သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားသစ် အောက်တိုဘာလကုန်ဖွင့်မည်


ထိုင်းစီးပွားရေး ဒုဝန်ကြီး Jurin Laksanawisit
ထိုင်းစီးပွားရေး ဒုဝန်ကြီး Jurin Laksanawisit

ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားသစ်ကို ဒီလကုန်မှာ တရားဝင် ဖွင့်လှစ်မယ့်အကြောင်း ဒီသီတင်းပတ်ထဲ မဲဆောက်မြို့ကို ရောက်လာတဲ့ ထိုင်းစီးပွားရေး ဒုတိယဝန်ကြီးက ပြောလိုက်ပါတယ်။ နှစ် နိုင်ငံကြား ကုန်စည်စီးဆင်းမှုတွေနဲ့ သွားလာမှုတွေ တိုးမြှင့်ဖို့ အခုလို ဖွင့်လှစ်မှာဖြစ်ကြောင်း ထိုင်းစီးပွားရေး ဒုဝန်ကြီး Jurin Laksanawisit က ပြောဆိုခဲ့တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် တာ့ခရိုင် မဲဆောက်မြို့ကို ထိုင်းစီးပွားရေး ဒုဝန်ကြီး Jurin Laksanawisit နဲ့ အစိုးရ အဖွဲ့ဝင်တွေ လာရောက် စစ်ဆေး ကြည့်ရှု့ခဲ့ပြီး မဲဆောက်မြို့က စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့တာပါ။ ဆွေးနွေးမှုအတွင်း အောက်တိုဘာလကုန်မှာ ထိုင်းမြန်မာ ချစ်ကြည်ရေးအမှတ် ၂ နယ်စပ်ဖြတ်ကျော်ရေး တံတားကို ဖွင့်လှစ်သွားမယ်လို့လည်း ပြောဆိုသွားပါတယ်။

ဒီချစ်ကြည်ရေးတံတားကို ၃၀ရက်နေ့မှာ စဖွင့်ပါမယ်။ ကုန်သယ်တွေ လုပ်ငန်းရှင်တွေရော တံတားဖွင့်တာ စောင့်နေရတယ်။ တံတားတခုတည်းနဲ့ ကုန်စည်တွေ ဖြတ်သန်းရတာ မလွယ်ကူဘူး ဖြစ်နေတယ်။ ကြံကြာမှုတွေ ဖြစ်တာကားပိတ်ဆို့မှုတွေ ဖြစ်တယ်။ တံတား အမှတ် ၂ ဖွင့်ရင် ကုန်သွယ်မှုက ပိုပြီး တိုးတက်လာမယ်။ ကုန်သွယ်မှုက တနှစ်ကို ဘတ်သန်းပေါင်း ၈၀,၀၀၀ ကနေ သန်းပေါင်း တသိန်းလောက်ထိ ကုန်သွယ်မှုတွေ တိုးလာနိုင်ပါတယ်။ ဒီအတွက် ပုံမှန်ထက်စာရင ်ဘတ်သန်းပေါင်း ၂၀,၀၀၀ လောက်ထိ တိုးလာနိုင်တယ်ဆိုပြီး ပြောသွားတာပါ။

ထိုင်းမြန်မာ နှစ်နိုင်ငံနယ်စပ် စီးပွားရေး ပိုမိုတိုးတက်လာဖို့ ထိုင်း စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တိုင်ပင်ဆွေနွေးညှိနိုင်းခဲ့တယ်လို့ ဆိုပါတယ်။ နယ်စပ်ဖြတ်ကျော်ရေး အမှတ်၂ တံတားသစ် ဖွင့်လှစ်ပြီးတဲ့အခါ နယ်စပ်ကုန်သွယ်ရေးဟာ လက်ရှိ ဘတ်သန်းပေါင်း ဘီလီယံ ၈၀ ကနေ ၁၀၀ ဘီလီယံ အထိ မြင့်တက်လာမယ်လို့ ထိုင်းစီးပွားရေး ပညာရှင်တွေက ခန့်မှန်းထားပါတယ်။ ဒါ့အပြင် အမှတ် ၂ ချစ်ကြည်ရေး တံတားဖွင့်ချိန်ကို ည ၈ နာရီကနေ ည ၁၂ နာရီအထိ အချိန်ပိုဖွင့်လှစ်ပေးဖို့ကိုလည်း နယ်စပ်အာဏာပိုင်တွေနဲ့ ညှိနှိုင်း ဆွေးနွေးနေတယ်လို့ ဆိုပါတယ် ။

ထိုင်းနဲ့ မြန်မာ ကုန်သွယ်ရေး အဓိက နယ်စပ်လမ်းကြောင်းတွေကတော့တာချီလိတ်၊ မယ်ဆိုင်၊ ကော့သောင်း၊ ရနောင်းနဲ့ မြဝတီ မဲဆောက် လမ်းကြောင်းတွေ ဖြစ်ပြီးမြဝတီ-မဲဆောက် နယ်စပ်လမ်းကနေ ကုန်သွယ်နေတဲ့ ပမာဏဟာထိုင်း-မြန်မာနယ်စပ် ကုန်သွယ်မှုအားလုံး ၆၀ ရာခိုင်နှုန်းကျော် ရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံကို ပို့နေတဲ့ ကုန်ပစ္စည်းတွေဟာ ထိုင်းနိုင်ငံထုတ်ကုန်တွေ ဆောက်လုပ်ရေး သုံးပစ္စည်းနဲ့စွမ်းအင်သုံး လောင်စာဆီတွေ ဖြစ်ပါတယ်။

ဒီချစ်ကြည်ရေး တံတားကို ၃၀ ရက်နေ့မှာ စဖွင့်ပါမယ်။ အားလုံးက ကုန်သယ်တွေ၊ လုပ်ငန်းရှင်တွေရော တံတားဖွင့်တာ စောင့်နေရတယ်။ တံတားတခုတည်းနဲ့ ကုန်စည်တွေ ဖြတ်သန်းရတာ မလွယ်ကူဘူး ဖြစ်နေတယ်။ ကြံကြာမှုတွေ ဖြစ်တာကား ပိတ်ဆို့မှုတွေ ဖြစ်တယ်။ တံတား အမှတ် ၂ ဖွင့်ရင် ကုန်သွယ်မှုက ပိုပြီး တိုးတက်လာမယ်။ ကုန်သွယ်မှုက တနှစ်ကို သန်းပေါင်း ၈၀,၀၀၀ ကနေ သန်းပေါင်း တ သိန်းလောက်ထိ ကုန်သွယ်မှုတွေ တိုးလာနိုင်ပါတယ်။ သန်းပေါင်း ၂၀,၀၀၀ လောက်ထိ တိုးလာနိုင်တယ်ဆိုပြီး ပြောသွားတာပါ။

တံတားကြီးကို ထိုင်းနိုင်ငံဘက်က ထိုင်းဘတ်ငွေ သန်းပေါင်း ၄,၂၀၀ အကုန်အကျခံပြီး တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။

မဲဆောက်-မြဝတီ အမှတ် ၂ ချစ်ကြည်ရေး တံတားအရှည်မှာ မြန်မာဘက်ခြမ်းမှာ ၄ ကီလိုမီတာဖြစ်ပြီး ထိုင်းဘက်ခြမ်းတွင် ၁၇ ကီလိုမီတာ ဖြစ်ပါတယ်။

[Unicode Version]










တိုက်ရိုက် လင့်ခ်
XS
SM
MD
LG