သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းတောင်ပိုင်းကျွန်းစု မိုးကြီးမှု ၁၄ ဦး သေဆုံး


ထိုင်းတောင်ပိုင်းကျွန်းစု မိုးကြီးမှု ၁၄ ဦးသေဆုံး
ထိုင်းတောင်ပိုင်းကျွန်းစု မိုးကြီးမှု ၁၄ ဦးသေဆုံး

ထိုင်းနိုင်ငံတောင်ပိုင်းက ကျွန်းစုတွေမှာ မိုးကြီး ရေလျှံခဲ့တာကြောင့် လူ ၁၄ ဦး သေဆုံးခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာနဲ့ ဇန်နဝါရီလဟာ ထိုင်းနိုင်ငံမှာ ခရီးသွားလာမှု အများဆုံး ရာသီလည်း ဖြစ်ပါတယ်။

ထိုင်းပင်လယ်ကွေ့အတွင်းက Samui နဲ့ Pha Ngan ကျွန်းတွေမှာ မိုးအကြီးအကျယ်ရွာသွန်းခဲ့ပြီး ရေကြီးရေလျှံဖြစ်တာကြောင့် ထိုင်းတောင်ပိုင်းနဲ့ မလေးရှားနိုင်ငံသွားတဲ့ မီးရထားလမ်းတွေလည်း ပျက်စီးကုန်ပါတယ်။

ထိုင်းနိုင်ငံမှာ လနဲ့ချီကြာခဲ့တဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် စစ်တပ်က ၂၀၁၄ ခုနှစ်အတွင်းအာဏာသိမ်းလိုက်ချိန်ကစလို့ ခရီးသွားလုပ်ငန်းဟာ ကျဆင်းလာပြီး ဒီအခြေအနေကို ပြန်ကောင်းမွန်လာအောင် ကြိုးပမ်းနေချိန်မှာ အခုလို ရာသီဥတုဘေးဒဏ်ကို ရင်ဆိုင်နေရတာပါ။

နတ်ရွာစံသွားတဲ့ ထိုင်းဘုရင်မင်းမြတ်အတွက် ဝမ်းနည်းပူဆွေးခြင်း အထိမ်းအမှတ်ကာလအတွင်းမှာပဲ နိုင်ငံရဲ့ ဝင်ငွေ ၁၀ ရာခိုင်နှုန်းထိဝင်ငွေ ရှာပေးနေတဲ့ ခရီးသွားလုပ်ငန်းအတွက် အာဏာပိုင်တွေဟာ အကြီးအကျယ် မျှော်လင့်ထားပါတယ်။ ၂၀၁၁ ခုနှစ်အတွင်းက ရေကြီးရေလျှံမှု အတွင်းမှာလည်း လူ ၉၀၀ ကျော် သေဆုံးခဲ့တာကြောင့် ခရီးသွားလုပ်ငန်းအပေါ် အကြီးအကျယ် ထိခိုက်ခဲ့သလို အဲဒီနှစ်က ဝ.၁ ရာခိုင်နှုန်းသာ စီးပွါးရေးတိုးတက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG