သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက် မြန်မာလုပ်သားတွေ သင်္ကြန်ပိတ်ရက်ပြန်နိုင်ရေး ၂ နိုင်ငံညှိနှိုင်းမှု အဆင်ပြေ


ထိုင်းရောက် မြန်မာလုပ်သားများ
ထိုင်းရောက် မြန်မာလုပ်သားများ

မြန်မာနဲ့ ထိုင်းနှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးမှုအရ မဟာသင်္ကြန်ကာလ နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမားတွေကို ဒီနေ့ ဧပြီလ ၅ ရက်နေ့ကနေ ၃၀ ရက်နေ့အတွင်း ထိုင်းနိုင်ငံထဲ ပြန်လာခဲ့မယ်ဆိုရင် အခမဲ့ အဝင်တုံး ထုပေးမယ့်အကြောင်း ထိုင်းအစိုးရက ကြေညာထားပါတယ်။ သတ်မှတ်ရက် ပထမဆုံးနေ့ ဖြစ်တဲ့ ဒီကနေ့မှပဲ နေရပ်ပြန် မြန်မာနိုင်ငံသား ၂ သောင်းကျော် ရှိတဲ့အကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။ သင်္ကြန်အားလပ်ရက် အိမ်ပြန်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအကြောင်း ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဘတ်ငွေ (၁၀၀၀) ကုန်ကျပြီး ဆောင်ရွက်ရတဲ့ အိမ်ပြန်တုံးကြီး (Re-entry) အစား အခမဲ့အိမ်ပြန်တုံး (Re-entry) စနစ်နဲ့ ဧပြီလ (၅) ရက်နေ့ကနေ ဧပြီလ (၃၀) ရက်နေ့အတွင်းမှာ ဝင်/ထွက်ခွင့်ပြုကြောင်း ထိုင်းအစိုးရမှ ထုတ်ပြန်ကြေညာထားပြီးတဲ့နောက် ဧပြီလ ၅ ရက်နေ့မှာတော့ ထိုင်းမြန်မာနယ်စပ် မဲဆောက် မြဝတီချစ်ကြည့်ရေး တံတားကနေ နေရပ်ပြန်သူ မြန်မာနိုင်ငံသား ၂ သောင်းခန့် ရှိတယ်လို့ ရွှေ့ပြောင်းအလုပ်သမားရေး ဆောင်ရွက်ပေးနေတဲ့ မြန်မာပြည်အရေး ပူးတွဲလှုပ်ရှားမှုကော်မတီ JACBA ရဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက
အခုလို ပြောပါတယ်။

"ဒီနေ့ မဲဆောက်မြဝတီ လမ်းကြောင်းကနေ ထိုင်းလဝကနေ မှတ်တမ်းအရကနေ လူ ၂ သောင်းလောက်ပြန်သွားကြပါပြီ ကျနော်တို့ အမှတ် ၁ ချစ်ကြည်ရေးတံတား ကွန်တိန်နာကားတွေနဲ့ မဲဆောက်မြဝတီ ဟိုဘက် ဒီဘက်ပြေးဆွဲနေတဲ့ ကားတွေသာ ရှုပ်ရှုပ်ထွေးထွေးတွေ့ရမှာပါ။ လူတန်းကြီးတွေ အရင်နှစ်လို မတွေ့ရတော့ပါဘူး။ ဒါက ထိုင်းလဝက ရဲ စီမံခန့်ခွဲမှု ကာင်းတာပါ။
အဲဒီ တံတားထိပ်မှာ တနေရာ ထိုင်းလဝကရဲ့ အမိုးအကာအောက်မှာ လုံလုံခြုံခြုံနဲ့ ၃ နေရာ လူတွေကို လျှောက်လွှာ ဖြည့်ပြီး စာရင်းသွင်းပြီး လူတွေကို တံတားကနေ လွတ်လွတ်လပ်လပ် သွားရတာဖြစ်လို့ စီမံခန့်ခွဲမှုအား တအားကောင်းအတွက် ဒီနေ့မှာ တံတားထိပ်မှာလူတွေ ရုန်ရုန်းမတွေ့ရဘဲ မနက် ၁၁နာရီ ပဲ ရှိသေးတယ် လူတွေ ၂ သောင်းနီးပါး လွတ်လွတ်လပ်လပ် ပြန်သွားကြပါပြီ။"

ဒါပေမဲ့ ထိုင်းနိုင်ငံ ဝင်ပေါက်ထွက်ပေါက် အသီးသီးကနေ နေရပ်ပြန်ကြသူတွေအနေနဲ့ စာရင်းတင် ဖောင်ဖြည့်ထားတဲ့ အတိုင်း ပြန်တဲ့လမ်းကသာ ပြန်ဝင်ရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

"ဒီနေ့ ဧပြီလ ၅ ရက်ကနေ ၃၀ ရက်နေ့ထိ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအ့ိုဝ် ရွှေပြောင်းအလုပ်သမားတွေ ထိုင်းဗီဇာ အခမဲ့ ၂၅ ရက် အစီစဉ်နဲ့ ပြည်တော်ပြန်နေရပ်ပြန်ရတဲ့ အစီစဉ်ဖြစ်ပါတယ်။ လျှောက်လွှာမှာ မိမိ ကိုယ်ရေးရာဇဝင်ဖြည့်ပြီး နေရပ်ပြန်ရတာဖြစ်ပါတယ်။ စုစုပေါင်း ၂၅ရက် ရှိပါတယ်။ ဒီနေ့ အစီစဉ်က မဲဆောက်မြဝတီလမ်းကြောင်းအတိုင်းပြန်ရင် မဲဆောက် မြဝတီ လမ်းကြောင်းအတိုင်းပြန်ရမှာ ဖြစ်ပြီးတော့
ထီးခီးထားဝယ် လမ်းကြောင်းနဲ့ ပြန်ရင် ထီးခီးထားဝယ် လမ်းကြောင်းအတိုင်း ပြန်ရမှာဖြစ်ပါတယ်။ တကယ်လို့ ကုန်လမ်းအတိုင်းမသွားပဲ လေယာဉ်နဲ့ ပြန်မယ်ဆိုလည်း ရပါတယ်။
ပြန်ဝင်လာရင် လေယာဉ်နဲ့ပဲ ပြန်ဝင်လာရမှာ ဖြစ်ပါတယ်။"

ထိုင်းမြန်မာနယ်စပ်မှာတော့ တရားမဝင် ဂိတ်တွေကနေလည်း နေရပ်ပြန်ကြသူတွေ များပါတယ်။ ထိုင်းနိုင်ငံထဲမှာ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၃သန်းထက် မနည်းရှိပြီးတရားဝင် အထောက်အထားရှိသူတွေကတော့ ၁ သန်းလောက်ပဲ ရှိပါတယ်။ ဒီအတွက်တရားမဝင် ဂိတ်တွေကနေလည်း နေရပ်ပြန်ကြသူတွေ အများအပြား ရှိနေပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG