သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနဲ့ ထိုင်းဝန်ကြီးချုပ် ကော့တောင်အမှု ဆွေးနွေး


የግብጽ የውጭ ጉዳይ ሚኒስቴር ሸሪፍ ኢስማኢል ከጋዜጠኞች ጋር እየተናገሩ 
የግብጽ የውጭ ጉዳይ ሚኒስቴር ሸሪፍ ኢስማኢል ከጋዜጠኞች ጋር እየተናገሩ 

ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းဝန်ကြီးချုပ်၊ ထိုင်းလွှတ်တော် ထိပ်တန်းခေါင်းဆောင်တွေနဲ့အတူ ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ ထိုင်းရှေ့နေများကောင်စီ တာဝန်ရှိသူတွေနဲ့ ဒီကနေ့တွေ့ဆုံပါတယ်။ ထိုင်းနိုင်ငံ ကော့တောင်ကျွန်း လူသတ်မှုစွပ်စွဲချက်နဲ့ အထိန်းသိမ်းခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦးအရေး ဆွေးနွေးဖို့နဲ့ မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဥပဒေပညာရှင်တွေနဲ့ မူခင်းကျွမ်းကျင်သူတွေ ပါ ရောက်ရှိလာကြတာပါ။ အသေးစိတ် မဆုမွန် စုံစမ်းတင်ပြထားပါတယ်။

နိုင်ငံတကာကပါ စိတ်ဝင်စားပြီးတော့ ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ ထိုင်းနိုင်ငံ တောင်ပိုင်း ကော့တောင်ကျွန်းလူသတ်မှု စုံစမ်းစစ်ဆေးတွေ့ရှိချက်ကို ထိုင်းနိုင်ငံ မြန်မာသံရုံး အထူးစုံစမ်းရေးအဖွဲ့က မြန်မာသမ္မတဦးသိန်းစိန်ဆီ အစီရင်ခံစာ တင်သွင်းအပြီး အခုလို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ဦးဆောင်တဲ့ အထူးကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံကို တနင်္ဂနွေနေ့က ရောက်ရှိလာတာဖြစ်ပါတယ်။

အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာနိုဝင်ဘာ ၂၄ရက်နေ့ တနင်္လာနေ့ မှာ ထိုင်းဝန်ကြီးချုပ် Pyrayuth Chan Ocha နဲ့တွေ့ဆုံခဲ့သလို ထိုင်းလွှတ်တော်တာဝန်ရှိသူတွေ၊ ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင်နဲ့လည်း တွေ့ဆုံခဲ့တဲ့အကြောင်း ထိုင်းနိုင်ငံ မြန်မာသံရုံး အထူးစုံစမ်းရေးအဖွဲ့ဝင် ရှေ့နေဦးအောင်မျိုးသန့်က အခုလိုပြောပြပါတယ်။

“မနေ့ညက ရောက်တာပါခင်ဗျ။ ညနေ ၇နာရီ ကို ဘန်ကောက်က Four Seasons ဟိုတယ်ကိုရောက်ပါတယ်။ ရောက်ရောက်ချင်းပဲ မြန်မာသံရုံး အထူးအဖွဲ့နဲ့ တစ်နာရီကျော် တွေ့ပါတယ်။ ဒီဟာနဲ့ပတ်သက်လို့ မြန်မာပြည်အနေနဲ့ အားလုံးလိုအပ်တာတွေကို ပံ့ပိုးကူညီသွားမယ်။ နောက်ပြီးတော့ အာမခံလျှောက်တဲ့ကိစ္စလည်း အားလုံး ကူညီပံ့ပိုးသွားမယ်လို့ပြောပါတယ်။ ဒီနေ့နေ့လည်ပိုင်းက အကုန်တွေ့ကြပါတယ်။ မနက်ပိုင်းမှာ မြဘုရား သွားဖူးပြီးတာနဲ့ ဝန်ကြီးချုပ်နဲ့လည်း တွေ့ပါတယ်။ နောက် ထိုင်းလွှတ်တော် ဥက္ကဋ္ဌနဲ့လည်း တွေ့ကြပါတယ်။ ကျနော်တို့ အထူးသံရုံးအဖွဲ့ရယ်။ လူ့အခွင့်အရေးကော်မရှင်ရယ် နောက်ပြီးတော့ မြန်မာပြည်က ဥက္ကဋ္ဌနဲ့ ပါလာတဲ့အဖွဲ့တွေ တွေ့ကြတာပါ။”

လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဦးဆောင်တဲ့အဖွဲ့မှာ ပြည်ထောင်စုဝန်ကြီး အပါအဝင် ဥပဒေပညာရှင်တွေ၊ မူခင်းစစ်ဆေးမှုဆိုင်ရာ ကျွမ်းကျင် ပညာရှင်တွေ ပါဝင်ပြီးတော့ အမှုမှန် ပေါ်ပေါက်နိုင်ရေး ထိုင်းနိုင်ငံ မြန်မာသံရုံးအထူးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်သွားကြဖို့ ရှိတယ်လို့ မြန်မာ အလုပ်သမားနှစ်ဦးအရေး ကိုယ်တိုင် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ဥပဒေအကျိုးဆောင် ဦးအောင်မျိုးသန့်က ပြောပါတယ်။

“အဲ့ဒီ့မှာ ဥပဒေနားလည်တဲ့သူတွေ ပါပါတယ်။ နောက်တခါ မူခင်းရေးရာ ကျွမ်းကျင်သူတွေ ပါလာပါတယ်။ ဒါ့အပြင် ရခိုင်ရေးရာ အဖွဲ့တွေလည်း ပါလာပါတယ်။ အဲ့တော့ အဲ့လို ပါလာတဲ့အဖွဲ့တွေမှာ ခုနကပြောတဲ့ မူခင်းကတော့ မူခင်းနဲ့ပတ်သက်တဲ့ သူတို့သိလိုတဲ့အချက်ကလေးတွေကို သူတို့က ကျနော်တို့ကို မေးမြန်းပါတယ်။ နောက်တခါ ဥပဒေရေးရာသမားတွေကလည်း ဥပဒေနဲ့ပတ်သက်လို့ ကျနော်တို့ တွေ့ရှိချက်လေးတွေကို မေးပါတယ်။ နောက်ပြီးတော့ ဒီရက်ပိုင်းအတွင်းမှာပဲ ကလေးတွေကို အာမခံလျှောက်ဖို့ကိစ္စ၊ လျှောက်မယ်ဆိုရင်လည်း သူတို့အဖွဲ့ထဲကနေ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးဖို့ဆိုတဲ့ ကိစ္စတွေ ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မြန်မာပြည်က မှတ်တမ်းတင်ထားတဲ့ စာအုပ်ထွက်ထားပါတယ်။ အဲ့ဒီ့စာအုပ်ကို ကျနော်တို့ကိုပေးပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျနော်တို့ဘက်ကနေ ထပ်ပြီးတော့ လိုအပ်တာ ပိုတာလိုတာတွေကိုလည်း သူတို့နဲ့ပြန်လည်ပြောပါ။ သူတို့အနေနဲ့ကလည်း ဒီအမှုကို အစဉ်မပြတ်စောင့်ကြည့်နေပါတယ်။ လိုအပ်တာကိုလည်း ဆောင်ရွက်ပြီး အစိုးရအနေနဲ့ ပံ့ပိုးကူညီဖို့ အားလုံး ဆုံးဖြတ်ပြီးသားပါလို့ပြောပါတယ်။”

မြန်မာလွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အရေးတကြီး အဆိုတင်သွင်း ထောက်ခံတောင်းဆိုမှုနဲ့ မြန်မာလွှတ်တော်ဘက်ကလည်း ထိုင်းလွှတ်တော် တာဝန်ရှိသူတွေကို အမှုမှန်ပေါ်ပေါက်ရေး တရားမျှတစွာ စီရင်ဆောင်ရွက်ပေးဖို့ ွ သဝဏ်လွှာပေးပို့ တောင်းဆိုထားချိန် လည်းဖြစ်ပါတယ်။ အခုလို မြန်မာနိုင်ငံဘက်ကလည်း အထူးအလေးထားဆောင်ရွက်ပေးနေချိန် လူသတ်မှုနဲ့ပတ်သက်ပြီး အကျဉ်းထောင်ထဲ ထိန်းသိမ်းခံနေရတဲ့ မြန်မာ အလုပ်သမားနှစ်ဦးရဲ့ အမှုအခြေအနေကို ရှေ့နေ ဦးအောင်မျိုးသန့်က အခုလို သုံးသပ်ပါတယ်။

“အဓိကက ဗမာပြည်ဘက်ကနေ ဒီအမှုနဲ့ပတ်သက်လို့ စိတ်ဝင်စားနေတယ်။ ပြည်သူတွေကလည်း စိတ်ဝင်စားနေတယ်၊ ဒါကြောင့်မို့ ဒီအမှုနဲ့ပတ်သက်လို့ နှစ်ဘက်အမြင်တွေ ဆွေးနွေးကြပါတယ်။ လူ့အခွင့်အရေးအဖွဲ့အစည်းကလည်း သူတို့ဘက်က ရှာဖွေတွေ့ရှိချက်တွေ ပြောသလိုပဲ မြန်မာပြည်ဘက်က ရရှိတဲ့သတင်းအပေါ် မူတည်ပြီး တချို့အချက်တွေကို သိလိုတာတွေကို မေးပြီးတော့ ဆွေးနွေးကြပါတယ်။ ဒီနေ့ ကျနော်တို့ အောက်လွှတ်တော် ဥက္ကဋ္ဌတွေ၊ ဝန်ကြီးချုပ်ကို သွားတွေ့တဲ့အခြေအနေကို ကြည့်ရတာကတော့ ဒီအမှုနဲ့ပတ်သက်လို့ ပိုပြီးတော့ ကောင်းမွန်တဲ့ အနေအထားတွေ ရောက်လာတဲ့အနေအထားတွေကို သုံးသပ်ရပါတယ်ခင်ဗျ။”

ကော့တောင်ကျွန်းက ဗြိတိသျှ ခရီးသွား နှစ်ဦး အသတ်ခံရမှှုမှာ မြန်မာရွှေ့ပြောင်း အလုပ်သမား နှစ်ဦးကို ဖမ်းဆီး ထိန်းသိမ်း စစ်ဆေးစဉ် အတွင်း ညှင်းပမ်း နှိပ်စက်မှုတွေရှိခဲ့ပြီးတော့ အတင်းအဓမ္မ ဖြောင့်ချက်ပေး ဝန်ခံခိုင်းခဲ့တယ်ဆိုတဲ့ စွဲချက်တွေကို ဖြေရှင်းပေးဖို့ ကော့တောင်ကျွန်းလူသတ်မှုကို ကိုင်တွယ်ဖြေရှင်းနေတဲ့ ထိုင်းရဲတပ်ဖွဲ့ ဒုတိယရဲချုပ်နဲ့ အမှုလိုက် ရဲအရာရှိတွေကို ထိုင်းလူ့အခွင့်အရေးကော်မရှင်က ဆင့်ခေါ်ခဲ့ပေမဲ့ လာရောက် ဖြေရှင်းချက်ပေးဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ထိုင်းလူ့အခွင့်အရေးကော်မရှင်ကနေ ဒုရဲချုပ်နဲ့ အမှုလိုက်အရာရှိတွေကို ဖမ်းဆီးဖို့ ထိုင်းရဲတပ်ဖွဲ့ ရဲချုပ်ကို စာပေးပို့ထားပါတယ်။

တချိန်တည်းမှာပဲ လူသတ်မှုကို အထောက်အထား ခိုင်လုံစွာ မတင်ပြနိုင်ဘူးဆိုရင် လူသတ်မှုစွပ်စွဲချက်နဲ့ အထိန်းသိမ်းခံထားရတဲ့ မြန်မာအလုပ်သမား နှစ်ဦးရဲ့ ချုပ်ရက်ရမန်ပြည့်သွားချိန်မှာတော့ တရားရှင် လွတ်နိုင်ခြေရှိနေပါတယ်။ သူတို့နှစ်ဦးအတွက် မြန်မာသံရုံးဘက်က အာမခံချက်ရဖို့ ကြိုးစားနေသလို အာမခံချက်ရပြီးရင်လည်း ထိုင်းနိုင်ငံ မြန်မာသံရုံးရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုမှာ နေထိုင်ရမှာဖြစ်ပါတယ်။ တရားခံအဖြစ် စွပ်စွဲခံရသူ မြန်မာအလုပ်သမားတွေဘက်က အမှုပြီးပြတ်တဲ့အထိ အမှုကို ထိုင်းရှေ့နေတွေက ထိုင်းနိုင်ငံ မြန်မာသံရုံးအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ အတူ ပူးပေါင်းပြီး လိုက်ပါဆောင်ရွက်ပေးမှာဖြစ်ပါတယ်။

XS
SM
MD
LG