သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားသစ် တရားဝင်ဖွင့်လှစ်


တံတား ဖွင့်ပွဲကို မြန်မာနိုင်ငံဘက်က နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာတို့ လာရောက် ဖွင့်လှစ်ပုံ
တံတား ဖွင့်ပွဲကို မြန်မာနိုင်ငံဘက်က နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာတို့ လာရောက် ဖွင့်လှစ်ပုံ

ထိုင်းနဲ့ မြန်မာ ၂ နိုင်ငံကြား နယ်စပ် ကုန်သွယ်ရေး ပိုမို လွယ်ကူ ချောမွေစေဖို့အတွက် ၂ နိုင်ငံ ချစ်ကြည်ရေးတံတား အမှတ် (၂) ကို မတ်လ ၁၉ ရက်နေ့က တရားဝင် ဖွင့်လှစ်လိုက်ပါတယ်။ ဒီတံတား ဖွင့်ပွဲကိုတော့ မြန်မာနိုင်ငံဘက်က နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာတို့ လာရောက် ဖွင့်လှစ် ပေးခဲ့တာပါ။ အပြည့်စုံကို မအေးအေးမာက သတင်း ပေးပို့ထားပါတယ်။

နှစ်စဉ် ဘတ်ငွေသန်းပေါင်း ရှစ်သောင်းကနေ တသိန်းလောက်ထိ ကုန်သွယ်မှုလုပ်နေတဲ့ ထိုင်း-မြန်မာ၂ နိုင်ငံ နယ်စပ် ကုန်သွယ် စီးဆင်းမှုတွေဟာ အခု အသစ် ဖွင့်လှစ်လိုက်တဲ့
ချစ်ကြည်ရေး တံတားကြောင့် ပိုမိုလွယ်ကူ ချောမွေ့ လာစေတော့မှာပါ။

ကုန်သွယ်ရေး ပိုမို လွယ်ကူလာတာနဲ့အမျှ ၂ နိုင်ငံလုံးအတွက် ဖွံ့ဖြိုး တိုးတက်စေဖို့လည်း ရည်ရွယ်သလို၊ အိမ်နီးချင်း ၂ နှိင်ငံကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့် တည်ဆောက်နိုင်ဖို့ အတွက် ဖြစ်တယ်လို့ ဒီကနေ့ ချစ်ကြည်ရေး တံတားဖွင့်ပွဲကို တက်ရောက်လာတဲ့ မြန်မာ
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

"အခု ချစ်ကြည်ရေး တံတားဟာ နှစ်နိုင်ငံကြား ရုပ်ပိုင်းဆိုင်ရာ ပေါင်းစည်းရေး ဆက်သွယ်မူကို သာမက ၂ နိုင်ငံ ပြည်သူများအကြား ပေါင်းစည်း ဆက်သွယ်မူတွေကိုလည်း တိုးမြှင့်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒေသတွင်း နိုင်ငံများရဲ့ သာယာ ဖွံ့ဖြိုးတိုးတက်မူကို ဖော်ဆောင်ပေးနိုင်မဲ့ တံတားကြီးဖြစ်ပါတယ်။"

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကလည်း မြန်မာနိုင်ငံကနေ ဒီဖွင့်ပွဲကို လာတက်လာကြတဲ့ နိုင်ငံတော်အကြီးအကဲနဲ့ သက်ဆိုင်ရာတွေ လူကြီးမင်းတွေကို မင်္ဂလာပါလို့ မြန်မာလို နှုတ်ခွန်းဆက် ပြောကြားခဲ့ပြီး ခုလို ၂ နိုင်ငံ ကုန်သွယ်ရေး တခါးပေါက် တခု ထပ်မံဖွင့်လှစ်နိုင်ခဲ့လို့ သူ့အနေနဲ့ ဂုဏ်ယူမိပါတယ်လို့ ဆိုပါတယ်။

