သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံရေးပြဿနာ Thaksin ပရောဂမကင်းကြောင်း စစ်တပ်ယုံကြည်


ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးပြဿနာ ဇစ်မြစ်ကို လိုက်ကြည့်ရင် ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ရဲ့ လွှမ်းမိုးမှုတွေနဲ့ မကင်းတဲ့ လက္ခဏာတွေ တေ့ွရတယ်လို့ အာဏာသိမ်းထားတဲ့ စစ်အစိုးရက ယုံကြည်ကြောင်း ထိုင်းစစ်တပ် ပြောခွင့်ရသူက ပြောပါတယ်။ ဗိုလ်မှူးကြီး Werachon Sukondhapatipak က ဘန်ကောက်မြို့မှာ အင်္ဂါနေ့က အခုလို ပြောကြားခဲ့တာဖြစ်ပြီး၊ ဘာကြောင့် ဒီလိုထင်သလဲဆိုတာကိုတော့ ရှင်းမပြခဲ့ပါဘူး။

နိုင်ငံရင်ဆိုင်နေရတဲ့ ခက်ခဲတဲ့အခြေအနေတွေကို ဖြေရှင်းနိုင်ဖို့က သက်ဆိုင်သူအားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုပေါ်မှာ မူတည်တယ်လို့ သူက ဆိုခဲ့ပါတယ်။ ပညာရေးဝန်ကြီးဟောင်း Chaturon Chaisang ကို ဘန်ကောက်မြို့က နိုင်ငံခြားသတင်းထောက်များအသင်းမှာ စစ်သားတွေက ဝင်ရောက် ဖမ်းဆီးမှုုဖြစ်ပြီး မကြာခင်မှာပဲ ဗိုလ်မှူးကြီး Werachon က အခုလို ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် ထိုင်းနိုင်ငံရေးပြဿနာ ပြေလည်မှာ မဟုတ်ဘဲ ပိုပြီးပဲ ဆိုးသွားမှာဖြစ်တဲ့အကြောင်း နိုင်ငံခြားသတင်းထောက်တွေကို အဖမ်းမခံရခင်မှာပဲ သူက ပြောကြားခဲ့ပါတယ်။ စစ်အာဏာသိမ်းခဲ့ပြီးနောက် စစ်တပ်က ဆင့်ခေါ်တာကို သူက အာခံပြီး သွားရောက်ခြင်း မရှိခဲ့ပါဘူး။ ဖြုတ်ချခံခဲ့ရတဲ့ အစိုးရ ထိပ်တန်း တာဝန်ရှိသူ အများစုကတော့ ဖမ်းဆီးခံနေရပါတယ်။
XS
SM
MD
LG