္ပါတယ္။ ၁၉၉၂ ခုႏွစ္ကလည္း ငရဲေျခာက္ကမ္းပါး လို႔ ေခၚၾကတဲ့ ဒီ ေပ ၂၆၀ နက္တဲ့ Haew Narok ေရတံခြန္မွာပဲ ဆင္ ၈ ေကာင္ ေရစီးထဲေမ်ာပါၿပီး ေသဆုံးခဲ့ဘူးပါတယ္။ အမ်ိဳးသာ သစ္ေတာႀကိဳး၀ိုင္းထဲမွာ ဆင္ေကာင္ေရး သုံးရာေလာက္ ရွိမယ္လို႔ ခန္႔မွန္းထားၾကပါတယ္။

ဆင္ေတြကို ကယ္တင္ေနတဲ့အတြက္ ေရတံခြန္ကိုလည္း ကမၻာလွည့္ခရီးသြားေတြ လာခြင့္ ပိတ္ထားပါတယ္။ ဆင္ေတြဟာ ထိုင္းႏုိင္ငံရဲ ႔ ႏုိင္ငံေတာ္ သေကၤတျဖစ္ၿပီး ေတာထဲမွာ သဘာ၀အတုိင္း လြတ္ထားတာျဖစ္ေပမယ့္ ဆင္ေကာင္ေရေတြ တျဖည္းျဖည္း ေလ်ာ့ပါးလာၿပီး ခုဆိုရင္ ေထာင္ဂဏန္းေလာက္သာ က်န္ပါတယ္။ သစ္ေတာျပဳန္းတီးမႈေၾကာင့္ လက္ရွိဆယ္စုႏွစ္ေတြမွာ ေတာ႐ုိင္းတိရိစၧာန္ေတြ ေနထုိင္က်က္စားရတဲ့ ေနရာေတြ တျဖည္းျဖည္း နည္းလာၿပီး လူသူရိွတဲ့အရပ္ေတြဘက္ တျဖည္းျဖည္း ေရာက္လာၾကတာလည္း ျဖစ္ပါတယ္။

[Unicode Version]

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း Khao Yai အစိုးရ သစ်တောကြိုးဝိုင်းထဲက Haew Narok လို့ခေါ်တဲ့ ချောက်ကမ်းပါးတွေနက်တဲ့ ရေတံခွန်ထဲမှာ သေဆုံးနေတဲ့ တောဆင် ၅ ကောင်ကို ထိုင်းအာဏာပိုင်တွေ ထပ်ပြီးတွေ့ရှိခဲ့တဲ့အတွက် ခုဆိုရင် သေဆုံးခဲ့တဲ့ ဆင်ကောင်ရေ စုစုပေါင်း ဆင် ၁၁ ကောင် ရှိသွားပါပြီ။ ရေတံခွန်ထဲ ပြုတ်ကျသွားတဲ့ ဆင်ပေါက်ကလေးကို ဝိုင်းကယ်ဖို့လုပ်ရင်း ခုလို သေဆုံးရတာလို့ ထိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအကြောင်း AFP သတင်းဆောင်းပါးကို အခြေခံပြီး နန်းလောင်ဝ်က တင်ပြထားပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်းက ရေတံခွန်ထဲကို ချော်ကျသွားပြီး ရေနစ်သေဆုံံးခဲ့ပုံရတဲ့ ဆင် ၆ ကောင်ကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ရှာဖွေတွေ့ရှိခဲ့သလို ဆင်အုပ်ထဲက ကျန်ဆင် ၂ ကောင်ကိုတော့ ကယ်တင်နိုင်ခဲ့တယ်လို့ ထိုင်းတာဝန်ရှိသူတွေ ပြောပါတယ်။ အဲဒီနောက် ဒရုံးယာဉ်နဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ရင်း နောက်ထပ် ငါးကောင်ကို Khao Yai သစ်တောကြိုးဝိုင်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဆင်အုပ်ထဲကနေ သုံးနှစ်အရွယ် ဆင်ငယ်လေးတကောင် ရေစီးထဲမှာ မျောပါသွားတာကြောင့် လိုက်ဆယ်ဖို့ ကြိုးစားရင် နောက်ထပ် ဆင်တွေ ရေစီးသန်တဲ့ လျှိုထဲမှာ မျောပါရင်း ထပ်သေဆုံးခဲ့တာလို့လည်း တာဝန်ရှိသူက ရှင်းပြပါတယ်။ မနက် ၃ နာရီလောက်မှာ ဆင်တွေဆီက အကူအညီတောင်းတဲ့ ညည်းသံတွေကို Khap Yai သစ်တော တာဝန်ရှိသူတွေ ကြားခဲ့ရတယ်လို့လည်း ထိုင်းနိုင်ငံ၊ တောရိုင်းတိရစ္ဆာန်နဲ့ အမျိုးသားသစ်တော ထိန်းသိမ်းစောင့်ရှောက်ရေးဌာနက ကြေငြာချက်ထုတ်ပြန်ပါတယ်။

အဲဒီလိုအသံတွေကြားရပြီး နာရီပိုင်းအကြာမှာပဲ ငရဲခြောက်ကမ်းပါး လို့ခေါ်တဲ့ Haew Narok ရေတံခွန်အောက်မှာ ဆင် ခြောက် ကောင် သေဆုံးနေတာကို တွေ့ခဲ့ရတာပါ။

ပြုတ်ကျသွားတဲ့ ဆင်ကလေးကို ကယ်တင်ဖို့ ကြိုးစားတဲ့ ဆင် နှစ် ကောင်ကတော့ အပေါ် ပြန်မတက်နိုင်ပဲ ရေစီးကြောင်းပေါ်က ချော်နေတဲ့ ကျောက်စွန်းပေါ်မှာ ပိတ်မိနေကြတာပါ။ ဆင် ၂ ကောင် ပိတ်မိနေတဲ့ နေရာကို အခြားဆင်တကောင်က သွားပြီးကူညီဖို့ အပြင်းအထန် ကြိုးစားနေတာကိုလည်း ဗွီဒီယိုရုပ်ပုံတွေမှာ တွေ့ရပါတယ်။ Khao Yai သစ်တောကြိုးဝိုင်းရှိရာ Nakhon Nayok ဒေသ အုပ်ချုပ်ရေးမှူး Nattapong Sirichanna က ခုလိုပြောပါတယ်။

“ ဒီဆင်အုပ်ထဲမှာ ဆင် ၁၃ ကောင်ရှိတယ်လို့ ယူဆရပါတယ်။ ဒီထဲက ၁၁ ကောင်ကတော့ သေဆုံးသွားပါပြီ။ ၂ ကောင်ရှင်ပါတယ်။ ဒီ၂ ကောင် အသက်ရှင်မယ်ဆိုတာ ကျနော်တို့ ၁၀၀ ရာခိုင်နှုန်း အာမခံနိုင်ပါတယ်။ မနေ့ညကပဲ သုူတို့ ဌက်ပျောသီးတွေ စားနေတာကို မြင်ခဲ့ရပါတယ်။”

အဲဒီဆင်တွေ အပေါ်ကို ပြန်တက်နိုင်လောက်မယ့် အင်အားတွေပြည့်လာစေမယ့် အာဟာရဖြစ်တဲ့ အစားအသောက်တွေကိုသစ်တော တာဝန်ရှိသူတွေက ဆင်တွေပို ပစ်ကျွေးနေကြပါတယ်။ ဆင် ၂ ကောင်ကို ကယ်တယ်လိုက်နိုင်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ အဲဒီဆင်တွေ သိပ်ကို ပူပင်သောက ရောက်နေကြတယ်လို့လည်း ပြောပါတယ်။ ဆင်တွေ ဘာလို့ ချော်ကသွားသလဲဆိုတာ အတိအကျမသိနိုင်ဘူးလို့ ကြိုးဝိုင်းတာဝန်ရှိသူ Sompoh Maneerat က AFP သတင်းဌာနကို ပြောပါတယ်။

ဆင် ၁၁ ကောင်သေဆုံးခဲ့ရတဲ့ဒီဖြစ်ရပ်ဟာKhao Yai သစ်တောကြိုးဝိုင်းထဲမှာ ဆင်အများဆုံး သေဆုံးတဲ့ မတော်တဆမှုဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်ကလည်း ငရဲခြောက်ကမ်းပါး လို့ ခေါ်ကြတဲ့ ဒီ ပေ ၂၆၀ နက်တဲ့ Haew Narok ရေတံခွန်မှာပဲ ဆင် ၈ ကောင် ရေစီးထဲမျောပါပြီး သေဆုံးခဲ့ဘူးပါတယ်။ အမျိုးသာ သစ်တောကြိုးဝိုင်းထဲမှာ ဆင်ကောင်ရေး သုံးရာလောက် ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

ဆင်တွေကို ကယ်တင်နေတဲ့အတွက် ရေတံခွန်ကိုလည်း ကမ္ဘာလှည့်ခရီးသွားတွေ လာခွင့် ပိတ်ထားပါတယ်။ ဆင်တွေဟာ ထိုင်းနိုင်ငံရဲ့ နိုင်ငံတော် သင်္ကေတဖြစ်ပြီး တောထဲမှာ သဘာဝအတိုင်း လွတ်ထားတာဖြစ်ပေမယ့် ဆင်ကောင်ရေတွေ တဖြည်းဖြည်း လျော့ပါးလာပြီး ခုဆိုရင် ထောင်ဂဏန်းလောက်သာ ကျန်ပါတယ်။ သစ်တောပြုန်းတီးမှုကြောင့် လက်ရှိဆယ်စုနှစ်တွေမှာ တောရိုင်းတိရိစ္ဆာန်တွေ နေထိုင်ကျက်စားရတဲ့ နေရာတွေ တဖြည်းဖြည်း နည်းလာပြီး လူသူရှိတဲ့အရပ်တွေဘက် တဖြည်းဖြည်း ရောက်လာကြတာလည်း ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG