သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မယ်လဒုက္ခသည်စခန်းခေါင်းဆောင်တချို့ ထိုင်းရဲဖမ်းဆီး


A scene of riots in the Mae La refugee camp on December 14, 2012 ( KIC and CJ)
A scene of riots in the Mae La refugee camp on December 14, 2012 ( KIC and CJ)

ထိုင်း - မြန်မာနယ်စပ်က သက်တမ်းအရှည်ဆုံးနဲ့ အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်တဲ့ မယ်လဒုက္ခသည်စခန်းမှာ လွန်ခဲ့တဲ့ ၂ လက ဆန္ဒပြမှုတွေမှာ ဦးဆောင်တယ်လို့ဆိုတဲ့ ဒုက္ခသည် ၈ ယောက်ကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးခဲ့ပါတယ်။

စခန်းတွင်းနေထိုင်သူ ၂ ဦး ဆိုင်ကယ်စီးလာချိန် နှာခေါင်းစည်းမတပ်လို့ စခန်းအုပ်ချုပ်ရေးမှူးက ဆိုင်ကယ်ပေါ်က ဆွဲချပြီး ဆိုင်ကယ်သိမ်းဆည်းရာကနေ ၂၀၂၁ ဒီဇင်ဘာလ ၁၄ ရက်နေ့က ဒုက္ခသည် ထောင်ဂဏန်းလောက် ဆန္ဒပြခဲ့ကြတာပါ။ အဲဒီတုန်းက ရုန်းရင်းဆန်ခတ်ဖြစ်အောင်လုပ်တယ်လို့ဆိုပြီး စခန်းထဲက ဒုက္ခသည်တွေကို ထိုင်းလုံခြုံရေးတွေ လာရောက်ဖမ်းဆီးသွားတဲ့အကြောင်း ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာ သတင်းပေးပို့ပါတယ်။


ထိုင်း- မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေထဲမှာ သက်တမ်းအရှည်ဆုံးလဲဖြစ် အကြီးဆုံးလဲဖြစ်တဲ့ တာ့ခ်ပြည်နယ် ထာ့ဆောင်ရမ်းမြို့နယ်ထဲက မယ်လဒုက္ခသည်စခန်းမှာ ၂၀၂၁ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းက လူဦးရေ ထောင်ဂဏန်းဆန္ဒပြခဲ့ကြတာပါ။ စခန်းတွင်း နေထိုင်သူ ၂ ဦး ဆိုင်ကယ်စီးလာချိန် နှာခေါင်းစည်းမတပ်လို့ ဆိုင်ကယ်ပေါ်က ဆွဲချပြီး ဆိုင်ကယ်သိမ်းဆည်းရာကနေ အုပ်ချုပ်ရေးမှူးရဲ့လုပ်ရပ်တွေကို မကျေမနပ်ဖြစ်နေကြတဲ့ ဒုက္ခသည်တွေဟာ စခန်း အုပ်ချုပ်ရေးမှူးရုံးရှေ့ကို စုရုံးလာပြီး လူစုလူဝေးနဲ့ဆန္ဒပြပြီး ရုံးကို ဖျက်ဆီးတဲ့အထိ ရုန်းရင်း ဆန်ခတ်ဖြစ်ခဲ့တာပါ။ ဒီလိုဖြစ်အပြီး ၂ လအကြာ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့မှာတော့ လွန်ခဲ့တဲ့ ၂ လက ရုန်းရင်းဆန်ခတ်မူမှာ ခေါင်းဆောင်တယ်ဆိုပြီး မယ်လစခန်းက ဒုက္ခသည် ၈ ဦးကို ထိုင်းလုံခြုံရေးတွေ လာရောက် ဖမ်းဆီးသွားတယ်လို့ မယ်လစခန်းက မျက်မြင်တွေ့ရှိသူ ဒုက္ခသည်တဦးက ပြောပြပါတယ်။

"ဒီနေ့ပဲ ၈ ယောက်ဖမ်းသွားတယ် ဒီမနက်လာပြီးမှ သူတို့ပြောတဲ့ပုံစံကတော့ ဒီစခန်းထဲမှာရုန်းရင်းဆန်ခတ်ဖြစ်အောင်လုပ်လို့ ဖမ်းသွားတယ်ပြောတယ် ၈ယောက်မှာ လုံခြုံရေး က တယောက်ပါတယ် စခန်းလုံခြုံရေးထဲက ပါ လုံခြုံရေးကလည်းဒုက္ခသည်ထဲကပါပဲ။ သူတို့လာဖမ်းကတည်းကပြောသွားတာက ရုန်းရင်းဆန်ခတ်မူမှာ ခေါင်းဆောင်လို့ ဖြစ်အောင်လုပ်လို့ ဆိုပြီး ဖမ်းသွားတာပါ ။ မနက်က စစ်ကား ၁၂ စီးလောက်ဝင်လာပြီး လာဖမ်းသွားတာပါ ဒီညနေမဲဆောက်အချုပ်ကိုခေါ်သွားမလား မနက်ဖန်မှခေါ်သွားမလားတော့မသိဘူး။ ဘာလိုလဲဆိုတော့ သူတို့က ၄၈နာရီထက်ကျော်ပြီးဖမ်းလို့မရဘူး။ မယ်တန်မှာဖမ်းထားတာကို ဒီဒုက္ခသည်စခန်းကနေ ခေါ်သွားတာပါ ကျနော်တို့က မယ်တန်အပိုင် တန်ဆောင်ရမ်းမြို့နယ်ထဲကပါ။"

ဖမ်းဆီးခံထားရတဲ့ ဒုက္ခသည်တွေကို အာမခံကြေးပေးပြီးအပြင်က နေ အမူရင်ဆိုင်တာမျိုး လုပ်နိုင်ပေမယ့် အာမခံကြေးပေးနိုင်ဖို့ မလွယ်ဘူးလို့ဒုက္ခသည်တွေက ပြောပါတယ်။ ဒီဇင်ဘာ ၁၄ ရက်နေ့က ဆန္ဒပြမှုအတွင်း စခန်းအုပ်ချုပ်ရေးမှူးးရုံးကိုပါဖျက်ဆီးတဲ့အထိ ဖြစ်ခဲ့တာဟာ စားဝတ်နေရေး မွန်းကြပ်မူတွေ အထွေထွေ မကျေနပ်မူတွေဖြစ်ရာနေ ပေါက်ကွဲခဲ့ကြတာလို့ ဆိုပါတယ်။ ကိုဗစ်ကပ်ဘေးကာလ ၂ နှစ်နီးပါးအတွင်းမှာ အပြင်ထွက် အလုပ်လုပ်ခွင့် မရတဲ့ အခက်အခဲတွေ ကြောင့် ဒုက္ခသည်စခန်းတိုင်းမှာ စားဝတ်နေရေး ကြပ်တည်းမှုက ပိုပြီးကြီးထွားလာကြပါတယ်။

ဒုက္ခသည် စခန်းတွေမှ ာ စားဝတ်နေရေး ပြဿနာက အကြီးဆုံးဖြစ်နေပါတယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက လစဉ် ဒုက္ခသည်တဦးအတွက်ပေးတဲ့ စားသောက်စရိတ်ဟာ အမေရိကန် ဒေါ်လာနဲ့ဆိုရင် ၉ ဒေါ်လာလောက်သာ ရှိတဲ့အတွက် မလောက်ငကြပါဘူး။ ဒုက္ခသည် အများစုဟာ တတိယနိုင်ငံ ထွက်ခွါဖို့ စောင့်နေကြရတာ ဆယ်စုနှစ် ၂ခ ုနီးပါးလောက် ကြာနေပေမဲ့ ခုထိလည်း သွားလို့ မရကြပါဘူး။ နေရပ်ပြန်ဖို့လည်းမဖြစ်နိုင်တဲ့အတွက် စခန်းအပြင်ထွက်ပြီး ရရာအလုပ်တွေ လုပ်နေကြရတာပါ။ ဒါပေမဲ့ အဲဒီလို အလုပ်လုပ်တာကလည်း တရားဝင် မဟုတ်တဲ့အတွက် ခက်ခဲနေကြပါတယ်။ ထိုင်းမြန်မာနယ်စပ်မှာ ဒုက္ခသည်စခန်း ၉ ခုရှိပြီး မယ်လစခန်းမှာ ဒုက္ခသည် ၄ သောင်းလောက် ခိုလှုံနေထိုင် နေတာဖြစ်ပါတယ်။ မဲလမြို့နားမှာ အခြေစိုက်တဲ့ KNU ကရင်အမျိုးသားအစည်းအရုံး အခြေစိုက်စခန်းကျခဲ့ပြီးနောက် ၁၉ ၈၄ ခုနှစ်ထဲက ကရင်ဒုက္ခသည်တွေအတွက် မဲလဒုက္ခသည်စခန်းကို ဖွင့်ထားခဲ့တာဖြစ်ပါတယ်။ ၁၉ ၈၈ ခုနှစ် လူထုအုံကြွမှုဖြစ်ခဲ့ပြီးနောက်ပိုင်းမှာလည်း မြန်မာနိုင်ငံဘက်က ထွက်ပြေးလာသူ အများအပြား မဲလဒုက္ခသည်စခန်းမှာ လာရောက်ခိုလှုံခဲ့ကြပါတယ်။

=====================









XS
SM
MD
LG