သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရဲတပ်ဖွဲ့ Website များ ထိုးဖောက်ခံရ


ထိုင်းရဲတပ်ဖွဲ့ Website များ ထိုးဖောက်ခံရ
ထိုင်းရဲတပ်ဖွဲ့ Website များ ထိုးဖောက်ခံရ

ထိုင်းနိုင်ငံမှာ ရဲတပ်ဖွဲ့ရဲ့ အင်တာနက်Website အများအပြားကို Anonymous ဆိုတဲ့ ဟက်ကာ ကွန်ပြူတာထိုးဖောက်တိုက်ခိုက်သူတွေက ထိုးဖောက်ဝင်ရောက်ပြီး၊ ထိုင်းနိုင်ငံရဲ့ တရားရေးစနစ်ကို ဝေဖန်ရှုတ်ချခဲ့ပါတယ်။

Failed Law မတရားတဲ့ဥပဒေ၊ We want Justice တရားမျှတမှုကို ကျနော်တို့လိုလားတယ်ဆိုတဲ့ စာသားတွေကို Blink Hacker Group ဆိုတဲ့ အဖွဲ့နံမည်တွေနဲ့ Website တွေမှာ အစားထိုး စာတန်းထိုးထားပါတယ်။

Blink Hacker Group ဟာ မြန်မာအစိုးရဌာနတချို့နဲ့ မြန်မာမီဒီယာတွေကို မကြာခဏ ထိုးဖောက်တိုက်ခိုက် လေ့ရှိတဲ့ မြန်မာဟက်ကာ အဖွဲ့ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ဗြိတိသျှခရီးသွား ၂ ဦးကို သတ်ဖြတ်မှုနဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၂ ဦးကို သေဒဏ်ချလိုက်တဲ့ တရားရုံးဆုံးဖြတ်ချက်ကို ကန့်ကွက်ပြီး ထိုင်းရဲတပ်ဖွဲ့ရဲ့ ကွန်ပြူတာစနစ်ကို ထိုးဖောက်တိုက်ခိုက်တာလားဆိုတာ စုံစမ်းနေတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ နိုင်ငံတကာက ကွန်ပြူတာထိုးဖောက်တိုက်ခိုက်တဲ့ Anonymous ဆိုသူတွေက ထိုင်း ရဲ တပ်ဖွဲ့ရဲ့ Website ၁၄ ခုကို သူတို့ ထိုးဖောက်တိုက်ခိုက်ခဲ့တယ်လို့ သူတို့ Facebook စာမျက်နှာမှာ ပြောထားပါတယ်။ သူတို့ပြောတဲ့ Website ၁၄ ခုမှာ ၉ ခုက ဒီကနေ့ ဝင်လို့မရပါဘူး။

ရဲတပ်ဖွဲ့ကလည်း သူတို့ တွေ ဒီကနေ့တိုက်ခိုက်ခံရတယ်လို့ အတည်ပြုသွားပေမယ့် အများပြည်သူကြည့်ရှုလို့ရတဲ့ စာမျက်နှာတွေမှာတော့ သူတို့ရဲ့ လျှို့ဝှက် အချက်အလက်တွေ ရောက်နေတာ မတွေ့ရဘူးလို့ ပြောပါတယ်။ သူတို့က ကျွန်တော်တို့ရဲ့ လျှို့ဝှက် အချက်အလက်တွေ ခိုးယူလိုက်နိုင်အောင် မတော်ကြဘူးလို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ က ပြောပါတယ်။

Website တွေကိုတိုက်ခိုက်မှုက တနင်္လာနေ့ထဲကစတင်တာဖြစ်ပြီး အင်္ဂါနေ့ ညနေပိုင်းအထိ တချို့ Website တွေမှာ သူတို့ ထိုးထားတဲ့ စာတမ်းတွေ မြင်နေရတုန်းပါပဲ။ အမဲရောင် Website စာမျက်နှာပေါ်မှာ အဖြူရောင် မျက်နှာဖုံးပုံပြထားပြီး #BoycottThailand ထိုင်းကို သပိတ်မှောက်ကြဆိုတဲ့ စာတမ်းကိုလည်း တွေ့ရပါတယ်။ ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်းနိုင်ငံ ကော့စမွေ တရားရုံးက မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်ဦးကို သေဒဏ်ချမှတ်ခဲ့အပြီးမှာ မြန်မာတွေဘက်က ဆန္ဒပြမှုတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG