{{Zawgyi/Unicode}}
ထိုင္းျမန္မာနယ္စပ္ တာ့ခ္ျပည္နယ္ထဲက အုန္းဖ်ံ ဒုကၡသည္စခန္းမွာ ဒီလအတြင္း မိသားစုလိုက္ ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္ေနၿပီး ကူးစက္ခံရသူ စုစုေပါင္း ၁၀၀ ေက်ာ္ ရွိလာေနပါၿပီ။ တခ်ိန္တည္းမွာပဲ ဒုကၡသည္စခန္းေတြမွာ ထုိင္းအစိုးရအစီအစဥ္နဲ႔ ေအာက္တိုဘာလ ၂၁ ရက္ေန႔ကစၿပီး အသက္ ၆၀ အထက္နဲပ မသန္စြမ္းသူေတြကို ကိုဗစ္ကာကြယ္ေဆး စတင္ထိုးေပးေနၿပီျဖစ္တဲ့အေၾကာင္း ထိုင္းအေျခစိုက္ ဗီြအိုေအသတင္းေထာက္ မေအးေအးမာက စံုစမ္းတင္ျပေပးထားပါတယ္။
ထိုင္းျမန္မာနယ္စပ္ တာ့ခ္ျပည္နယ္ထဲက အုန္းဖ်ံ ဒုကၡသည္စခန္းမွာ ကုိဗစ္ကူးစက္သူ ဒီလအတြင္း ၁၀၀ ေက်ာ္ရွိျပီး ဒုကၡသည္ေတြမိသားစုလုိက္ကူးစက္ခံေနၾကရတာပါ။ ကိုဗစ္ဒုတိယလိွဳင္းမွာတုန္းက အနည္းငယ္သာကူးစက္ခဲ့ေပမယ္ အခုအခါမွာေတာ့ ရာဂဏန္းေလာက္ကူးစက္လာေနေၾကာင္း အုန္းဖ်ံဒုကၡသည္စခန္းက ဒုကၡသည္တဦးကေျပာျပပါတယ္။
“၂၁ ရက္ေန့အထိကုိ ၁၂၆ ေယာက္။ တခါမွမျဖစ္ဖူးဘူး။ ဒီလထဲမွာအမ်ားဆံုးပဲ။ ၿပီးခဲ့တဲ့ႏွစ္က နည္းနည္းေလးပဲျဖစ္တာ။ အခုဟာ ကတေန့တည္း ၃၅ ေယာက္ျဖစ္လိုျဖစ္၊ ၁၈ ေယာက္ျဖစ္လို့ျဖစ္၊ ၂၀ ေလာက္ျဖစ္လိုျဖစ္။ အဲဒါမ်ိဳးေတြျဖစ္ေနတာ။ ညက်ရင္ စခန္းရံုးကေန ေၾကညာေပးေနတယ္။ လူတိုးတိုင္း ေၾကညာေပးေနတယ္။ လူမတိုးရင္ေတာ့မေၾကညာဘူး။ အစုလိုက္အၿပံဳလိုက္ျဖစ္ေနေတာ့ စိုးရိမ္ၾကတာေပါ့။ ကိုဗစ္ျဖစ္တယ္ဆိုေတာ့ အခိ်န္မေရြး အႏၱရယ္ရွိႏုိင္တယ္။ ေသသြားနုိင္တာကိုး။ မိသားစုအလိုက္ဆုိရင္ အရမ္းစိုးရိမ္တာေပါ့။”
ေအာက္တိုဘာလ၂၁ ရက္ေန့နဲ့ ၂၂ ရက္ေန့ေတြမွာေတာ့ အသက္ ၆၀ နဲ့အထက္ သက္ႀကီးရြယ္ အုိေတြကို ကိုဗစ္ကာကြယ္ေဆး စတင္ထုိးေပးေနေႀကာင္း စခန္းတြင္းက မထိုးရေသးတဲ့ အသက္ႀကီးသူေတြကို ရပ္ကြက္အလုိက္ လာေရာက္ထိုးႏွံႀကဖို့ စခန္းတာဝန္ရွိသူေတြ ကႏွဳိးေဆာ္ေနတယ္လို့ဆိုပါတယ္။
“ကာကြယ္ေဆး မေန့ကစထုိးတယ္။ ပထမ အသက္ ၆၀ အထက္တုိးတယ္။ ထိုးရင္းနဲ့အသက္ ၆၀ နဲ႔အတူ လိုက္ပို့တဲ့သူေတြကိုလည္း တခါတည္းထိုးေပးလိုက္တယ္။ ဒီေန့လည္း ဆက္ထိုးတယ္။ မေန့ကေတာ့ ၁၀၀ ေက်ာ္ေလာက္ထုိးတယ္။ စာရင္းအရင္မေပးရဘူး။ ေနာက္ကပါလာတဲ့သူေတြပါ ေရာထိုးလိုက္ေတာ့ အခုအသက္အကန့္အသတ္ ျပန္သတ္မွတ္လိုက္တယ္။ အသက္ ၆၀ အထက္ပဲ လာၾကပါေျပာတယ္။ လူေတြကစုၿပံဳေနလို့။”
ကုိဗစ္ကုသေရးစင္တာေတြ၊ ေစာင့္ၾကည့္ေရးစင္တာေတြကိုေတာ့ စာသင္ေက်ာင္းေတြမွာ လုပ္ထားေပးပါတယ္။ ေနရာ ၃ ခု ခဲြျပီး က်န္းမာေရးဝန္ထမ္းေတြက ကုသေပးေနတယ္လို့ ဆိုပါတယ္။ ကိုဗစ္ဒုတိယလိွုင္းစတင္ကတည္းက စခန္းတြင္းက ဒုကၡသည္ေတြအေနနဲ့ အျပင္ကိုထြက္ အလုပ္လုပ္ခြင့္ေတြကိုလည္းပိတ္ပင္ထားပါတယ္။
ျမန္မာႏိုင္ငံမွာ လြန္ခဲ့တဲ့ အႏွစ္ ၃၀ ေက်ာ္ထဲက ျပည္တြင္းစစ္နဲ႔ ႏိုင္ငံေရးမတည္ၿငိမ္မႈေတြေၾကာင့္ထြက္ေျပးတိမ္းေရွာင္လာသူေတြဟာထုိင္း-ျမန္မာနယ္စပ္မွာရွိတဲ့ ဒုကၡသည္စခန္း ၉ ခု မွာ ခိုလႈံ ေနၾကရပါတယ္။ တာခ့္ ျပည္နယ္ထဲကအုန္းဖ်ံဒုကၡသည္စခန္းမွာ လူဦးေရ ၈ ေထာင္ေလာက္ရွိပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ကစၿပီး အုန္းဖ်န္ဒုကၡသည္စခန္းမွာ ပထမဆံုး ကိုဗစ္ကပ္ေရာဂါျဖစ္ခဲ့တာပါ။ အဲဒီအခ်ိန္ တုန္းက တဦးစ ႏွစ္ဦးစသာ ကုိဗစ္ျဖစ္ခဲ့ျပီး အခုလို အစုလိုက္အၿပံဳလိုက္ ကူးစက္တာေတြမရွိခဲ့ပါဘူး။ အဲဒီေနာက္ထမ္ဟင္ဒုကၡသည္စခန္း၊ မယ္လ ဒုကၡသည္စခန္း၊ မယ္လအူးနဲ႔ မယ္ရာမူ စခန္းေတြမွာ ကိုဗစ္ကပ္ေရာဂါ ထပ္ျဖစ္ခဲ့တာပါ။ မယ္လအူးစခန္းမွာပဲ ဒီရက္ပုိင္းအတြင္း အစုုလိုက္ကူးစက္ေနပါတယ္။
ထိုင္းအစုိးရကေတာ့ စက္တင္ဘာလက စျပီး ၄ လအတြင္းမွာ ကိုဗစ္ကာကြယ္ေဆး အျပီးထိုးႏံွႏိုင္ဖုိ့ ရည္မွန္းထားပါတယ္။ ဒုကၡသည္စခန္းေတြမွာေတာ့ ကုိဗစ္ကာကြယ္ေဆး ထိုးႏွံႏိုင္တဲ့အေရအတြက္က အနည္းအက်ဥ္းသာရွိေသးျပီး က်န္းမာေရးဝန္ထမ္းေတြနဲ့ သက္ႀကီးရြယ္အုိေတြကိုသာဦးစားေပး ထုိးႏွံေနဆဲျဖစ္ပါတယ္ရွင္။
===========
{{Unicode}}
ထိုင်းနိုင်ငံ အုန်းဖျံမြန်မာဒုက္ခသည်စခန်း ကိုဗစ်ကူးစက်သူ ၁၀၀ ကျော်ရှိ
ထိုင်းမြန်မာနယ်စပ္ယ် တာ့ခ်ပြည်နယ်ထဲက အုန်းဖျံ ဒုက္ခသည်စခန်းမှာ ဒီလအတွင်း မိသားစုလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေပြီး ကူးစက်ခံရသူ စုစုပေါင်း ၁၀၀ ကျော် ရှိလာနေပါပြီ။ တချိန်တည်းမှာပဲ ဒုက္ခသည်စခန်းတွေမှာ ထိုင်းအစိုးရအစီအစဉ်နဲ့ အောက်တိုဘာလ ၂၁ ရက်နေ့ကစပြီး အသက် ၆၀ အထက်နဲပ မသန်စွမ်းသူတွေကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးပေးနေပြီဖြစ်တဲ့အကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက စုံစမ်းတင်ပြပေးထားပါတယ်။
ထိုင်းမြန်မာနယ်စပ် တာ့ခ်ပြည်နယ်ထဲက အုန်းဖျံ ဒုက္ခသည်စခန်းမှာ ကိုဗစ်ကူးစက်သူ ဒီလအတွင်း ၁၀၀ ကျော်ရှိပြီး ဒုက္ခသည်တွေမိသားစုလိုက်ကူးစက်ခံနေကြရတာပါ။ ကိုဗစ်ဒုတိယလှိုင်းမှာတုန်းက အနည်းငယ်သာကူးစက်ခဲ့ပေမယ် အခုအခါမှာတော့ ရာဂဏန်းလောက်ကူးစက်လာနေကြောင်း အုန်းဖျံဒုက္ခသည်စခန်းက ဒုက္ခသည်တဦးကပြောပြပါတယ်။
“၂၁ ရက်နေ့အထိကို ၁၂၆ ယောက်။ တခါမှမဖြစ်ဖူးဘူး။ ဒီလထဲမှာအများဆုံးပဲ။ ပြီးခဲ့တဲ့နှစ်က နည်းနည်းလေးပဲဖြစ်တာ။ အခုဟာ ကတနေ့တည်း ၃၅ ယောက်ဖြစ်လိုဖြစ်၊ ၁၈ ယောက်ဖြစ်လို့ဖြစ်၊ ၂၀ လောက်ဖြစ်လိုဖြစ်။ အဲဒါမျိုးတွေဖြစ်နေတာ။ ညကျရင် စခန်းရုံးကနေ ကြေညာပေးနေတယ်။ လူတိုးတိုင်း ကြေညာပေးနေတယ်။ လူမတိုးရင်တော့မကြေညာဘူး။ အစုလိုက်အပြုံလိုက်ဖြစ်နေတော့ စိုးရိမ်ကြတာပေါ့။ ကိုဗစ်ဖြစ်တယ်ဆိုတော့ အချိန်မရွေး အန္တရယ်ရှိနိုင်တယ်။ သေသွားနိုင်တာကိုး။ မိသားစုအလိုက်ဆိုရင် အရမ်းစိုးရိမ်တာပေါ့။”
အောက်တိုဘာလ၂၁ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေမှာတော့ အသက် ၆၀ နဲ့အထက် သက်ကြီးရွယ် အိုတွေကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးပေးနေကြောင်း စခန်းတွင်းက မထိုးရသေးတဲ့ အသက်ကြီးသူတွေကို ရပ်ကွက်အလိုက် လာရောက်ထိုးနှံကြဖို့ စခန်းတာဝန်ရှိသူတွေ ကနှိုးဆော်နေတယ်လို့ဆိုပါတယ်။
“ကာကွယ်ဆေး မနေ့ကစထိုးတယ်။ ပထမ အသက် ၆၀ အထက်တိုးတယ်။ ထိုးရင်းနဲ့အသက် ၆၀ နဲ့အတူ လိုက်ပို့တဲ့သူတွေကိုလည်း တခါတည်းထိုးပေးလိုက်တယ်။ ဒီနေ့လည်း ဆက်ထိုးတယ်။ မနေ့ကတော့ ၁၀၀ ကျော်လောက်ထိုးတယ်။ စာရင်းအရင်မပေးရဘူး။ နောက်ကပါလာတဲ့သူတွေပါ ရောထိုးလိုက်တော့ အခုအသက်အကန့်အသတ် ပြန်သတ်မှတ်လိုက်တယ်။ အသက် ၆၀ အထက်ပဲ လာကြပါပြောတယ်။ လူတွေကစုပြုံနေလို့။”
ကိုဗစ်ကုသရေးစင်တာတွေ၊ စောင့်ကြည့်ရေးစင်တာတွေကိုတော့ စာသင်ကျောင်းတွေမှာ လုပ်ထားပေးပါတယ်။ နေရာ ၃ ခု ခွဲပြီး ကျန်းမာရေးဝန်ထမ်းတွေက ကုသပေးနေတယ်လို့ ဆိုပါတယ်။ ကိုဗစ်ဒုတိယလှိုင်းစတင်ကတည်းက စခန်းတွင်းက ဒုက္ခသည်တွေအနေနဲ့ အပြင်ကိုထွက် အလုပ်လုပ်ခွင့်တွေကိုလည်းပိတ်ပင်ထားပါတယ်။
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်ထဲက ပြည်တွင်းစစ်နဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်ထွက်ပြေးတိမ်းရှောင်လာသူတွေဟာထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်း ၉ ခု မှာ ခိုလှုံ နေကြရပါတယ်။ တာခ့် ပြည်နယ်ထဲကအုန်းဖျံဒုက္ခသည်စခန်းမှာ လူဦးရေ ၈ ထောင်လောက်ရှိပါတယ်။
ပြီးခဲ့တဲ့နှစ်ကစပြီး အုန်းဖျန်ဒုက္ခသည်စခန်းမှာ ပထမဆုံး ကိုဗစ်ကပ်ရောဂါဖြစ်ခဲ့တာပါ။ အဲဒီအချိန် တုန်းက တဦးစ နှစ်ဦးစသာ ကိုဗစ်ဖြစ်ခဲ့ပြီး အခုလို အစုလိုက်အပြုံလိုက် ကူးစက်တာတွေမရှိခဲ့ပါဘူး။ အဲဒီနောက်ထမ်ဟင်ဒုက္ခသည်စခန်း၊ မယ်လ ဒုက္ခသည်စခန်း၊ မယ်လအူးနဲ့ မယ်ရာမူ စခန်းတွေမှာ ကိုဗစ်ကပ်ရောဂါ ထပ်ဖြစ်ခဲ့တာပါ။ မယ်လအူးစခန်းမှာပဲ ဒီရက်ပိုင်းအတွင်း အစုလိုက်ကူးစက်နေပါတယ်။
ထိုင်းအစိုးရကတော့ စက်တင်ဘာလက စပြီး ၄ လအတွင်းမှာ ကိုဗစ်ကာကွယ်ဆေး အပြီးထိုးနံှနိုင်ဖို့ ရည်မှန်းထားပါတယ်။ ဒုက္ခသည်စခန်းတွေမှာတော့ ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်တဲ့အရေအတွက်က အနည်းအကျဉ်းသာရှိသေးပြီး ကျန်းမာရေးဝန်ထမ်းတွေနဲ့ သက်ကြီးရွယ်အိုတွေကိုသာဦးစားပေး ထိုးနှံနေဆဲဖြစ်ပါတယ်ရှင်။
#ThaiRefugeeCamps#Covid#ဒုက္ခသည်စခန်း#ထိုင်း#မြန်မာ#မယ်လအူး#အုန်းဖျန်#ကိုဗစ်