“ထိုင်းမြန်မာနယ်စပ် ကုန်သွယ်ရေး အဓိက လမ်းကြောင်းကနေ ၂ နိုင်ငံ ကုန်စည် ပို့ဆောင်ရေး ပိုမိုတိုးတက်လာမှာ ဖြစ်ပါတယ်။ မြန်မာဟာ ထိုင်းနိုင်ငံနဲ့ အနီးဆုံးမှာ ရှိနေတဲ့ နိုင်ငံဖြစ်လို့ ၂ နိုင်ငံ ချစ်ကြည်ရေး ဆက်ဆံရေး ရေရှည်တည်တန့် ခိုင်မြဲစေမှာ ဖြစ်ပါတယ်လို့ ပြောသွားတာပါ။ အခုတံတားအမှတ် (၂) ကို ဖွင့်လှစ်နိုင်တာဟာ
ထိုင်းနဲ့ မြန်မာကြားမှာ ဆက်ဆံရေး ပိုမိုကောင်းမွန်လာတဲ့ ပြရုပ် တခုဖြစ်တယ် ဆိုပြီးတော့လည်း ပြောဆိုခဲ့ပြီး ၂ နိုင်ငံ ပူးတွဲ လုပ်ဆောင်မူကြောင့် အောင်မြင်သွားပါတယ်လို့ ဆိုခဲ့တာပါ။”

တနှစ်ကို ၂ နိုင်ငံကုန်သွယ်ရေးက ဘတ်ငွေ သန်းပေါင်း ၈ သောင်းက ကနေ ၁ သိန်းကြား ကုန်သွယ်မှုတွေ ရှိနေပြီး အမှတ် (၁) တံတားကတော့ ကားတွေနဲ့ ပိတ်ကျပ်နေလို့ သိပ်သွားလာလို့မရ သလိုတနေ တနေ့ကို ကားတန်း အရှည်တွေက အချိန်တွေ ကြာနေတာကြောင့် စီးပွားရေးလုပ်ငန်းတွေ ကုန်သွယ် စီးဆင်းမှုတွေအတွက် ထင်သလောက် ခရီးမပေါက် ဖြစ်နေကြရတာပါ ဒါပေမဲ့ ကုန်စည် အများစုကတော့ ထိုင်းဘက်ကနေ သွားတဲ့ ကုန်ပစ္စည်းတွေကသာ များပါတယ်။

အမှတ် (၁) ချစ်ကြည်ရေး တံတားထက်ကို နည်းပညာအပါအဝင် အဖက်ဖက်က ပြည်စုံအောင် ဆောက်လုပ်ထားတဲ့ မဲဆောက်-မြဝတီ အမှတ် (၂) ချစ်ကြည်ရေး တံတားကို ဖွင့်လှစ်ခဲ့နိုင်ခဲ့တာမှာ ဒီ ချစ်ကြည်ရေး တံတားသစ် စီမံကိန်းအတွက် ထိုင်းဘတ်ငွေ သန်းပေါင်း (၄၂၈၁) သန်းကုန်ကျခံပြီး တည်ဆောက်ပေးခဲ့တာ ဖြစ်ပါတယ်။

မဲဆောက် - မြဝတီ အမှတ် (၂) ချစ်ကြည်ရေး တံတားအရှည်ကတော့ မြန်မာဘက်ခြမ်းမှာ
၄ ကီလိုသာရှည်ပြီး ထိုင်းဘက်ခြမ်းမှာတော့ ၁၇ ကီလိုမိတာ ရှည်ပါတယ်။ ဒီတံတား ဖွင့်လှစ်လိုက်တဲ့ အတွက် ထိုင်းဘက်က ကုန်စည် စီးဆင်းမူတွေက ကြန့်ကြာမှုတွေ မရှိတော့ဘဲ ပိုမို လွယ်ကူသွားမှာဖြစ်လို့ ထိုင်းဘက်ကတော့ အမြန် ဖွင့်လှစ်နိုင်ရေး ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ကုန်ကျငွေ အားလုံးကိုတော့ ထိုင်းဘက်က အကုန်ကျခံပြီး ဆောက်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG