သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဆင်စွယ်ထွက်ကုန် ရောင်းဝယ်ခွင့် ၂၀၂၁ မှာ စင်္ကာပူ လုံးဝပိတ်မည်


ဇူလိုင်လ တုန်းက စင်္ကာပူမှာ ဆင်စွယ်တန်ချိန် ၉ တန်နီးပါး ဖမ်းဆီးရမိ

စကာင်္ပူမှာ ဆင်စွယ်နဲ့ ဆင်စွယ် ထုတ်ကုန်တွေ ရောင်းချမှုကို ၂၀၂၁ ခုနှစ် အရောက်မှာ လုံးဝ တားမြစ်မယ်လို့ သားရိုင်း တိရစ္ဆာန် မှောင်ခိုကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းနေတဲ့ စကာင်္ပူ အစိုးရက တနလာင်္နေ့မှာ ပြောဆိုလိုက်ပါတယ်။

အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ဆင်စွယ် လက်လီ ရောင်းချသူတွေ၊ အများပြည်သူနဲ့ ၂ နှစ်ကြာ ဆွေးနွေးခဲ့ပြီးနောက် ကမ္ဘာ့ ဆင် အထိမ်းအမှတ်နေ့မှာ အခုလို ကြေညာလိုက်တာပါ။ စကာင်္ပူမှာ ပြီးခဲ့တဲ့ လထဲမှာဘဲ မှောင်ခိုကူးလာတဲ့ ဒေါ်လာ ၁၂ ဒသမ ၉ သန်းလောက် တန်ဖိုးရှိတဲ့ ဆင်ဆွယ် ၉ တန်နီးပါး ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီး ရမိမှုတွေထဲမှာ ပမာဏ အများဆုံးလည်း ဖြစ်ပါတယ်။ ဒီဆင်စွယ် ပမာဏဟာဆိုရင် အာဖရိက ဆင်ကောင်ရေ ၃၀၀ လောက်ဆီက ဖြတ်ယူလာတာလို့လည်း ခန့်မှန်းရပါတယ်။ စကာင်္ပူကို ဖြတ်ပြီး ဗီယက်နမ်ကို သွားမယ့်

ဒီမိုကရက် ကွန်ဂို သမ္မတ နိုင်ငံက လာတဲ့ ကုန်သေတ္တာထဲမှာ ဆင်စွယ်တွေနဲ့ သင်းခွေချပ် အခွံ အများအပြားကို သိမ်းဆည်းရမိခဲ့တာပါ။ စကာင်္ပူ နိုင်ငံက ၁၉၉၀ ပြည့်နှစ် ကတည်းက ဆင်စွယ် ထုတ်ကုန် မျိုးစုံ နိုင်ငံတကာ ကူးသန်းမှုကို တားမြစ်ခဲ့တာပါ။ ဆင်မျိုးစိတ်တွေကို မျိုးတုံး ပျောက်ကွယ်နိုင်တဲ့ မျိုးစိတ်တွေ အဖြစ် နိုင်ငံတကာ သဘောတူစာချုပ်က မသတ်မှတ်ခင် အချိန်က ဒါမှမဟုတ်လည်း ၁၉၉၀ ပြည့်နှစ် မတိုင်ခင်က တင်သွင်းထားတယ်လို့ အတည်ပြုနိုင်ရင်တော့ ပြည်တွင်းမှာ ဆင်စွယ် ထုတ်ကုန်တွေ ရောင်းချနိုင်ပါတယ်။ ဒါပေမယ့် ဆင်စွယ်နဲ့ ဆင်စွယ်ထုတ်ကုန်တွေ ရောင်းချမှု တားမြစ်ချက်က လာမယ့် ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှာ စတင်သက်ရောက်မယ့် အကြောင်း တနလာင်္နေ့က ထုတ်တဲ့ ကြေညာချက်မှာ စကာင်္ပူ အမျိုးသား ဥယျာဉ်များ ဆိုင်ရာ ဘုတ်အဖွဲ့က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG