သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိတ်ချစွာ စီးပွားရင်းနှီးမြှုပ်နှံဖို့ မြန်မာကာချုပ် ဖိတ်ခေါ်


မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဝန်ကြီးချုပ် တွေ့ဆုံစဉ်။ (Credit to Prime Minister Yingluck Shinawatra Official Facebook)
မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဝန်ကြီးချုပ် တွေ့ဆုံစဉ်။ (Credit to Prime Minister Yingluck Shinawatra Official Facebook)
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုင်းဝန်ကြီးချုပ် ကို ပြောဆိုရာမှာ မြန်မာနိုင်ငံ ကို ရွေးချယ် တင်မြှောက်ခံရတဲ့ အရပ်သားအစိုးရက အုပ်ချုပ်နေပြီး တပ်မတော် ဟာ တိုင်းပြည်အုပ်ချုပ်ရေး တာဝန်ကနေ ဘေးဖယ်ပေးလိုက်ပြီး အရပ်သားအစိုးရရဲ့ စီးပွားရေး၊ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေကို ထောက်ခံ အားပေးနေပြီဖြစ် တယ်လို့ ပြောဆိုသွားတယ်လို့ ထိုင်းအစိုးရရဲ့ ပြောခွင့်ရသူ မစ္စတာ Teeri Ratanasevi ထိရပ်ရထနာစီရီက ဗွီအိုအေကိုပြောပါတယ်။

"စစ်တပ်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး သူပြောသွားတာကတော့ စစ်တပ်ဟာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်ကို ထောက်ခံ အားပေးလျက်ရှိတဲ့ အကြောင်း ၊ နောက် နိုင်ငံကို စစ်တပ်ကနေ အုပ်ချုပ်တဲ့ စနစ်မရှိတော့ကြောင်း အရင်ကတော့ စစ်အစိုးရက အုပ်ချုပ်ခဲ့တာမှန်ပေမဲ့ အခု နောက်ဆုတ်နေရာ ဖယ်ပေးလိုက်ပြီဖြစ်တဲ့အကြောင်း နောက်တိုင်းပြည်ကို ဒီမိုကရေစီ နည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရက အုပ်ချုပ်နေပြီဖြစ် တယ်လို့ ပြောသွားပါတယ်။"

ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံအတွင်း ပြည်ပ စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ စိတ်ချလက်ချရင်းနှီးမြှပ်နှံကြဖို့ သူ့အနေနဲ့ အာမခံပါတယ် ဆိုတဲ့ အကြောင်း ထိုင်းဝန်ကြီးချုပ်ကို ပြောဆိုသွားတယ်လို့ ထိုင်းအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

ထိုင်းဝန်ကြီးချုပ်ကလည်း နှစ်နိုင်ငံ နယ်စပ်မှာ ရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ အရေး နဲ့ပတ်သက်ပြီးတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အခုလိုပြောခဲ့ပါသေးတယ်။

"တိုင်းရင်းသားလူမျိုးစုတွေအရေးနဲ့ ပတ်သက်ပြီး သူပြောသွားတာက ထိုင်းနိုင်ငံအနေနဲ့က ထိုင်းမြေကို ခြေချပြီး မြန်မာအစိုးရကို တိုက်ခိုက်မယ့် ဘယ်အဖွဲ့အစည်းကို မဆို ခွင့်ပြုမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။"

ထိုင်းအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ဆီရပ်ရထနာစီရီ ပြောပြ သွားတာပါ။ နှစ်နိုင်ငံနယ်စပ်မူးယစ်ဆေးဝါးပူးပေါင်းနှိမ်နင်းရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြသလို မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကျမ်းမာရေးစောင့်ရှောက်မှုကိစ္စတွေကို လည်း ထိုင်းဝန်ကြီးချုပ်က ရှင်းပြခဲ့တယ်လို့ သူကပြောပါတယ်။

မြန်မာ-ထိုင်း နှစ်နိုင်ငံကြား အဆင့်မြင့်ကော်မတီဆွေးနွေးပွဲကို စက်တင်ဘာ ၁၅ရက်နေ့ကနေ ၁၉ရက်နေ့အထိ ကျင်းပခဲ့တာပါ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်းဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်တို့ တွေ့ဆုံတာဟာ ဒါဟာဆိုရင် ဒုတိယအကြိမ်ဖြစ်ပါတယ်။
XS
SM
MD
LG